ပရိုကစားသမား ဘဝကို စွန့်ခွာသွားပြီဖြစ်တဲ့ နာမည်ကျော် Counter Strike ကစားသမား GeT_RiGhT

ပရိုကစားသမား ဘဝကို စွန့်ခွာသွားပြီဖြစ်တဲ့ နာမည်ကျော် Counter Strike ကစားသမား GeT_RiGhT

Counter Strike လောကရဲ့ တစ်သက်တာ အကောင်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ Christoper “GeT”RiGhT” Alesund ကတော့ ပရို ကစားသမား ဘဝကို စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆွီဒင်နိုင်ငံသား GeT_RiGhT အနေနဲ့ ပရိုကစားသမား ဘဝကို CS 1.6 ခေတ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး CS:GO ခေတ်မှာလည်း အောင်မြင်တဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

GeT_RiGhT အနေနဲ့ Ninja in Pyjamas CSGO အသင်းမှာ ပရို CS:GO ကစားသမား ဘဝကို စတင်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့သလို မေဂျာ ပြိုင်ပွဲ ၅ ပွဲဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦး အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ NiP CSGO အသင်းမှာ ၇ နှစ်တာ ဖြတ်သန်းပြီး နောက်မှာတော့ GeT_RiGhT အနေနဲ့ အသင်းဖော်ဟောင်း friberg ရှိရာ Dignitas CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Dignitas CSGO အသင်းမှာတော့ GeT_RiGhT တစ်ယောက် အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပြီး အသင်းကို ရောက်ရှိပြီး ၄ လခန့် အကြာမှာပဲ ပရိုကစားသမား ဘဝကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပရိုကစားသမား ဘဝကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေမယ့် GeT_RiGhT အနေနဲ့ Dignitas CSGO အသင်းရဲ့ အဖွဲ့ဝင် တစ်ဦး အဖြစ် ဆက်လက် တည်ရှိနေဦးမှာဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားပြု Content Creator အဖြစ် ပြောင်းလဲ ရပ်တည်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော့် အနေနဲ့ Dignitas Esports အဖွဲ့အစည်း ကိုယ်စားပြု Content Creator အဖြစ် Streaming ပြုလုပ်ရာမှာ CS:GO တစ်ခုတည်းကိုသာ သီးသန့် Streaming ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ CSGO အပြင် VALORANT, League of Legends, Warzone စတဲ့ ဂိမ်းအမျိုးအစားပေါင်း များစွာကိုလည်း Streaming ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” လို့ GeT_RiGhT ကတော့ ပြောကြားသွားခဲ့ပါတယ်။

REF: AfkGaming, VpEsports