BTS Pro Series: SEA Season 2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Geek Fam Dota2

BTS Pro Series: SEA Season 2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Geek Fam Dota2

အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်တဲ့ SEA အခြေစိုက် နာမည်ကျော် Dota2 Geek Fam ကတော့ BTS Pro Series: SEA Season 2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခြင်းနဲ့အတူ ကာလရှည် ပထမဆုနဲ့ ဝေးကွာနေရခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

GeekFam.Kuku

GeekFam Dota2 အသင်း အနေနဲ့ BTS Pro Series: SEA Season 2 ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကို စွမ်းဆောင်နိုင်ခဲ့တာကြောင့် စတုတ္ထ နေရာကို ရယူကာ ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ရှုံးထွက်အဆင့် ပထမပွဲစဉ် အဖြစ် ပြိုင်ပွဲစုံမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်လျက်ရှိတဲ့ Fnatic Dota2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

လက်စွမ်းကောင်းတွေကို ဆက်တိုက် ဆိုသလို ပြသလျက်ရှိတဲ့ Fnatic Dota2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် အောင်မြင်မှုတွေကို ဆာလောင်လျက်ရှိတဲ့ GeekFam အဖွဲ့သားတွေကတော့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ကာ (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် Fnatic ကို အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

GeekFam.Raven

နောက်တစ်ဆင့်မှာ အင်ဒိုအခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ BOOM Esports နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် (၂-၁) ဆိုတဲ့ ရလဒ်နဲ့ပဲ ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals အဆင့်မှာ Lower Bracket ကနေ ပြန်လည် တက်လှမ်းလာခဲ့တဲ့ ပြိုင်ဘက်ဟောင်း BOOM Esports နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ BTS Pro Series: Season 2 ပြိုင်ပွဲရဲ့ Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပေမယ့် ပေါက်ကွဲအား ပြင်းထန်တဲ့ Geek Fam ရဲ့ ကစားဟန်ကို BOOM Esports အဖွဲ့သားတွေ ရင်ဆိုင်နိုင်ခြင်း မရှိခဲ့တာကြောင့် (၃) ပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် Geek Fam Dota2 အသင်း အနေနဲ့ BTS Pro Series: Season 2 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

GeekFam.Kuku

BTS Pro Series: Season 2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် Geek Fam Dota2 အသင်း အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၂၁၀၀၀ ကို ရယူနိုင်ခဲ့သလို ကာလရှည် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ရခြင်းကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle