ESL One LA Major မှာ ထိပ်ဆုံး (၆) သင်း စာရင်းဝင်နိုင်ဖို့ မျှော်မှန်းထားတဲ့ Geek Fam Dota 2 အသင်း Offlane ကစားသမား Kuku

ESL One LA Major မှာ ထိပ်ဆုံး (၆) သင်း စာရင်းဝင်နိုင်ဖို့ မျှော်မှန်းထားတဲ့ Geek Fam Dota 2 အသင်း Offlane ကစားသမား Kuku

SEA Dota 2 လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Kuku အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က SEA Core Leaderboard ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့သလို 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Kuku

ဒါကြောင့် နာမည်ကျော် Gaming မီဒီယာတစ်ခုဖြစ်တဲ့ AFK Gaming အနေနဲ့ ESL ONE LA Major လက်ရည်စစ်ပွဲ အကြောင်းတွေ၊ Geek Fam Dota 2 အသင်းရဲ့ ကစားသမား ဘဝကို ခံယူဖြစ်ခဲ့ပုံတွေကို မေးမြန်းခဲ့ရာမှာ Kuku ကတော့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Q: ESL One Los Angeles 2020 Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိခဲ့တဲ့ အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ 2019-2020 DPC ရာသီမှာ ပထမဆုံး အကြိမ် အဖြစ် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အတွက် ဘယ်လိုခံစားနေရတယ် ဆိုတာကို ပြောပြပေးပါဦး။

A: ESL One LA Major 2020 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိတဲ့ အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ နောက်ဆုံးတော့ Major ပြိုင်ပွဲတွေမှာ ကျွန်တော် ပြန်လည် ကစားခွင့်ကို ရရှိခဲ့ပြီလေ။

GeekFam Dota 2

Q: မကြာခင် ကျင်းပသွားမယ့် ESL One LA Major မှာ ဘယ်လောက် အထိ စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

A: ကျွန်တော်ကတော့ ထိပ်ဆုံး (၆) သင်း စာရင်းဝင်ဖို့ အတွက် မျှော်မှန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းအတွက် DPC Point တွေ လိုအပ်နေပြီ ဖြစ်တာကြောင့် ထိပ်ဆုံး (၄) သင်း အဆင့် အထိ တက်လှမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။

Q: LA Major မှာ ဘယ်အသင်းနဲ့ ကစားချင်တယ်၊ ဘာကြောင့် သူတို့နဲ့ ကစားချင်တယ် ဆိုတာကို ပြောပြပေးပါဦး။

A: Team Secret ဒါမှမဟုတ် OG နဲ့ ကစးချင်မိပါတယ်။ သူတို့တွေနဲ့ ကစားခွင့် ရမှသာ ကျွန်တော်တို့ရဲ့ အရည်အချင်း အစစ်အမှန်ကို သိရှိနိုင်မှာလေ။ ပြီးတော့ သူတို့တွေရဲ့ ကစားဟန်ကို ကြည့်ရှုပြီး သင်ယူစရာ ရှိတာတွေလည်း သင်ယူလို့ ရတာပေါ့ဗျာ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ အသင်းက အတွေ့အကြုံ နည်းတယ်ဗျ။ ဒါကြောင့် ဖြစ်နိုင်ရင် အသင်းကြီးတွေနဲ့ပဲ ဆက်တိုက် ယှဥ်ပြိုင်ကစားသွားချင်ပါတယ်။

Tea, Secret

Q: VISA ကိစ္စတွေရော အဆင်ပြေကြရဲ့လား။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာများ ရှိနေလား ဆိုတာကို ဖြေပေးပါဦး။

A: ကစားသမား အသစ် နှစ်ဦးဖြစ်တဲ့ Whitemon နဲ့ Karl အတွက် VISA လျှောက်ရာမှာတော့ အခက်အခဲ အချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်၊ Xepher နဲ့ Raven တို့ကတော့ ကယ်လီဖိုးနီးရီးယားမှာ ကျင်းပသွားခဲ့တဲ့ Dota Summit 11 မှာ ဝင်ပြိုင်ခဲ့ဖူးတော့ VISA ပြဿနာတွေနဲ့ ရင်ဆိုင်ရခြင်း မရှိတော့ဘူး။ ကျန်နှစ်ယောက် အတွက်လည်း VISA အမြန်ဆုံး ရရှိဖို့ မျှော်လင့်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေ VISA ကိစ္စ လိုက်လုပ်နေရတာက လေ့ကျင့်ချိန်တွေကို ထိခိုက်စေတယ်လေ။

Q: TNC ကနေ ဘယ်လိုဖြစ်ပြီး ထွက်ဖြစ်ခဲ့တယ်၊ ဘာကြောင့် Geek Fam နဲ့ ပူးပေါင်းဖြစ်ခဲ့တယ် ဆိုတာကို ပြောပြပေးပါဦး။

A: ကျွန်တော် 2019-2020 DPC ရာသီမှာ အသင်းသစ်ကို ပြောင်းရွေ့ကစားဖို့ TNC မှာ ကစားနေစဥ် အချိန်ကတည်းက စိတ်ကူးထားခဲ့တာပါ။ TNC မှာ ကျွန်တော် ကစားနေစဥ် အချိန်အတွင်း မလုပ်သင့်၊ မပြောသင့်တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့၊ ပြောခဲ့မိတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကျွန်တော့် အသင်းဖော်တွေ အပေါ် ထိခိုက်နစ်နာစရာတွေ ဖြစ်ပွားစေခဲ့တယ်။ အဲဒီအတွက်လည်း ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။

OG Dota 2

The International 2019 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Geek Fam Dota 2 အသင်းက ကျွန်တော့်ကို ဆက်သွယ်လာခဲ့တယ်။ နောက်ပြီးတော့Geek Fam မှာ Raven ရှိနေတာကလည်း ကျွန်တော် အဲဒီကို ပြောင်းဖြစ်ခဲ့တဲ့ အကြောင်းအရင်းတွေ အထဲက တစ်ခုပါပဲ။

Q: Raven နဲ့က အရမ်းကို ရင်းနှီးတဲ့ ပုံပဲနော်။

A: ကျွန်တော်တို့ နှစ်ယောက်က အတွဲအဖက် မိတယ်လို့ ထင်မိတယ်ဗျ။ ကျွန်တော်တို့တွေ အတူတကွ ကစားရင် ပိုကောင်းတဲ့ ကစားဟန် တစ်ခုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိတယ်။ နောက်ပြီးတော့ တစ်ယောက် လိုအပ်ချက်ကိုလည်း နောက်တစ်ယောက်က ကူညီပေးနိုင်တယ်။

Q: မင်းကိုအားပေးနေတဲ့ ပရိသတ်တွေ အတွက် တစ်ခုခု ပြောပေးပါဦး။

A: ကျွန်တော့်ကို အခုချိန်ထိ အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း အားပေးပါလို့ ပြောကြားချင်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle