အခုလိုအရမ်းပူပြင်းနေတဲ့အချိန်ဘာအသီးတွေစားသင့်လဲ

အခုလိုအရမ်းပူပြင်းနေတဲ့အချိန်ဘာအသီးတွေစားသင့်လဲ

ရာသီဥတုကလည်းထုံးစံအတိုင်းဆက်လက်ပူနေတုန်းအချိန်မျိုးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာကိုဖြည့်တင်းပေးဖို့လည်းလိုပါတယ်နော်။အဲ့တာကြောင့်ပူပူပြင်းပြင်းတဲ့ရာသီဥတုမျိုးမှာ  အချို့ဓာတ်နည်းတဲ့သစ်သီးဝလံတွေမျိုးစားပေးဖို့လိုအပ်ပါတယ်နော်။အချိုဓာတ်နည်းတဲ့ သစ်သီးဝလံတွေကဘာတွေဖြစ်မလဲ ?


သံပရာသီး၊ရှောက်သီး
ဒီအသီးတွေကတော့အထူးတလည်ပြောပြစရာတော့မလိုပါဘူး၊ချည်တယ်ဆိုတာလူတိုင်းတော့သိမှာပါ။အရမ်းချဉ်တာမျိုးမဟုတ်ပဲသောက်ချင်တယ်ဆိုရင် သကြားလေးနဲ့သံပရာရည်ဖျော်သောက်တာမျိုး ၊ဆားနဲ့တို့စားရင်လည်းအရမ်းမချဉ်ဘူးနော်။


သရက်သီး
သရက်သီးကအခုလိုရာသီမှာဆိုရင်တော့  အပေါဆုံးအသီးလို့ပြောလို့ရပါတယ်။သရက်သီးကို အမှည့်ခံပြီးစားတာမျိုး သို့မဟုတ်သရက်သီးဖျော်ရည်ဖျော်သောက်တာကလည်းအသားအရေအတွက်အရမ်းကောင်းသလိုအပူလည်းသက်သာပါတယ်နော်။အများကြီးစားရင်တော့ ဗိုက်အတွက်မကောင်းပါဘူးနော်။


ဖရဲသီး
ဖရဲသီးကအချိုဓာတ်အရမ်းများတဲကအတွက် ရေဓာတ်လည်းပြည့်ဝတဲ့အတွက် အသားအရေကိုငယ်ရွယ်နုပျိုစေပါတယ်။ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝတ်ချနေတဲ့သူတွေအတွက်လည်းသင့်တော်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest