(၂၁) ရာစုရဲ့ ဂိမ်မာဖေဖေများ အကြောင်း တစေ့တစောင်း

(၂၁) ရာစုရဲ့ ဂိမ်မာဖေဖေများ အကြောင်း တစေ့တစောင်း

ဂိမ်းကစားရတာကို ဘယ်အရွယ်တွေက ပိုမို နှစ်သက်လည်းလို့ မေးလိုက်မယ်ဆိုရင် လူအများစုကတော့ ဆယ်ကျော်သက် အရွယ် ကောင်လေးတွေ ဖြစ်တယ်လို့ ဖြေမိကြလိမ့်မယ် ထင်ပါတယ်။ ဒီအချက်က တကယ်တမ်းတော့ လုံးဝဥဿုံ မှန်ကန်တဲ့ အချက်တစ်ချက်တော့ မဟုတ်ပါဘူး။

ဗီဒီယိုဂိမ်း ဖန်တီးရှင်တွေ၊ ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန် ဗီဒီယိုဂိမ်းတွေကို ကြော်ညာတဲ့ အခါမှာ ဆယ်ကျော်သက် အရွယ် လူငယ်ကောင်လေးတွေကို အဓိကထား ဦးစားပေးပြီး ကြော်ငြာလေ့ ရှိကြပါတယ်။ ဒီအချက်ကလည်း သိပ်ပြီးတော့ ထူးဆန်းတဲ့ အချက်တော့ မဟုတ်ပါဘူး။

လက်ရှိ ကျွန်တော်တို့ နိုင်ငံက အသက် (၁၈၊ ၁၉၊ ၂၀) ဝန်းကျင် အရွယ် လူငယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါမျိုးတွေမှာ အများစုကတော့ Mobile Legends ဖြစ်ဖြစ်၊ PUBG Mobile ဖြစ်ဖြစ်၊ Dota2 ဖြစ်ဖြစ်စတဲ့ ဂိမ်းတစ်ခုခု အကြောင်း ပြောဆိုနေတာတွေ၊ ကစားနေတာတွေကို မကြားချင်၊ မမြင်ချင်မှ အဆုံး မြင်တွေ့ရလေ့ ရှိပါတယ်။

ဒါပေမယ့်လည်း အဲဒီလူငယ်လေးတွေနည်းတူ ဗီဒီယိုဂိမ်းတွေ အပေါ် အလေးထား ချစ်မြတ်နိုးတဲ့ နောက်ထပ် အသက်အရွယ် အပိုင်းအခြား တစ်ခု ရှိသေးတယ် ဆိုတာကိုတော့ လူအများစု အနေနဲ့ သတိထားမိလေ့ မရှိကြပါဘူး။ သူတို့တွေကတော့ ရင်သွေးကိုယ်စီ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သက်လတ်ပိုင်း အရွယ် (၂၁) ရာစုရဲ့ ဂိမ်မာ ဖေဖေတွေပဲ ဖြစ်ပါတယ်။

(၂၁) ရာစုရဲ့ ဂိမ်မာဖေဖေတွေကို မိုဘိုင်းဂိမ်း လောကမှာ သိပ်ပြီးတော့ မြင်တွေ့ရလေ့ မရှိပေမယ့် PC, Console ဗီဒီယိုဂိမ်း လောကမှာတော့ အများဆုံး မြင်တွေ့ရလေ့ ရှိကြပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာပြီ ဖြစ်တာနဲ့ အညီ (၂၁) ရာစု ဂိမ်မာဖေဖေတွေဟာ စိတ်အပန်းပြေစေဖို့ အတွက် စာအုပ်ဖတ်တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ အပေါ် အချိန် သိပ်ပေးခြင်း မရှိတော့ဘဲ အားလပ်ချိန်တွေမှာ ဗီဒီယိုဂိမ်းတွေနဲ့သာ အချိန် ကုန်ဆုံးလေ့ ရှိကြပါတယ်။

ဂိမ်မာဖေဖေတွေဟာ ဂိမ်းမာအင်အားစုရဲ့ (၅) ပုံ၊ (၁) ပုံခန့်ကို နေရာ ယူထားလျက်ရှိပြီး တစ်ပတ်ကို စုစုပေါင်း (၃၅) နာရီခန့် ဗီဒီယိုဂိမ်းတွေ အပေါ် အချိန်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဂိမ်မာဖေဖေတွေရဲ့ တစ်ပတ်တာ ကစားနှုန်းဟာ အခြားသော အမျိုးသားဂိမ်မာတွေရဲ့ တစ်ပတ်တာ ကစားနှုန်းထက်တောင် သာလွန်လျက် ရှိတယ်လို့ သိရပါတယ်။

ဂိမ်မာဖေဖေတွေ အဓိက ကြိုက်နှစ်သက်တဲ့ ဗီဒီယိုဂိမ်း အမျိုးအစားကတော့ Battle Royal အမျိုးအစား ဂိမ်းတွေပဲ ဖြစ်ကြပြီး RPG အမျိုးအစား ဗီဒီယိုဂိမ်းတွေကိုလည်း နှစ်ခြိုက်စွာ ကစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် ဂိမ်မာဖေဖေတွေဟာ ဂိမ်းကစားဖို့ အတွက် အချိန်မပေးနိုင်တဲ့ အခါမျိုးတွေမှာလည်း Esports ပြိုင်ပွဲတွေ၊ Streaming ပြုလုပ်မှုတွေကို နှစ်ခြိုက်စွာ အားပေးလေ့ ရှိကြပါတယ်။

နောက်ပြီးတော့ ဂိမ်မာဖေဖေ အများစုဟာ သက်ဆိုင်ရာ လုပ်ငန်းခွင်မှာ ကိုယ်စီ တာဝန် ထမ်းဆောင်နေရသူများ ဖြစ်တာနဲ့ အညီ ဝင်ငွေ တစ်ခုကို ပိုင်ဆိုင်ထားကြပြီ ဖြစ်တာကြောင့် ဆယ်ကျော်သက် လူငယ်တွေထက် ဗီဒီယိုဂိမ်းတွေ အတွက် ငွေကြေး အကုန်အကျခံ အသုံးပြုမှုဟာလည်း ပိုလို့တောင် များပါသေးတယ်။

ဒါကြောင့် ဂိမ်မာဖေဖေတွေဟာ ဗီဒီယိုဂိမ်းလောကရဲ့ အဓိက ဝင်ငွေလည်ပတ်မှု ထောက်တိုင်များ အဖြစ် ရပ်တည်လျက် ရှိတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂိမ်းမင်းကုမ္ပဏီကြီးတွေ အနေနဲ့ ဂိမ်မာဖေဖေတွေရဲ့ အကျိုးသက်ရောက်မှုကို တဖြည်းဖြည်းနဲ့ သိရှိလာကြပြီ ဖြစ်တာကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ ဂိမ်မာဖေဖေတွေကို ဂိမ်းမင်းလောက အတွင်းမှာ ပိုမို မြင်တွေ့လာရဖွယ် ရှိပါတယ်။

REF: Activision

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle