ကစားသမား အသစ်တွေနဲ့ Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Gambit Esports

CIS အခြေစိုက် Esports အဖွဲ့အစည်း Gambit ကတော့ လအနည်းငယ်ခန့် ကင်းဝေးနေတဲ့ Dota2 လောကထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Gambit Dota2 အသင်းကို ဖျက်သိမ်းခဲ့တာ ၆ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အသင်း ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Gambit Dota2 အသင်းမှာလည်း ကစားသမား အဟောင်းဆိုလို့ Danial “XSvamp1re” Alibaev တစ်ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။
We're happy to present our new Dota 2 roster 🧨🧨🧨
— Gambit Esports (@GambitEsports) October 20, 2020
Anton «yy» Shkredov — Carry
Artem «Lorenof» Melnik — Mid
Andrey «meLes» Romanov — Offlane
Danial @xsvamp1re Alibaev — Support
Albert «eine» Garayev — Support
Title partner — @vulkanesports 🌋#GambitDota2 pic.twitter.com/dCDjbG0nDw
ဒါပေမယ့်လည်း Gambit Dota2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေဟာ မျက်နှာသစ် ကစားသမားတွေ မဟုတ်ကြသလို CIS အခြေစိုက် Tier 2/ Tier 1 အသင်းတွေမှာ ကျင်လည်လျက်ရှိတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။
အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Gambit Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Anton “yy” Shkredov – Pos 1
Yy/ DyrachYO ဆိုတာကတော့ Team Spirit Dota2 အသင်းမှာ အချိန် တစ်ခု ကြာမြင့်တဲ့ အထိ ကစားခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်း ဖျက်သိမ်းသွားခဲ့တဲ့ မေလက စတင်ပြီး Team Unique, HellRaisers စတဲ့ အသင်းတွေမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခဲ့သလို လက်ရှိ EU Leaderboard ရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်လျက်ရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။
- Lorenof – Pos 2
လက်ရှိအချိန်မှာ အသက် (၁၇) နှစ် အရွယ်သာ ရှိသေးတဲ့ Lorenof ကတော့ ပရို Dota2 လောက အတွင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကမှ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး NOVA, Team Unique စတဲ့ အသင်းတွေမှာ Mid Laner အဖြစ် ဝင်ရောက် ကစားခဲ့ပါတယ်။
- MeLes – Pos 3
MeLes ကတော့ လက်ရှိ အချိန်ထိ နာမည်ကျော်ကြားခြင်း မရှိသေးတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Dendi ဦးဆောင်ဖွဲ့စည်းတဲ့ B8 Dota2, ယခင် Gambit Dota2 အသင်းတို့မှာ Stand In အဖြစ် ကစားခဲ့ဖူးတာကြောင့် လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားမယ်လို့ ယုံကြည်မိပါတယ်။
- XSVamp1re – Pos 4

XSVamp1re ကတော့ ယခင် Gambit Dota2 အသင်းရဲ့ Pos4 ကစားသမားဟောင်း တစ်ဦးဖြစ်သလို လက်ရှိ CIS ဒေသရဲ့ အကောင်းဆုံး Pos4 ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ်လည်း ရပ်တည်လျက် ရှိပါတယ်။
- Eine – Pos 5

VP.Prodigy Dota2 အသင်းရဲ့ Hard Support ကစားသမား Eine ကတော့ လက်ရှိ Gambit Dota2 အသင်းရဲ့ ကစားသမားတွေ အထဲမှာ အောင်မြင်မှု အရှိဆုံး၊ အတွေ့အကြုံ အရင့်ဆုံး ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Eine အနေနဲ့ VP.Prodigy Dota2 အသင်းကို အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် Gambit မှာလည်း ကပ္ပတိန်ကောင်း တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် ပြသသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။
REF: AfkGaming