ကိုယ့်ကောင်လေးကိုအရမ်းချစ်တဲ့ကောင်မလေးတွေကဘယ်လိုအပြုအမှုတွေလုပ်တတ်လဲ

ကိုယ့်ကောင်လေးကိုအရမ်းချစ်တဲ့ကောင်မလေးတွေကဘယ်လိုအပြုအမှုတွေလုပ်တတ်လဲ

မိန်းကလေးတွေက ကိုယ်တန်ဖိုးထားရတဲ့သူ၊ကိုယ်အရမ်းချစ်နေမိတဲ့သူဆိုရင်စိုးရိမ်စိတ်တွေ၊ဂရုစိုက်မှုတွေရှိလာတတ်ပါတယ်။တစ်ချို့မိန်းကလေးတွေကလေးဆန်တတ်တယ်။အဲ့လို့မိန်းကလေးတွေကဘယ်လိုမျိုးအပြုအမှုတွေရှိတတ်လဲဆိုတာမျှဝေပေးချင်ပါတယ်။
ဖုန်းခဏခဏဆက်မယ်
ဖုန်းခဏခဏဆက်တယ်ဆိုတဲ့အကျင့်လေးတွေဖြစ်လာတတ်ပါတယ်။ဘာလို့လဲဆိုတော့ သူဘာတွေများလုပ်နေမလဲ ၊ဘယ်သူတွေနဲ့ရှိနေမလဲဆိုတာကိုသိချင်နေလို့ပါ။တစ်ခါတစ်လေ အဲ့လိုခဏခဏဆက်ပြန်ရင်လည်း သူ့ဘက်ကစိတ်အနှောက်အယှက်ဖြစ်သွားမလားဆိုတဲ့အချက်လေးကိုတော့စဉ်းစားသင့်တယ်နော်။


အရင်ကထက်ပိုလှချင်တယ်
မိန်းကလေးတွေကအရမ်းချစ်တတ်လာရင် ပိုပြီးလှချင်တယ်။သူတို့ရဲ့မျက်လုံးထဲမှာ အလှဆုံးလို့မြင်စေချင်တယ်။အလှတွေပြင်တတ်လာမယ်။ ကိုယ့်ချစ်သူရဲ့အချစ်ကိုလည်းခံချင်သလို၊ကိုယ့်ချစ်သူရဲ့လှတယ်လို့ပြောခံချင်တာလည်းပါတယ်နော်။


ဂရုစိုက်တတ်လာမယ်
ကိုယ့်ချစ်ရတဲ့သူဆိုရင် သေးသေးလေးတွေကအစဂရုစိုက်လာတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပေးဆပ်ချင်တဲ့သဘောမျိုးပါ။မိန်းကလေးတွေက ကိုယ့်တန်းဖိုးထားရတဲ့သူဆိုရင်ဘာမှဆိုပေးဆပ်ချင်တယ်။