နာမည်ကျော် LOL ကစားသမား Perkz ကို Cloud9 ထံ ဒေါ်လာ ငါးသန်းခန့်ဖြင့် ရောင်းချသွားဖွယ်ရှိတဲ့ G2 Esports

Worlds 2020 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်က စတင်ပြီး LOL လောကအတွင်းမှာ နာမည်ကျော် ကစားသမားတွေရဲ့ အပြောင်းအရွေ့နဲ့ ပက်သက်တဲ့ ကောလာဟလတွေ ဆက်တိုက် ဆိုသလို ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အဆိုပါ ကောလာဟလတွေ အထဲမှ G2 Esports LOL အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Luka “Perkz” Perkovic ဟာ ၂၀၂၁ LOL ရာသီမှာ G2 Esports ကနေ ထွက်ခွာသွားဖွယ် ရှိတယ်ဆိုတဲ့ သတင်းဟာ ပရိသတ်တွေ အကြားမှာ ဟိုးလေးတစ်ကျော်ဖြစ်လို့ နေခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် Esports ဂျာနယ်လစ် တစ်ဦးဖြစ်သူ Jacb Wolf ရဲ့ အဆိုအရ Perkz ကို ခေါ်ယူနိုင်ဖို့ အတွက် G2 Esports ဆီကို ချဉ်းကပ်လာခဲ့တဲ့ အဖွဲ့အစည်း ၆ ခုခန့် ရှိလာခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
.@G2esports and @G2Perkz have been actively engaging the past two weeks with six different teams — Cloud9, Evil Geniuses, 100 Thieves, TSM, Team Vitality and Misfits — sources told me. Cloud9 are his desired destination, on an #LCS record-setting proposed salary, but... (cont)
— Jacob Wolf (@JacobWolf) November 10, 2020
“Perkz ကို ခေါ်ယူနိုင်ဖို့ အတွက် Cloud9, Evil Geniuses, 100 Thieves, TSM, Team Vitality, Misfits တို့ဘက်က G2 Esports ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Perkz အနေနဲ့ အသင်းဖော်ဟောင်း Zven ရှိရာ Cloud9 ကိုသာ ပြောင်းရွေ့လိုလျက် ရှိနေပြီး Cloud9 ဘက်ကလည်း Perkz ကို စံချိန်တင် လစာငွေဖြင့် ကမ်းလှမ်းထားပါတယ်။
ဒါပေမယ့်လည်း Perkz အတွက် ပြောင်းရွေ့ကြေး အဖြစ် G2 Esports ဘက်က ကန်ဒေါ်လာ ၅ သန်း တောင်းဆိုထားတာကြောင့် Cloud9 အနေနဲ့ ပြောင်းရွေ့ကြေးကိစ္စကို အဓိက ညှိနှိုင်းဆွေးနွေး သွားရဖွယ် ရှိနေပါတယ်။”

G2 Esports နဲ့ Perkz တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှသာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် Cloud9 အနေနဲ့ Perkz ကို ခေါ်ယူချင်တယ်ဆိုရင် G2 Esports ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေးကို ပေးချေသွားရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် Perkz အနေဲ့လည်း ၂၀၂၁ LOL ရာသီမှာ Mid Laner ဘဝကို ပြန်လည် ခံယူသွားလိုကြောင်း ပြောကြားထားခဲ့တာကြောင့် Cloud9 LOL အသင်းရဲ့ Mid Lane ကစားသမား အဖြစ် Perkz ကို မြင်တွေ့သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports