ကစားသမားတွေကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်တဲ့ Gen.G CSGO

NA အခြေစိုက် CSGO အသင်း တစ်သင်းဖြစ်တဲ့ Gen.G ကတော့ CSGO လောကထဲက ပြန်လည် ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Gen.G CSGO အသင်း အနေနဲ့ အသင်းမှာ ကျန်ရှိနေတဲ့ ကစားသမား သုံးဦးဖြစ်တဲ့ Timothy “autimatic” Ta, Kenneth “koosta” Suen, Hansel “BeTet” Ferdinand တို့ အပြင် နည်းပြဖြစ်သူ Chris “Elmapuddy” Tebbit ကိုပါ ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာလမှာ EU အခြေစိုက် အွန်လိုင်း CSGO ပြိုင်ပွဲတွေ အမြောက်အများ ကျင်းပခဲ့သလို အဆိုပါ ပြိုင်ပွဲတွေမှာ ပေးအပ်ခဲ့တဲ့ ဆုကြေးငွေဟာ LAN ပြိုင်ပွဲတွေလောက် များပြားခြင်း မရှိပေမယ့် ဆက်လက် ရပ်တည်သွားဖို့ လုံလောက်တဲ့ ဆုကြေးငွေ တစ်ခုကို ပေးအပ်ခဲ့တာကြောင့် EU အခြေစိုက် CSGO အသင်းတွေ အကြားမှာ ပြောပလောက်တဲ့ ထိခိုက်နစ်နာမှုတွေ မရှိခဲ့ပေမယ့် NA CSGO လောကကတော့ အတော်လေးကို အထိနာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း NA အခြေစိုက် အွန်လိုင်း CSGO ပြိုင်ပွဲတွေ ကျင်းပမှု နည်းပါးခဲ့သလို အဆိုပါ ပြိုင်ပွဲတွေ အတွက် ဆုကြေးငွေ ပေးအပ်မှုဟာလည်း အတော်လေးကို နည်းပါးခဲ့တာကြောင့် နာမည်ကျော် NA အခြေစိုက် CSGO အသင်းတွေဖြစ်တဲ့ Chaos, 100 Thieves တို့ အနေနဲ့ အသင်း ပြန်လည် ဖျက်သိမ်း သွားခဲ့သလို ယခုအခါမှာလည်း နောက်ထပ် NA အခြေစိုက် အင်အားကြီး CSGO အသင်းဖြစ်တဲ့ Gen.G ဟာ ဆိုရင်လည်း ဆုံးခန်းတိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။
Gen.G အနေနဲ့ CSGO လောက အတွင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် အသင်း ဖျက်သိမ်းခဲ့တဲ့ လက်ရှိအချိန်ထိ ထင်သလောက် အောင်မြင်မှုတွေကို ရရှိခြင်း မရှိခဲ့ပါဘူး။

အသင်း ဖျက်သိမ်းခဲ့ရခြင်းနဲ့ ပက်သက်ပြီး Gen.G CSGO အသင်းဘက်ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“၂၀၂၁ ခုနှစ်၊ ပြိုင်ပွဲတွေ ပြန်လည် စတင်ချိန်မှာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေ အသင်းသစ်မှာ ပြောင်းရွေ့ အခြေချနိုင်ဖို့ အတွက် အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ယခုကာလဟာ Counter Strike လောက အတွက် တကယ်ကို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ကစားသမားတွေ အားလုံး ရှေ့ဆက် အောင်မြင်စေဖို့ အတွက်လည်း ဆုတောင်း ပေးလိုက်ပါတယ်။”
Gen.G CSGO အသင်းရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Timothy “autimatic” Ta ကတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ယခုကာလမှာ ခေတ်စားလျက်ရှိတဲ့ VALORANT ကို ပြောင်းလဲ ကစားကြည့်သွားမှာဖြစ်ပြီး အချိန်တစ်ခု အကြာမှာ ပရို CSGO ကစားသမား ဘဝကိုပဲ ဆက်လက် ခံယူသွားမလား၊ ဒါမှမဟုတ် VALOARNT နယ်မြေအသစ်ကို ပြောင်းရွေ့သွားမလား ဆိုတာကို ဆုံးဖြတ်သွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။
ဖျက်သိမ်းသွားခဲ့တဲ့ Gen.G CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Timothy “autimatic” Ta
Kenneth “koosta” Suen
Hansel “BnTeT” Ferdiand
Chris “Elmapuddy” Tebbit (Coach)
REF: VpEsports