FURIA CSGO အသင်းနဲ့ လမ်းခွဲလိုက်တဲ့ HEN1

IEM Season XV ပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေကတော့ အမှန်တကယ် ဖြစ်ပေါ်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ FURIA CSGO အသင်းဘက် ထုတ်ပြန် ကြေညာချက်များအရ HEN1 အနေနဲ့ အမြွာညီအစ်ကို တော်စပ်သူ LUCAS1 နဲ့ အတူ ကစားလိုတာကြောင့် အခုလို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Atendendo a um pedido do @HEN1, o jogador agora está livre para buscar opções junto de seu irmão e será realocado para o banco de reservas enquanto esse processo durar.
— FURIA (@FURIA) January 8, 2021
Leia mais: https://t.co/eL4fDe0VAf
“၂၀၂၀ တစ်နှစ်လုံး HEN1 အနေနဲ့ LUCAS1 နဲ့ အတူ ကစားချင်ကြောင်း ကျွန်တော်တို့ FURIA CSGO အသင်းမှ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း FURIA မှာ LUCAS1 ကို ခေါ်ယူဖို့ အတွက် အခွင့်အရေး မရှိခဲ့သလို ကျွန်တော်တို့ အသင်းမှ လက်ရှိကစားသမားတွေကို ထုတ်ပယ်ဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ FURIA Esports ဟာ လက်တင်အမေရိကရဲ့ အကြီးမားဆုံး Esports အဖွဲ့အစည်း တစ်ခု ဖြစ်သလို လာမယ့်နှစ်တွေမှာ ကမ္ဘာ့အကြီးမားဆုံး Esports အဖွဲ့အစည်း တစ်ခု အဖြစ်လည်း ရပ်တည်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့အစည်း လက်အောက်ခံ အသင်းတွေမှာ ကျွန်တော်တို့နဲ့ စိတ်ကူးအိပ်မက်ခြင်း တူညီတဲ့၊ အစွမ်းကုန် ပေးဆပ်သွားဖို့ စိတ်ကူးရှိတဲ့ ကစားသမားတွေကို ထားရှိသွားဖို့ လိုလားပါတယ်။

HEN1 အနေနဲ့လည်း အသင်းမှာ ရှိနေတဲ့ ကာလ တစ်လျှောက်လုံး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ HEN1 တစ်ယောက် အမြွာညီဖြစ်သူ LUCAS1 နဲ့ တွဲကစားဖို့သာ လိုလားလျက် ရှိနေပါတယ်။ ဒါကြောင့် HEN1 ကို အသင်းမှာ ဆက်လက် ထားရှိမယ် ဆိုရင်လည်း နှစ်ဖက်လုံး အတွက် အကျိုးရှိနိုင်မှာ မဟုတ်တာကြောင့် အခုလို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။”
Furia CSGO အသင်းကနေ ထွက်ခွာလာခဲ့တဲ့ HEN1 အနေနဲ့ လက်ရှိအချိန်မှာ ဘယ်အသင်းကို ပြောင်းရွေ့သွားမယ် ဆိုတာကို အတိအကျ ကြေညာခြင်း မရှိသေးပေမယ့် MIBR CSGO အသင်းကနေ ထွက်ခွာလာခဲ့တဲ့ နည်းပြဖြစ်သူ Cogu လက်အောက်မှာ အမြွာညီဖြစ်သူ LUCAS1 အပါအဝင် MIBR CSGO အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ VSM, Leo_drk တို့နဲ့ ပူးပေါင်းသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

FURIA CSGO အသင်းဘက်ကတော့ HEN1 နေရာမှာ အစားထိုးသွားမယ့် ကစားသမားကို ကြေညာခြင်း မရှိသေးတာကြောင့် လက်ရှိအချိန်မှာ အဖွဲ့အစည်း လက်အောက်ခံ CSGO ကစားသမား လေးဦးသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
REF: VpEsports