မြန်မာနိုင်ငံအတွက် တန်ဖိုးရှိပြီး အစိုးရအဖွဲ့စည်းတွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတဲ့ အမှိုက်ကနေရွှေဖြစ် ရေရှည်စီမံကိန်း

မြန်မာနိုင်ငံအတွက် တန်ဖိုးရှိပြီး အစိုးရအဖွဲ့စည်းတွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတဲ့ အမှိုက်ကနေရွှေဖြစ် ရေရှည်စီမံကိန်း

ဇွန်လ ၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့လေးမှာ ကျရောက်ခဲ့တဲ့ World Environment Day သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့လေးမှာ မြန်မာနိုင်ငံအတွက် အကျိုးရှိတဲ့ အစီစဉ်တခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒါကတော့ Coca-Cola Foundation ရဲ့ အကူညီနဲ့ အမှိုက်နေရွှေဖြစ် ဆိုတဲ့ ရေရှည်စီမံကိန်း တခုဖြစ်စဉ်ဖြစ်ပြီး အစိုးရအဖွဲ့စည်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနဲ့ စွန့်ပစ်ပစ္စည်းမှ ပစ္စည်းသစ်ထုတ်လုပ်သူ Recycler များ တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲရဲ့ ဆိုလိုရင်းကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အခက်ခဲဖြစ်နေတဲ့ Recycler အဖွဲ့စည်းတွေရဲ့ အတွေး၊ အမြင်၊ လိုအပ်ချက်တွေနဲ့ ပြည်သူတွေကို ဘယ်လို ပညာပေးသင်တန်း ပို့ချနိုင်လဲ? SME အဖွဲ့စည်းတွေအနေနဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀ ကျော်ရဲ့ အချက်လက်တွေ စုစည်းပြီး ရေရှည်စီမံကိန်းတွက် လိုအပ်ချက်တွေ ဘယ်လိုဖြည့်တင်းနိုင်မလဲ၊ ဒီလို ဆောင်ရွက်နေတာကို ပွင့်လင်းမြင်သာရှိစေဖို့ ပြည်သူတွေအနေနဲ့ရော ဘယ်လိုပါဝင်နိုင်မလဲအချက်ပေါ်မူတည်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။

Coca-Cola Foundation အထောက်ပံ့နဲ့ ဆောင်ရွက်တဲ့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စွန့်ပစ်ပစ္စည်း ပြန်အသုံးပြုနိုင်တဲ့မြင့်တင်ရေး စီမံကိန်းတခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်မထိခိုက်စေရေးလုပ်ငန်းစဉ်များနဲ့အညီ လုပ်ငန်းဆောင်ရွက် လျက်ရှိတဲ့အပြင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျစွန့်ပစ်တဲ့ အလေ့ အထတွေကို နိုင်ငံအဝှမ်း ကျင့်သုံးဖို့ အသိပေးနှိုးဆော်မှုတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်” လို့ Coca-Cola Myanmar ရဲ့အထွေထွေမန်နေဂျာဖြစ်သူ Mr. Ozgur Simsek ပြောဆိုခဲ့ပါတယ်။

“ဒီအမှိုက်ကနေရွှေ၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခု ဖန်တီးခြင်း” စီမံကိန်းဟာ မြန်မာနိုင်ငံ လူနေမှုအဆင့်တန်းကို ရေရှည်ထောက်ပံ့ ပေးနိုင်မယ့် စီမံကိန်းတစ်ခုပါ။ နောက်ပြီး “World Without Waste” အမှိုက်ကင်းစင် ကမ္ဘာတခွင် ဆောင်ပုဒ်နဲ့လည်း ချိတ်ဆက်နေတယ်။ ဒီစီမံကိန်းရဲ့ ပဏာမလှုပ်ရှားမှုကတော့ Coca-cola ကနေ ရောင်းချလိုက်တဲ့ ပုလင်းခွံ၊ သံဗူးခွံတွေကို ၂၀၃၀ မှာ ပြန်လည်အသုံးချနိုင်ရမယ်ဆိုပြီး ရည်ရွယ်ထားကြောင်း” Simsek က ပြောကြားခဲ့ပါတယ်။

ဒါကတော့ Coca-Cola ဖက်က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ပါးမယ့် အစီစဉ်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လအနည်းငယ်တွင်း အမှိုက်ကနေ ရွှေဖြစ် စီမံကိန်းကို အကောင်ထည် ဖော်သွားမှာဖြစ်ပါတယ်။ လက်ရှိ Coca-Cola နဲ့ ဆောင်ရွက်နေတဲ့ မိတ်ဖက် အဖွဲ့စည်းတွေနဲ့ အစီစဉ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

စွမ်းရည်


၂၀၁၂ တုန်းက Pact Myanmar နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အမျိုးသမီး စွမ်းရည်မြင့် အစီစဉ်ဟာ အခုချိန်မှာ အမျိုးသမီး ၃၇,၀၀၀ ကျော်ရဲ့ စွမ်းရည်ကို မြင့်တင်ပေးနိုင်ခဲ့ပါတယ်။

တန်ဖိုးရှိတယ်


ဒါကတော့ အချိုရည်ထုပ်ပိုးပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး၊ ထုပ်ပိုးပစ္စည်း ထုတ်လုပ်မှုတွေကို ဆန်းသစ်နိုင်ရေး၊ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး နဲ့ ထုပ်ပိုးပစ္စည်း ပြန်လည် အသုံးပြုခြင်း မြှင့်တင်ဖို့ ကမ္ဘာအရပ်ရပ်ရှိ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကို “World Without Waste” (လေလွင့် အမှိုက်ကင်းစင် ကမ္ဘာတစ်ခွင်) နဲ့အညီ ဖော်ဆောင်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်။

လက်လီ စီးပွားရေး ကျွမ်းကျင်မှုသင်တန်း


နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) နဲ့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အစီအစဉ်ကနေ လက်လီ စီးပွားရေး လုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို ပို့ချပေး လျှက် ရှိပါတယ်။

ရေကောင်းရေသန့်ရရှိရေး ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး (WASH)


၂ဝ၁၅-၂ဝ၁၆ တုန်းက Coca-Cola Foundation အထောက်ပံ့နဲ့ WASH အစီအစဉ် ကို Pact Myanmar နဲ့ မှော်ဘီ မြို့မှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးရွာတွေမှာ ရေရရှိဖို့ အဝီစိတွင်း တူးဖော်ခြင်း၊ အနီးတစ်ဝိုက်ရှိ ကျောင်းများတွင် သန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်း၊ ရေသန့်စင်စက်များ တပ်ဆင်ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle