ဂိမ်းအရမ်းစွဲနေတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ

ဂိမ်းအရမ်းစွဲနေတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ

ဂိမ်းစွဲနေတယ်၊ ဂိမ်းကိုက်နေတယ်ဆိုတာ ဒီနေ့ကမ္ဘာမှာ တွေ့ရများတဲ့ ကိစ္စပါ။ ဂိမ်းစွဲနေတဲ့သူတွေဟာ အရင်တုန်းက ယောကျာ်လေး ဦးရေများပေမယ့် အခုလို ဖုန်းဂိမ်းတွေပါ ပေါလာတဲ့အခါမှာတော့ လူကြီးလူငယ်မရွေး၊ ယောက်ျားမိန်းမမရွေး ဂိမ်းစွဲတာ ဖြစ်လာပါတော့တယ်။

ဂိမ်းစွဲနေပြီဆိုတာ ဘယ်လို သိနိုင်လဲဆိုရင်
ဂိမ်းကို အချိန်အကြာကြီး ကစားနေတတ်တယ်
စစချင်းတုန်းကတော့ တစ်နေ့ကို တစ်နာရီလောက် ကစားရာကနေ စတယ်ဆိုပေမယ့် နောက်ပိုင်းမှာ အချိန်အားမှန်သမျှကို ဂိမ်းပဲ ဆော့နေတော့တာ ဒါမှမဟုတ် ဂိမ်းနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကိုပဲ စိတ်ဝင်စားနေတော့တာမျိုး ဖြစ်တတ်ပါတယ်။

ကျောင်းပျက်အလုပ်ပျက်လာတာ

ဒါကတော့ ဂိမ်းစွဲလမ်းမှုပြင်းလာတဲ့အခါ ဖြစ်တတ်ပါတယ်။ နေမကောင်းဘူးလို့ ခွင့်တိုင်ပြီး ဂိမ်းဆော့တာမျိုးတွေ ဖြစ်လာပါမယ်။ တစ်ခါတလေအလုပ်က အနားယူတာ ပြဿနာမရှိပေမယ့် ဂိမ်းဆော့ဖို့အတွက် ခွင့်ယူတာမျိုးကတော့ မဖြစ်သင့်ပါဘူး။

မိသားစုကို ဥပေက္ခာပြုလာတာ
မိသားစုနဲ့ တူတူရှိနေမယ့် အချိန်တွေကို ဂိမ်းနဲ့ လဲလာတတ်တယ်။ တစ်နေကုန် အခန်းအောင်းပြီး ဂိမ်းဆော့နေတယ်။ တစ်နေ့နေလို့မှ မျက်နှာတစ်ချက်မှ မမြင်ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ကိုယ့်ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်မိတော့ဘူး
လူတစ်ယောက်ဟာ အမြဲတမ်း ဂိမ်းပဲဆော့ချင်နေပြီဆိုတာနဲ့ မိုးလင်းတည်းက မျက်နှာမသစ်၊ သွားမတိုက်ပဲ ဆော့၊ ရေမချိုးဖြစ်ပဲ ဆော့၊ တစ်ကိုယ်ရည်သန့်ရှင်းရေးတောင် မလုပ်ဖြစ်တော့တာ ရှိပါတယ်။

ကျန်းမာရေး ထိခိုက်အောင်ထိ ဆော့ပါတယ်

တစ်ညလုံး မိုးလင်းပေါက် ဂိမ်းဆော့တဲ့သူတွေဟာ အညောင်းမိတာ၊ စိတ်ခံစားမှုမတည်မငြိမ်ဖြစ်တာနဲ့ တချို့ဆိုရင် ဂိမ်းကို မနားတမ်းဆော့ရင်း သေဆုံးသွားတာမျိုးတောင် ရှိတတ်ပါတယ်။

တကယ်လိုအပ်တဲ့အရာတွေထက် ဂိမ်းပေါ်မှာ ပိုက်ဆံဖြုန်းပစ်တတ်တယ်
ဂိမ်းဟာ လူတစ်ယောက်ရဲ့ ဦးစားပေးဖြစ်သွားပြီဆိုတာနဲ့ ရသမျှပိုက်ဆံကို စုပြီး လိုတာ မဝယ်ဘဲ ဂိမ်းအတွက်ပဲ ဝယ်ပစ်ပါတော့တယ်။ ဥပမာ Gaming PC ၊ Gaming Chair ၊ ဂိမ်းခွေနဲ့ ဂိမ်းထဲက Skin တွေ ဝယ်ပစ်လိုက်တာမျိုး ဖြစ်ပါတယ်။

ဒီတော့ ဒါတွေကို ဘယ်လို ဖြေရှင်းကြပါမလဲ
ဂိမ်းစွဲတယ်ဆိုတာ တခြားစွဲလမ်းစေတတ်တဲ့အရာတွေ စွဲသလိုပါပဲ၊ ဖျောက်ဖျက်ရ ခက်ပါတယ်။ ဒါကြောင့် ဒီလို နည်းလမ်းတွေနဲ့ ဖြည်းဖြည်းချင်းကြိုးစားမှ ရပါလိမ့်မယ်။

အချိန်သတ်မှတ်ပြီး ကစားပါ
တစ်နေ့ကို နာရီဘယ်လောက်ကစားမယ်ဆိုပြီး ကန့်သတ်ပါ၊ ပြီးတာနဲ့ ဂိမ်းဆော့ရင် ဖုန်းကို Alarm ပေးထားပါ။ Alarm မြည်တာနဲ့ ချက်ချင်းလက်စဖြတ်ဖို့ ကြိုးစားပါ။

Platform တစ်ခုပေါ်မှာပဲ ဆော့ပါ
Console ဂိမ်းရော၊ Mobile Phone Game ရော ၊ Xbox နဲ့ PC ဂိမ်းတွေရောပါ အကုန်ဆော့နေလို့ကတော့ ၂၄ နာရီလုံးဆော့တာတောင် လောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အကြိုက်ဆုံး Platform တစ်ခုမှာပဲ ဆော့ကြည့်ပါ။

Massively Multiplayer Online Game တွေကို ရှောင်ပါ

တကယ်လို့ ဂိမ်းအမျိုးမျိုးဆော့ဖူးတယ်ဆိုရင်တောင် MMO’s တွေကို ရှောင်ပါ၊ MMO’s တွေဟာ အချိန်အရမ်းကုန်လို့ ကုန်မှန်းမသိ ဖြစ်စေပါတယ်။

တစ်နာရီဆော့ပြီးတိုင်း ခဏနားပါ
တစ်နာရီဂိမ်းဆော့ပြီးတိုင်း လမ်းထလျှောက်ပေးတာမျိုး လုပ်ပါ။ Screen ရှေ့မှာ တစ်စက်မှ မနားဘဲ အချိန်ပေါင်းများစွာ ထိုင်နေတာဟာ ကျန်းမာရေးမကောင်းစေပါဘူး။

ဂိမ်းအတွက် ဘယ်လောက်သုံးမလဲ ကန့်သတ်ထားပါ
တစ်လကို ဂိမ်းအတွက် ဒေါ်လာ ၅၀ သုံးမယ်ဆို ဒေါ်လာ ၅၀ ပဲ သုံးပါ။ နောက်တစ်ခုက တစ်လကို ဂိမ်းအခွေအသစ် ၂ ခွေပဲ ဝယ်တာမျိုးနဲ့ ကိုယ့်ရဲ့ စွဲလမ်းမှုကို ကန့်သတ်ပါ။

ကိုယ်လက်လှုပ်ရှားမှုပါဝင်နိုင်တဲ့ ဂိမ်းမျိုးကို ရွေးချယ်ဆော့ကစားပါ
အခုနောက်ပိုင်း ဂိမ်းတွေဟာ ကိုယ်ကိုယ်တိုင်ဝင်ရောက်လှုပ်ရှားလို့ရတဲ့ ဂိမ်းတွေ ထွက်လာပါပြီ။ အဲဒီလို ဂိမ်းမျိုးကို ရွေးဆော့မယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုပါ တပါတည်း လုပ်ပြီးသား ဖြစ်တာပေါ့။

မိသားစုနဲ့ တူတူဆော့ပါ
ဂိမ်းဆော့ရင်း မိသားစုနဲ့ ဝေးသွားတာမျိုး မဖြစ်ရအောင် မိသားစုတွေပါ အတူဝင်ဆော့လို့ရတဲ့ ဂိမ်းမျိုးဆော့ရင် ပိုကောင်းတာပေါ့။

အကူအညီရယူပါ
ဂိမ်းစွဲနေတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးပါပဲ။ ဒါကြောင့် ဂိမ်းကို အပြင်းအထန်စွဲလမ်းနေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကုသတဲ့ ဆရာဝန်တစ်ယောက်နဲ့ ပြကြည့်ဖို့ ကို မရှက်ပါနဲ့။ အနည်းဆုံးတော့ နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ်ရယူလို့ ရပါတယ်။

တခြားဝါသနာပါရာတွေနဲ့ အစားထိုးပါ
ဂိမ်းစွဲနေတာကို တခြားစိတ်ဝင်စားရာတွေနဲ့ ဖြေဖျောက်ကြည့်ပါ။ စာဖတ်တာ၊ သီချင်းနားထောင်တာ ၊ သစ်ပင်စိုက်တာနဲ့ တခြားလူတွေနဲ့ အပြင်ထွက်ပြီး စကားပြောကြည့်တာမျိုးတွေ လုပ်ပေးပါ။

ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ပါ
ကိုယ်ပျော်လို့ ကိုယ်လုပ်နေတယ်ဆိုပေမယ့် ကိုယ့်ဘဝက ဆုတ်ယုတ်လာသလား၊ တိုးတက်လာသလားကြည့်ပါ၊ ကိုယ်ဂိမ်းဆော့နေလို့ ပျက်ကွက်သွားတာတွေ၊ ဆုံးရှုံးသွားတာတွေ သိပ်များနေပြီဆိုရင်တော့ ဂိမ်းဆော့တာကို ရပ်သင့်ရပ်ရပါတော့မယ်။

ဒီလောက်ဆိုရင် ဘဝရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို စားနေတဲ့ ဂိမ်းစွဲတာကို တိုက်ထုတ်ဖို့ Tips လေးတွေ ရမယ်ထင်ပါတယ်။ တူတူပဲ ကြိုးစားကြည့်လိုက်ရအောင်။

Yoe Lu (Akhayar)

Kelly -Akhayarlifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle