The International နဲ့ CSGO ပြိုင်ပွဲများကို New Zealand မှာ ကျင်းပသွားဖို့ စဉ်းစားလျက်ရှိကြောင်း Gabe Newell အတည်ပြု

The International နဲ့ CSGO ပြိုင်ပွဲများကို New Zealand မှာ ကျင်းပသွားဖို့ စဉ်းစားလျက်ရှိကြောင်း Gabe Newell အတည်ပြု

ပြီးခဲ့တဲ့ ရက်ပိုင်းက New Zealand အခြေစိုက် မီဒီယာ တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ Dota2, CS: GO စတဲ့ နာမည်ကျော် Esports ဂိမ်းတွေကို ဖန်တီးခဲ့တဲ့ Valve ရဲ့ Co-owner ဖြစ်သူ Gabe Newell ကတော့ The International ပြိုင်ပွဲနဲ့ CS: GO Major ပြိုင်ပွဲတွေကို နယူးဇီလန်နိုင်ငံမှာ ကျင်းပသွားဖို့ စဉ်းစားလျက်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ကိုဗစ်-၁၉ ကူးစက်မှုတွေ နည်းပါးလာတာနဲ့အမျှ နယူးဇီလန် နိုင်ငံမှာ ပြိုင်ပွဲတွေ ကျင်းပသွားမယ့် စီမံကိန်းက တဖြည်းဖြည်းနဲ့ ပိုမို ရုပ်လုံးပေါ်လာဖွယ် ရှိပါတယ်။ ဘယ်အချိန်မှာ ကျင်းပဖြစ်မယ် ဆိုတာကိုတော့ ကျွန်တော့် အနေနဲ့ အတိအကျ ပြောနိုင်ဦးမှာ မဟုတ်ပါဘူး။ ပရိသတ်တွေ ကိုယ်တိုင်ကိုယ်ကျ လာရောက် အားပေးနိုင်တဲ့ LAN ပြိုင်ပွဲတွေ ပြန်လည် ကျင်းပခွင့် ရရှိလာတဲ့ အခါမှာတော့ နယူးဇီလန်နိုင်ငံမှာ ပြိုင်ပွဲတွေ ကျင်းပသွားနိုင်အောင် ကျွန်တော် ကြိုးပမ်းသွားမှာပါ။”

Gabe Newell အနေနဲ့ ၂၀၂၀ နှစ်ဦးပိုင်းကတည်းက မိသားစုဝင်တွေ၊ သူငယ်ချင်းဖြစ်သူတွေနဲ့ အတူ နယူးဇီလန်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ စတင် ပျံ့နှံ့လာတဲ့ အခါမှာလည်း နေရပ်ဖြစ်တဲ့ အမေရိကန်နိုင်ငံကို ပြန်သွားခြင်း မရှိခဲ့ဘဲ့ နယူးဇီလန်နိုင်ငံမှာသာ ယခု အချိန်ထိ ဆက်လက် နေထိုင်လျက်ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် Gabe အနေနဲ့ အဆိုပါ အင်တာဗျူး အစီအစဉ်မှာ Valve ရုံးချုပ်ကိုလည်း Seattle, Washington ကနေ နယူးဇီလန်နိုင်ငံကို ပြောင်းရွေ့သွားဖို့ စဉ်းစားလျက်ရှိကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Valve က အချို့သော တာဝန်ရှိသူတွေ အနေနဲ့ နယူးဇီလန်ကို ပြောင်းရွေ့ အခြေချဖို့ စိတ်ကူးလျက် ရှိကြပါတယ်။ ဒါပေမယ့်လည်း ရုံးချုပ်ကြီး တစ်ခုလုံးကို တစ်နေရာကနေ နောက်ထပ် တစ်နေရာ ပြောင်းရွေ့ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ ဘယ်အချိန်ထိ ဆက်လက် တည်ရှိနေမယ်ဆိုတဲ့ အပေါ် မူတည်ပြီး ရုံးချုပ်ကို ပြောင်းရွေ့သွားဖို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle