4AM Dota2 အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း Fy အတည်ပြု

4AM Dota2 အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း Fy အတည်ပြု

PSG.LGD Dota2 အသင်းကနေ မကြာသေးခင် အချိန်က ထွက်ခွာသွားခဲ့တဲ့ Fy ကတော့ အားလပ်ချိန်တွေမှာ တရုတ်နိုင်ငံအခြေစိုက် Streaming Platform တစ်ခုဖြစ်တဲ့ Huya ကနေ တစ်ဆင့် Streaming ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Streaming Session မှာ Fy အနေနဲ့ TI မှာ ကျရှုံးခဲ့ရတဲ့ အကြောင်းအရင်းတွေကို ပြောကြား သွားခဲ့သလို 4 Angry Men Dota2 အသင်းနဲ့ ပတ်သက်တဲ့ အချို့သော အကြောင်းအရာတွေကိုလည်း ဖွင့်ဟာ ပြောကြားသွားခဲ့ပါတယ်။

fy

Fy ရဲ့ ပြောကြားချက်များအရ 4 Angry Men (4AM) Dota2 အသင်း အနေနဲ့ သူအပါအဝင် Lu “Somnus’M” Yao, Zhou “Yang” Haiyang တို့ကို စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ ကစားသမား နှစ်နေရာစာ အတွက် ကောလာဟလတွေ ထွက်ရှိခဲ့တဲ့ အတိုင်း ViCi Gaming ရဲ့ Carry ကစားသမား Zhang “Eurus” Chengjun နဲ့ Sparking Arrow Gaming ရဲ့ Pos 5 ကစားသမား Ru “RedPanda” Zhihao တို့ကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ Fy ကတော့ အတည်ပြုခဲ့ပါတယ်။

Yang

လက်ရှိအချိန်မှာ Eurus နဲ့ RedPanda တို့ကို ခေါ်ယူနိုင်ခြင်း မရှိသေးပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကို စတင် ပြုလုပ်နေပြီဖြစ်ကြောင်း မကြာခင် အချိန်အတွင်းမှာ အသင်းကို ရောက်ရှိလာမယ်လို့ မျှော်လင့်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Fy အပါအဝင် 4AM Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေ အနေနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုသွားမှာ မဟုတ်ဘဲ တစ်ရာသီ စာချုပ်သာ ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ် Esports အဖွဲ့အစည်းတွေ အနေနဲ့ ကစားသမားတွေကို ခေါ်ယူရာမှာ ကာလရှည် စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလေ့ ရှိသလို ကစားသမားဘက်က ထွက်ခွာဖို့ တောင်းဆိုလာတဲ့ အခါမှာလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနဲ့ အကျပ်ကိုင်လေ့ ရှိတာကြောင့် Fy တို့ တစ်သိုက် အနေနဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်ရခြင်း ရှိမလာစေဖို့ အတွက် အခုလို ကြိုတင် ကာကွယ်မှုတွေကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Eurus (Mid)

တကယ်လို့သာ ညှိနှိုင်းဆွေးနွေးမှုတွေ အောင်မြင်ပြီး Eurus နဲ့ RedPanda တို့ကိုသာ ထပ်မံ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ 4AM Dota2 အသင်းရဲ့ ဖြစ်လာဖွယ် ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Zhang “Eurus” Chengjun – Pos 1
  • Lu “Somnus’M” Yao – Pos 2
  • Zhou “Yang” Haiyang – Pos 3
  • Xu “Fy” Linen – Pos 4
  • Ru “RedPanda” Zhihao – Pos 5

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle