အမျိုးသမီး တွေကအိတ်တွေကိုဘာကြောင့်အမျိုးမျိုးပြောင်းလေ့ရှိတာလဲ

အမျိုးသမီး တွေကအိတ်တွေကိုဘာကြောင့်အမျိုးမျိုးပြောင်းလေ့ရှိတာလဲ

အမျိုးသမီးတွေရဲ့အရေးကြီးဆုံးအသုံးအဆောင်လို့ပြောရင် အိတ်လိုတောင်ပြောလို့ရပါတယ်။အိတ်တွေက အသုံးဝင်ပုံကတော့ တော်တော်လေးအရေးပါတယ်လို့ပြောလို့ရပါတယ်။ အိတ်တွေက Size အမျိုးမျိုးလည်းထွက်သလို Design လည်းအမျိုးမျိုးလည်းထွက်နေတာဆိုတော့ ကိုယ့်ရဲ့ Outfits နဲ့လိုက်ပြီး ပုံစံအမျိုးမျိုးလွဲလာကျပါတယ်။အမျိုးသမီးတွေက ကိုယ့်ကြိုက်တဲ့  Fashion တွေကိုအမျိုးမျိုး ပြောင်းချင်တဲ့သဘောမှာရှိပါတယ်။

အဲ့တော့ မိန်းကလေးတစ်ယောက်မှာ အနည်းဆုံးအိတ်ကို ၃ လုံး ၄ လုံးလောက်ကတော့ရှိပါတယ်။ အိတ်ကိုမှ Crazy ဖြစ်တဲ့ မိန်းကလေးတွေအတွက်ဆို အိတ်ကို  Design အမျိုးမျိုးလွယ်ရတာကြိုက်ကြပါတယ်။မိန်းကလေးတွေရဲ့စိတ်က အိတ်ကိုတစ်လုံးတည်းလွယ်ရတာမကြိုက်ကြပါဘူး။သူတို့ရဲ့စိတ်တွေပေါ်မူတည်ပြီးတော့ သူတို့ အိတ်တွေပြောင်းလေ့ရှိပါတယ်။ ကိုယ့်ကြိုက်တဲ့အိတ်တွေလွယ်ရတာကလည်း ကိုယ့်ရဲ့စိတ်ကိုကျေနပ်စေတဲ့ခံစားမှုလေးတစ်ခုပါနော်။အိတ်အသစ်တွေလွယ်ရတာကလည်း ကိုယ့်ကိုကိုယ့် ယုံကြည်မှုကိုမြှင့်တင်ပေးတာနဲ့အတူတူပါပဲ အဲ့အတွက်ကြောင့် မိန်းကလေးတွေတော်တော်များများကအိတ်တွေဆိုရောင်စုံလေးတွေလွယ်ကြပါတယ်။ ကိုယ့်ယူသွားရမဲ့ ပစ္စည်းတွေကများရင် အိတ်အကြီးတွေလွယ်ကြတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle