နှစ်စဉ် မိန်းကလေးများစွာကို အသက်နုတ်ယူနေတဲ့ ရောဂါများ

နှစ်စဉ် မိန်းကလေးများစွာကို အသက်နုတ်ယူနေတဲ့ ရောဂါများ

ရောဂါဝေဒနာတွေဆိုတာ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံစားကြရတာပါပဲ။ ဘယ်လောက်ပဲ ဒေါင်ဒေါင်မြည်နေတဲ့သူဖြစ်ပါစေ သေဆုံးကြရစမြဲပါ။ ဒါပေမယ့် တစ်ခါတလေကြတော့လည်း ရောဂါဝေဒနာခံစားရတယ်ဆိုတာ အတိတ်က ဝဋ်ကြွေးပါလာလို့ မဟုတ်ပါဘူး။ ကိုယ် ဂရုမစိုက်လို့ပါ။ မိန်းကလေးတွေဆို ပိုဂရုစိုက်ရပါတယ်။ ယောက်ျားလေးတွေထက် ချူချာကြတယ်လေ။ စကားဦးသန်းတာတွေလည်း များနေပါပြီ။ တကယ်တော့ ဒီနေ့ပြောပြပေးချင်တာက မိန်းကလေးတွေ ဂရုစိုက်ရမယ့် ရောဂါတွေအကြောင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဘယ်လိုရောဂါတွေ အဖြစ်များလဲ။ ဘာတွေဂရုစိုက်ရမလဲဆိုတာကို မိန်းကလေးတိုင်း သိထားရမယ်နော်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ

Centers of Disease Control and Prevention (CDC) ရဲ့ လေ့လာချက်တွေအရ နှလုံးသွေးကြောကျဉ်းတာတွေ၊ ပိတ်တာတွေဟာ မိန်းကလေးတွေကို အများဆုံး သတ်ဖြတ်နေတဲ့တရားခံလို့ဆိုကြပါတယ်။ နှစ်စဉ်တိုင်းတာချက်တွေအရဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါရှိတဲ့ မိန်းကလေး ၃ယောက်မှ ၁ယောက်က နှစ်စဉ် အသက်ပေးနေရပါတယ်။ အထူးသဖြင့်တော့ အသိနောက်ကျလို့ပါပဲ။ ဒီလိုကနေပြီးတော့ နှလုံးကို တိုက်ခိုက်ပြီး Heart Attack နဲ့ သေဆုံးကြလေ့ရှိပါတယ်။ မိန်းကလေးတွေဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် မကြာခဏ အကြောင်းမရှိ အော့အန်ချင်လာကြမယ်။ ကျောတစ်လျှောက် နာကျင်တတ်လာမယ်။ အသက်ရှုမဝဖြစ်လာမယ်လို့ ဆိုပါတယ်။

မျိုးဆက်ပွားဆိုင်ရာရောဂါများ

အသက် ၁၅နှစ်ကနေ ၄၄နှစ်ကြား မိန်းကလေးရဲ့ (၁၀)ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်နေရတတ်ကြပါတယ်တဲ့။ ဘာဖြစ်လို့ မိန်းကလေးတွေဟာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ဒီမျိုးဆက်ပွားဆိုင်ရာအင်္ဂါတွေဟာ ရောဂါဖြစ်လွယ်နေကြရတာလည်းဆိုတော့ သားအိမ်အတွင်း တစ်ရှုးဖွဲ့စည်းပုံပြောင်းလဲမှုတွေနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လို့ ဆိုကြပါတယ်။ တစ်ခါတလေကျတော့လည်း အကြောင်းပြချက်မရှိ ထဖြစ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ် (METABOLISM) ဆိုင်ရာရောဂါများ

ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာရောဂါလို့ ပြောပေမယ့် တကယ်တော့ အဲဒါဟာ ရောဂါအစစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဥပမာ – အဝလွန်ခြင်း၊ သွေးတွင်းအဆီများခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတို့ပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ အများစုဖြစ်တတ်ကြတဲ့ ဒီလိုဇီဝကမ္မဖြစ်စဉ်တွေဟာလည်း ကျန်းမာရေးကို ထိခိုက်စေသလို နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ဖြစ်ပွားအောင် လှုံ့ဆော်ပေးပြီး အသက်တိုစေမှာပါ။

စိတ်ရောဂါများ

Office of Women’s Health ရဲ့ တွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်မတည်ငြိမ်တာတွေဟာ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီတော့ စိတ်ရောဂါအများစုဟာ မိန်းကလေးတွေမှာ ပိုဖြစ်နိုင်တယ်ဆိုတဲ့ သဘောတရားပါပဲနော်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေက စိတ်သဘောထားနူးညံ့ကြတာကိုး။ ဒါ့အပြင် ဓမ္မတာစက်ဝန်းအလျောက် ပြောင်းလဲတတ်တဲ့ စိတ်အခြေအနေကြောင့်ပဲ မိန်းကလေးတွေဟာ အခန့်မသင့်ရင် ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ရပါဘဲ စိတ်ရောဂါဖြစ်နေနိုင်ချေ ရှိတာပါ။

ရင်သားကင်ဆာရောဂါ

ရင်သားကင်ဆာရောဂါဟာ မိန်းကလေးတွေအတွက် ကင်ဆာပေါင်းများစွာထဲမှာ အဖြစ်အများဆုံးရောဂါပါ။ အသက်အရွယ်နဲ့ လူမျိုးမရွေးဖြစ်ပွားတတ်ပြီး အထူးသဖြင့်တော့ အသက်ကြီးလာလေလေ ဖြစ်လွယ်လာလေလေပါပဲ။ မိန်းကလေးတွေဟာ အသက် ၄၀အရွယ်ကို ရောက်တာနဲ့ ရင်သားဓာတ်မှန် (Mammogram) ကို တစ်နှစ်တစ်ကြိမ် ပုံမှန်ရိုက်ပြီး စစ်ဆေးသင့်တဲ့အပြင် မိသားစုဝင်ထဲက မိန်းကလေးတွေထဲမှာ (၂)ယောက်နဲ့အထက်ဟာ ရင်သားကင်ဆာဖြစ်ဖူးတဲ့အတွေ့အကြုံရှိတယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ရပါလိမ့်မယ်။

ခုခံအားဆိုင်ရာရောဂါများ

American Autoimmune Related Diseases Association (AARDA) ရဲ့ လေ့လာချက်တွေအရ ခုခံအားဆိုင်ရာရောဂါဖြစ်နေတယ်လို့ တွေ့ရှိပြီဆိုရင် သွားမကြည့်ပါနဲ့။ (၇၀)ရာခိုင်နှုန်းက မိန်းကလေးတွေပါပဲတဲ့။ အဓိကတော့ ဒီလို ခုခံအားနဲ့ပတ်သက်တဲ့ရောဂါတွေဟာ မျိုးရိုးလိုက်တတ်တယ်။ ဥပမာ – အရေပြားရောင်ယမ်းတဲ့ရောဂါတစ်မျိုး (Lupus) ၊ ဆီးချိုရောဂါနဲ့ အဆစ်ရောင်နာရောဂါ (Arthritis) တို့ပဲ ဖြစ်ပါတယ်။

ဒီရောဂါတွေဟာ နှစ်စဉ် မိန်းကလေးပေါင်းများစွာကို တိုက်ခိုက်နေပြီး ဂရုမစိုက်ဘဲ ပစ်ထားမိလို့လည်း အသက်နုတ်ယူခံလိုက်ရတာတွေလည်း များပါတယ်။ ကိုယ်က အခုလို သိထားပြီဆိုရင်တော့ ကိုယ့်ရဲ့ မျိုးရိုး၊ နေထိုင်စားသောက်မှုပုံစံ၊ မွေးရာပါချို့ယွင်းချက်တွေနဲ့ ချိန်ထိုးစဉ်းစားပြီး ဘယ်လိုရောဂါတွေတော့ ဖြစ်နိုင်တယ်။ အဲဒီအတွက် ဘယ်လိုကာကွယ်ထားရမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားကြပါနော်။ မိန်းကလေးတိုင်း ကျန်းမာပျော်ရွှင်ပြီး လှပကြပါစေလို့ ဆန္ဒပြုပါတယ်။

(Photo Credit)

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ