Ex-Godsent ကစားသမား အများစုနဲ့ အသင်းကို ဖွဲ့စည်းလိုက်တဲ့ FunPlus Phoenix CSGO

Ex-Godsent ကစားသမား အများစုနဲ့ အသင်းကို ဖွဲ့စည်းလိုက်တဲ့ FunPlus Phoenix CSGO

CSGO လောကထဲကို ပထမအကြိမ် ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်ခြင်း မရှိခဲ့တဲ့ Esports အဖွဲ့အစည်း FunPlus Phoenix ကတော့ ယခုတစ်ကြိမ်မှာ Godsent CSGO အသင်းရဲ့ ကစားသမားဟောင်း အများစုနဲ့ အဖွဲ့အစည်း လက်အောက်ခံ CSGO အသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

FunPlus Phoenix CSGO အသင်းရဲ့ မန်နေဂျာဖြစ်သူ Petar “Peca” Markovic ကတော့ Godsent ကစားသမားဟောင်းတွေနဲ့ အသင်းကို ဖွဲ့စည်းလိုက်နိုင်ခြင်းနဲ့ ပက်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Petar “Peca” Markovic

“လွန်ခဲ့တဲ့ သုံးလက ကျွန်တော်တို့ FunPlus Phoenix အဖွဲ့သားတွေ အတွက် တကယ်ကို ခက်ခဲတဲ့ အချိန်ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအခါမှာတော့ အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမား အားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ FunPlus Phoenix CSGO အဖွဲ့သားတွေ အနေနဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ မျှော်လင့်ထားသလို ကစားသမားတွေ အနေနဲ့လည်း ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်ပေးသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

FunPlus Phoenix CSGO အသင်းမှာ Godsent CSGO အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်တဲ့ Jesse “zehN” Linjala, Pavle “Maden” Boskovic, Martin “STYKO” Styk, Asger “Farlig” Jensen တို့ ပါဝင်မှာ ဖြစ်သလို နည်းပြအဖြစ်ကိုလည်း Godsent CSGO အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ Jonatan “Devilwalk” Lunnberg မှ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ In-Game Leader အဖြစ်ကိုတော့ Mousesports CSGO အသင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လမ်းခွဲလိုက်တဲ့ Chris “chrisJ” de Jong မှ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

FunPlus Phoenix CSGO အသင်း အနေနဲ့ ပွဲဦးထွက် ပြိုင်ပွဲအဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့ (ယနေ့) မှာ စတင် ကျင်းပသွားမယ့် Dreamhack Open January ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle