Geek Fam Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

Geek Fam Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ

SEA အခြေစိုက် အင်အားကြီး Dota2 အသင်း တစ်သင်းဖြစ်တဲ့ Geek Fam ကတော့ TI 10 ပြိုင်ပွဲ နောက်ဆုတ်လိုက်ခြင်းနဲ့ မရေရာ မသေချာတဲ့ DPC ရာသီတို့ကို တောင့်ခံနိုင်ခြင်း မရှိတော့တာကြောင့် အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

Geek Fam အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်း ပြိုင်ပွဲများ အဖြစ် ပြောင်းလဲ ကျင်းပခဲ့တဲ့ One Esports SEA Dota2 League ပြိုင်ပွဲနဲ့ BTS Pro Series 2: SEA စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဆက်လက် ရပ်တည်ဖို့ အတွက် ဖြစ်နိုင်ခြင်း မရှိတော့တာကြောင့် အခုလို အသင်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

အသင်း ဖျက်သိမ်းတော့မှာဖြစ်တဲ့ အကြောင်းကို ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် ကြေညာသွားခဲ့တာဖြစ်ပြီး Geek Fam Dota2 အသင်းဘက်မှ ထုတ်ပြန် ကြေညာချက်များအရ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် The International 10 ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ နောက်ဆုံးလိုက်ခြင်း၊ DPC ရာသီကို ဘယ်အချိန်မှ ပြန်လည် စတင်တော့မယ် ဆိုတာကို သိရှိရမှု မရှိခြင်းတို့က အသင်း အတွက် များစွာသော ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတာကြောင့် အခုလို Dota2 အသင်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Hey Fam. It’s with great sadness that we are announcing the release of our Geek Fam Dota 2 team. We are extremely proud...

Posted by Geek Fam Dota 2 on Friday, September 4, 2020

ဒါပေမယ့်လည်း ရေရာသေချာတဲ့ DPC ရာသီနဲ့ TI ပြိုင်ပွဲ ကျင်းပမယ့်ရက် အတိအကျကို သိရှိရတဲ့ အချိန်မှာတော့ Dota2 လောက အထဲကို ပြန်လည် ဝင်ရောက်လာဖို့ မျှော်မှန်းထားကြောင်း၊ အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ အသင်းမှာ ဝင်ရောက် ကစားပေးခဲ့တဲ့ ကစားသမား အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းတို့ကို Geek Fam Dota2 အသင်းဘက်မှ ကြေညာသွားခဲ့ပါတယ်။

Xepher

Geek Fam Dota2 အသင်းရဲ့ လက်ရှိကစားသမားတွေဖြစ်တဲ့ Karl (Pos 2), Kuku (Pos 3), Xepher (Pos 4), Whitemon (Pos 5) တို့ အနေနဲ့လည်း အသင်း ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် အသင်းလက်မဲ့ ကစားသမား ဘဝကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်ကာပူ အခြေစိုက် Dota2 အသင်း Reality Rift အနေနဲ့ ကိုဗစ်-၁၉ ကြောင့် အသင်းကို ဖျက်သိမ်းခဲ့သလို ယခုအခါမှာလည်း Geek Fam Dota2 အသင်းပါ ထပ်မံ ဖျက်သိမ်းသွားခြင်းက SEA Dota2 ချစ်ပရိသတ်တွေကတော့ တကယ်ကို သတင်းဆိုးတွေပဲ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle