Game of Thrones Season 8 ကို ပြန်ရိုက်ပေးဖို့ အသနားခံတောင်းဆိုနေကြပြီ

Game of Thrones Season 8 ကို ပြန်ရိုက်ပေးဖို့ အသနားခံတောင်းဆိုနေကြပြီ

Game of Thrones Season 8 ထွက်လာပြီးတည်းက ပရိသတ်တွေဆီကနေ ကြားနေရတာတွေက ဒေါသသံတွေနဲ့ စိတ်ပျက်မှုတွေပါ။ Season 8 နဲ့ပတ်သက်ပြီး ပရိသတ်တွေဘယ်လောက်တောင် အားမလိုအားမရဖြစ်လဲဆိုရင် ပရိသတ်ထဲကတစ်ယောက်က ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းရေးဆရာအသစ်တွေနဲ့ ပြန်ရိုက်ပေးဖို့ အသနားခံတောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် ဧပြီလကစပြီး ပြသခဲ့တဲ့ HBO ရဲ့ ဇာတ်လမ်းတွဲက ၈ နှစ်တိုင်တိုင် အောင်မြင်မှုတွေ ကျော်ကြားမှုတွေနဲ့ ရှင်သန်နေခဲ့ပေမယ့် နောက်ဆုံးဇာတ်လမ်းတွဲမှာတော့ မူရင်းအခြေခံထားတဲ့ George R.R Martin ရဲ့ A Song of Ice and Fire ဝတ္တုတွေကနေ လုံးဝကွဲထွက်သွားပြီး ပရိသတ်တွေရဲ့ မေ ျှာ်လင့်ချက်တွေကို ရိုက်ချိုးခဲ့ပါတယ်။ Season 8 က အခြေအနေဘယ်လောက်ဆိုးလဲဆိုရင် #CoffeeGate ဆိုပြီး Meme တွေထွက်လာတဲ့အထိ Sansa ကြောင့် ကော်ဖီခွက်ပါလာတဲ့ကိစ္စက မိုးမီးလောင်ခဲ့ပါတယ်။

ခုနောက်ထပ် Season 8 ရဲ့ အပိုင်း ၅ မှာလည်း ပရိသတ်တွေချစ်တဲ့ Mother of Dragon ကို ရက်စက်တဲ့လူသတ်သမားတစ်ယောက်ဖြစ်အောင်လို့ ဖန်တီးခဲ့တာကြောင့် ပရိသတ်တွေ မခံစားနိုင်တော့ဘဲ Change.org Petition ကို စတင်ခဲ့တာဖြစ်ပါတယ်။ ဒီအသနားခံမှုက Season 8 ကို အရည်အချင်းရှိတဲ့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ ပြန်ရေးပြီးအစကနေပြန်ရိုက်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။ Change.org ကို စတင်ခဲ့တာက Dylan D က David Benioff နဲ့ D.B. Weiss တို့က သူတို့ကိုယ်သူတို့ စိတ်ပျက်စရာကောင်းတဲ့ အဆင့်အတန်းမမီတဲ့ ဇာတ်ညွှန်းရေးဆရာတွေဆိုတာ သက်သေပြခဲ့တယ် ၊ ဒီနောက်ဆုံးဇာတ်လမ်းတွဲက အဓိပ္ပါယ်ရှိတဲ့ဇာတ်လမ်းတွဲဖြစ်သင့်တယ်လို့ပြောခဲ့တယ်။ နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ဒီဇာတ်ညွှန်းရေးဆရာနှစ်ယောက်ကို Star Wars ဆီကို လုံးဝမြားဦးမလှည့်သွားစေချင်ဘူး ၊ ဒီတစ်ခေါက်က ကမ်းကုန်ဆိုးရွားလွန်းတယ်လို့ပြောခဲ့ပါတယ်။

ဒီအသနားခံတောင်းဆိုချက်က တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကတော့ နောင်အနာဂတ်ကိစ္စပါပဲ။ ဒါပေမယ့် အလုပ်ဖြစ်သွားခဲ့ရင် HBO အနေနဲ့ ဇာတ်လမ်းတွဲကို ပြန်ရိုက်ဖို့ ပိုက်ဆံတွေအများကြီး ကုန်လိမ့်မယ်။ ထပ်ပြောရရင် သရုပ်ဆောင်တွေကလည်း အချိန်အားနေပြီးတော့ ရိုက်ချင်စိတ်ရှိမှရမှာပါ။ သိပ်လည်းမဖြစ်နိုင်တော့ဘူး ၊ သရုပ်ဆောင်တွေရဲ့စာချုပ်သက်တမ်းတွေက ကုန်သွားပြီလေ။ တကယ်လို့ ဇာတ်ညွှန်းရေးဖို့လူသစ်ငှားရင်တောင် ပရိသတ်တွေကြိုက်မကြိုက်ဆိုတာကလည်း မသေချာပါဘူး။

Dylan ကတော့ George R.R. Martin ရဲ့ စာအုပ်တွေကို ပြန်ပြီးအခြေခံမယ်ဆိုရင် ဇာတ်လမ်းတွဲကိုအရင်တစ်ချိန်ကလို ထည်ဝါအောင်ပြန်လုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Final အတွက်က စာရေးဆရာကိုယ်တိုင် ရေးလည်းမရေးရသေးသလို ထုတ်ဝေတာလည်း မလုပ်ရသေးတော့ မူရင်းဝတ္တုကို အခြေခံဖို့က မဖြစ်နိုင်ပါဘူး။

ဘယ်လိုနေနေ အသနားခံတာ အလုပ်ဖြစ်မဖြစ်ကိုစောင့်ကြည့်ရမှာပေါ့။ နောက်ဆုံးတစ်ပိုင်းက ပရိသတ်တွေအတွက် အားရကျေနပ်မှုကို ပေးစွမ်းနိုင်ပါစေလို့ မေ ျှာ်လင့်ရမှာပေါ့။ အစပိုင်းကအရမ်းဟော့လန်ပျံနေပြီးမှ အဖျားမရှူးစေချင်တာကတော့ ပရိသတ်တိုင်းရဲ့ ဆန္ဒပါပဲ။ ဒီမှာ Game of Thrones ပရိသတ်တွေရှိရင်ပြောခဲ့ပေးပါ။ Dylan နဲ့သဘောတူလား ၊ သူနဲ့အတူ Change.org မှာ ပါဝင်အားဖြည့်ချင်လား မဟုတ်ရင်လည်း ဒီအတိုင်းပဲ မတူညီတဲ့ဇာတ်သိမ်းနဲ့ အဆုံးသတ်လိုက်ချင်လားဆိုတာကို။

Photo Credit: Geeks Worldwide, Inverse.com,

Ref: www.screenrant.com

Change.org

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle