HEN1 ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိနေတဲ့ FURIA CSGO

HEN1 ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိနေတဲ့ FURIA CSGO

ဘရာဇီး အခြေစိုက် နာမည်ကျော် CSGO အသင်း FURIA အနေနဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Henrique “HEN1” Teles ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။ DBLTAP မှ ဖော်ပြချက်များအရ HEN1 ကို အသင်းကနေ ထုတ်ပယ်သွားဖို့ ဆုံးဖြတ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက ကစားသမားရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ဘဲ In-Game ပြင်ပ ပြဿနာများကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ FURIA CSGO အသင်း အနေနဲ့ BLAST Premier Fall Showdown, DreamHack Masters Winter, IEM Global Challenge စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် နေရပ်ဖြစ်တဲ့ ဘရာဇီးကို စွန့်ခွာပြီး ဥရောပမှာ Camp ဝင်လျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲများ ပြီးဆုံးသွားတဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှသာ HEN1 ကို အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း HEN1 နေရမှာ အစားထိုးဖို့ အတွက် ကစားသမားကိုသာ လက်ရှိအချိန်က စတင်ပြီး ရှာဖွေလျက် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

HEN1 အနေနဲ့ FURIA CSGO အသင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်မှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရှိစဉ် အချိန်က စတင်ပြီး အဓိက AWPer ကစားသမား အဖြစ် လက်စွမ်းကောင်းတွေကို ပြသလျက် ရှိသလို DreamHack Masters Spring, DreamHack Open Summer, ESL Pro League Season 12 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

HEN1 အနေနဲ့ FURIA ကို မရောက်ရှိခင် အချိန်တုန်းကလည်း ဘရာဇီး အခြေစိုက် နာမည်ကျော် CSGO အသင်းတွေမှာ ကျင်လည်ခဲ့သလို အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ FURIA CSGO အသင်းဘက်တော့ HEN1 ကို အသင်းကနေ ထုတ်ပယ်သွားမယ့် ကိစ္စနဲ့ ပက်သက်ပြီး တရားဝင် ကြေညာခြင်း မရှိသေးတာကြောင့် ယခုနှစ်ကုန်ပိုင်းမှာ HEN1 နေရာ အစားထိုးမယ့် ကစားသမား အဖြစ် ဘယ်ကစားသမားကို ခေါ်ယူသွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle