CSGO ကစားသမား ဘဝကို စွန့်ခွာပြီး ပရို VALORANT ကစားသမား ဘဝကို ခံယူသွားမယ့် GeT_RiGhT

CSGO ကစားသမား ဘဝကို စွန့်ခွာပြီး ပရို VALORANT ကစားသမား ဘဝကို ခံယူသွားမယ့် GeT_RiGhT

ဆွီဒင်နိုင်ငံသား Legendary CSGO ကစားသမား Christopher “GeT_RiGhT” Alesund ကတော့ ပရို CSGO ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ CSGO လောကရဲ့ အအောင်မြင်ဆုံး ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ GeT_RiGhT အနေနဲ့ NiP CSGO အသင်းမှာ ရှိနေခဲ့တဲ့ ၇ နှစ်တာ သက်တမ်း အတွင်းမှာ ချန်ပီယံဆုများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

GeT_RiGhT အနေနဲ့ HLTV မှ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန် ကြေညာခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားများ စာရင်းမှာ မကြာခဏ ဆိုသလို ပါဝင်ခဲ့သလို NiP CSGO အသင်းနဲ့အတူ ၈၃ ပွဲဆက်တိုက် အနိုင်ရရှိမှုဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ၂၀၁၃ ခုနှစ်မှာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းက စတင်ပြီး GeT_RiGhT အပါအဝင် NiP CSGO အသင်းတွေ အနေနဲ့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ GeT_RiGhT တစ်ယောက် NiP CSGO အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

NiP CSGO အသင်းကနေ ထွက်ခွာခဲ့ပေမယ့် GeT_RiGhT တစ်ယောက် ပရို CSGO ကစားသမား ဘဝကို စွန့်ခွာခဲ့ခြင်း မရှိဘဲ ၂၀၂၀ ခုနှစ် နှစ်ဦးပိုင်းမှာ အသင်းဖော်ဟောင်းတွေ တည်ရှိရာ Dignitas CSGO အသင်းကို ပြောင်းရွေ့ အခြေချခဲ့ပါတယ်။ Dignitas CSGO အသင်းမှာလည်း GeT_RiGhT တစ်ယောက် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရပါတယ်။

ယခုအခါမှာတော့ GeT_RiGhT အနေနဲ့ ၁၀ နှစ် တစ်ခုကျော် ကျင်လည် ဖြတ်သန်းခဲ့ရတဲ့ ပရို Counter Strike လောကကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး နေရာသစ်ဖြစ်တဲ့ VALORANT မှာ ပြောင်းလဲ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အခုလို ပရို VALORANT ကစားသမားကို ခံယူသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းနဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားမိကြောင်း၊ ရှေ့ဆက်ပြီး ရင်ဆိုင်ရမယ့် အခက်အခဲတွေနဲ့ ပက်သက်ပြီးလည်း ရင်ခုန်မိကြောင်း ကိုယ်ပိုင် တွစ်တာအကောင့်ကနေ တစ်ဆင့် GeT_RiGhT ကတော့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ GeT_RiGhT အနေနဲ့ ဘယ်အဖွဲ့အစည်း လက်အောက်ခံ ပရို VALORANT အသင်းမှာ ဝင်ရောက် ကစားသွားမယ် ဆိုတာကို အတိအကျ ကြေညာခြင်း မရှိသေးပေမယ့် CSGO ပရိုဘဝကနေ VALORANT ကို ကူးပြောင်းသွားတဲ့ ကစားသမား အများစု အနေနဲ့ အလျင်အမြန် အခြေကျပြီး အောင်မြင်လျက် ရှိတာကြောင့် GeT_RiGhT တစ်ယောက်လည်း အမြန်ဆုံး VALORANT နယ်ပယ်သစ်မှာ အခြေကျသွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle