GOT မှာ ပါလာတဲ့ ကော်ဖီခွက်အတွက် Sophie Turner ကို အပြစ်တင်လိုက်တဲ့ GOT ပရိသတ်များ

GOT မှာ ပါလာတဲ့ ကော်ဖီခွက်အတွက် Sophie Turner ကို အပြစ်တင်လိုက်တဲ့ GOT ပရိသတ်များ

Game of Thrones ရဲ့ အမာခံပရိသတ်တွေကတာ့ GOT ရဲ့ Episode တစ်ခုမှာ ကော်ဖီခွက်ဘာလို့ ပါလာတဲ့ဆိုတဲ့ အချက်ကို အဖြေရှာလိုက်နိုင်ပြီလို့ ယူဆနေကြပါတယ်။ Season 8 ၊ Episode 4 ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ပါဝင်ခဲ့တဲ့ ကော်ဖီခွက်ကို Reddit အသုံးပြုသူတစ်ယောက်က စတင်သတိပြုခဲ့တာ ဖြစ်ပါတယ်။

Daenerys Targaryen က Wine ကို သောက်နေတဲ့အချိန်မှာ စားပွဲပေါ်မှာ တစ်ခါသုံး ကော်ဖီခွက်က ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် HBO ကလည်း “မှားယွင်းမှုတစ်ခုဖြစ်တယ်” လို့ တောင်းပန်ခဲ့ပြီး ပရိသတ်တွေကတော့ ဒီကိစ္စအတွက် Sophie Turner ကို အပြစ်တင်ဖို့ တာဆူနေကြပါတယ်။

အမြင်စူးရှတဲ့ ပရိသတ်တစ်ယောက်ဟာ Sansa Stark နေရာက သရုပ်ဆောင်တဲ့ Sophie Turner တစ်ယောက် ဇာတ်ဝင်ခန်းမှာပါလာတဲ့ ကော်ဖီခွက်နဲ့ အမျိုးအစားတူ ကော်ဖီခွက်ကို ကိုင်ထားတဲ့ပုံ လူမှုကွန်ရက်မှာ တက်လာတာကို ထောက်ပြခဲ့ပါတယ်။ တချို့ဆိုရင် ဘယ်လိုတောင် အလွန်အကျွံပြောကြသလဲဆိုရင် Dany ရှေ့မှာ ကော်ဖီခွက်ကို တမင်ထားခဲ့တာလို့တောင် Sophie Turner ကို ဝိုင်းပြောကြပါတယ်။ ကော်ဖီခွက်ပါလာတဲ့အခါ Dany ကို ဝိုင်းပြောကြအောင် Sophie က လုပ်ခဲ့တာ ဆိုပြီးတော့ပေါ့။

ဒီကိစ္စအတွက် Sophie ရဲ့ ပြောရေးဆိုခွင့်ရှိသူဘက်ကတော့ ဘာမှ တုံ့ပြန်ခြင်းမရှိသေးပါဘူး။ HBO ကတော့ ဇာတ်ဝင်ခန်းထဲက ကော်ဖီခွက်ကို Digital နည်းနဲ့ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ယူဆတာကတော့ ဒီကော်ဖီခွက်ဟာ Sophie Turner ရဲ့ ခွက်ဟုတ်ဟုတ်မဟုတ်ဟုတ်၊ တကယ်ပဲ တမင်ထားခဲ့တာ ဟုတ်ဟုတ်မဟုတ်ဟုတ် အဆုံးသတ်စစ်ရမှာကတော့ ဒါရိုက်တာ၊ Camera Man၊ ရိုက်ကွင်းမှတ်တမ်း၊ Post Production မှာပါတဲ့ Editing အပိုင်းတွေဖြစ်တယ်လို့ ထင်ပါတယ်။ သူတို့ တောင် သတိမထားမိဘဲ လွတ်လာပြီးမှတော့ Sophie Turner ရဲ့ အပြစ်လို့ ပုံချတာတော့ မဟုတ်သေးဘူးလို့ ယူဆပါတယ်။ အခရာပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။

Yoe Lu(Akhayar)
www.akhayar.com                                                                   Source: www.foxnews.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle