Streaming ပြုလုပ်ဖို့ စိတ်ဝင်စားလျက်ရှိတဲ့ နာမည်ကျော် Game of Thrones စတား Maisie Williams

နာမည်ကျော် တီဗွီစီးရီး Game of Thrones မှာ Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် (၂၂) နှစ်အရွယ်ရှိ မင်းသမီးချောလေး Maisie Williams ကတော့ Twitch ကနေ တစ်ဆင့် Streaming ပြုလုပ်ဖို့ စိတ်ဝင်စားလျက်ရှိကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
so like how do you use twitch and what do I need to get?
— Maisie Williams (@Maisie_Williams) April 10, 2020
COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေကို ရပ်နားထားရတာနဲ့အညီ Maisie တစ်ယောက် အားလပ်ချိန်တွေမှာ ဗွီဒီယိုဂိမ်းတွေကို စမ်းသပ် ကစားကြည့်ရင်း Animal Crossing ကို စွဲလမ်းသွားခဲ့တဲ့ ပုံပါပဲ။

Maisie အနေနဲ့ Twitch မှာ Streaming ပြုလုပ်ဖို့ အတွက် လိုအပ်ချက်တွေကို Twitter ကနေ တစ်ဆင့် မေးမြန်းခဲ့သလို၊ လက်ရှိအချိန်မှာ နာမည်ကျော်ကြားလျက်ရှိတဲ့ ဗွီဒီယိုဂိမ်း Animal Crossing: New Horizons ကစားနေတာကို ပရိသတ်တွေ မြင်တွေ့နိုင်ဖို့ Streaming ပြုလုပ်လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

Maisie တစ်ယောက် Streaming ပြုလုပ်ချင်ကြောင်း ပို့စ်တင်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ နာမည်ကျော် Gaming Content Creator တွေ၊ Streamer တွေ အနေနဲ့ Twitch မှာ Stream ဖို့ အတွက် အခြေခံ လိုအပ်ချက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Streaming ပိုင်းနဲ့ ရင်းနှီးခြင်း မရှိသေးတဲ့ Maisie ကတော့ ရှင်းပြမှုတွေကို သူမရဲ့ ဦးနှောက် သေးသေးလေးဖြင့် နားလည်ဖို့ ခက်ခဲကြောင်း အရွှန်းဖောက်ပြီး ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။
This is too much for my pea head aaaah so many letters
— Maisie Williams (@Maisie_Williams) April 10, 2020
လက်ရှိအချိန်မှာ နာမည်ကျော် Gaming ကုမ္ပဏီကြီးတွေဖြစ်တဲ့ Razer, Logitech, SteelSeries စတဲ့ ကုမ္ပဏီတွေ အနေနဲ့ Maisie တစ်ယောက် Streaming ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် မင်းသမီးချော Arya Stark တစ်ယောက် သူမ ချစ်မြတ်နိုးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောရင်း ဂိမ်းကစားနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်တဲ့ Twitch Streamer ဘဝကို အားလပ်ချိန် အတွင်းမှာ အကောင်အထည် ဖော်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming