ကောင်လေးတွေကဘယ်လိုကောင်မလေးပုံစံမျိုးဆို လက်တွဲချင်ကြလဲ

ကောင်လေးတွေကဘယ်လိုကောင်မလေးပုံစံမျိုးဆို လက်တွဲချင်ကြလဲ

ကောင်လေးတော်တော်များများကလှတယ်ဆိုရင်ဘယ်လိုမဆိုကြည့်တတ်ကြပါတယ်။ မိန်းကလေးပဲဖြစ်ဖြစ်ယောကျာ်းလေးဖြစ်ဖြစ်  ချောတယ်လှတယ်ဆိုရင်သဘောကျတတ်ပါတယ်။ဒါပေမယ့်သူတို့ရဲ့လက်တွဲဖော်အဖြစ်တကယ်ရွေးချယ်တော့မယ်ဆိုရင်ရုပ်လှတာထက် စိတ်သဘောထားပြည့်ဝတဲ့လူတွေကိုပိုပြီး  သဘောကျတတ်ကြပါတယ်။အဲ့လိုကောင်မလေးတွေကဘယ်လိုပုံစံလေးတွေရှိတတ်ကြတာလဲ ?
အရမ်းမချုပ်ချယ်တဲ့သူမျိုး
တစ်ချို့က ကိုယ်ချစ်ရတဲ့ သူတွေကိုဆိုချုပ်ချယ်ချင်တာမျိုးတွေရှိတတ်ကြပါတယ်။ကိုယ့်ကိုချစ်လို့ဂရုစိုက်တာမျိုးထက်ချုပ်ချယ်တာမျိုးတွေဖြစ်လာတတ်ကြပါတယ်။ကောင်လေးတွေရဲ့သဘောက သူတို့ကိုအရိပ်တကြည့်ကြည့်ကောင်မလေးမျိုးကိုသဘောကျတယ်ဆိုပေမယ့် လိုတာထက်ပိုပြီးချုပ်ချယ်ရင်တော့  သူတို့အတွက်စိတ်မွန်းကျပ်စေတာမျိုးတွေဖြစ်တတ်ပါတယ်။


နားလည်ပေးတတ်တဲ့သူ
ကောင်လေးတော်တော်များများကသူတို့ရဲ့ဖြစ်တည်မှုကိုနားလည်ပေးတတ်တဲ့သူမျိုးဆိုသူတို့က ပိုပြီးတော့သူတို့ရဲ့ အကြောင်းတွေကိုဖွင့်ပြောတတ်ကြပါတယ်။  တစ်စိမ်းတစ်ယောက်ကိုနားလည်ပေးဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူတဲ့ကိစ္စလို့လည်းပြောလို့ရပါတယ်။ကောင်လေးတွေကတကယ်တော့သူတို့ရဲ့အကြောင်းတွေနားထောင်ပေးတဲ့သူတွေဆို ပိုပြီးတော့နီးစပ်ကြပါတယ်။


ကြင်နာပါ
ကိုယ့်ရဲ့ကောင်လေးအပေါ်မှာပဲမဟုတ်ပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုလည်းကြင်နာပြီးဖေးမတတ်ဖို့လိုပါတယ်။ ဘယ်ကောင်လေးType မဆိုကိုယ့်ကို  ကြင်နာပြီးဖေးမတတ်တဲ့သူမျိုးဆို သူတို့တွေကလည်းသတိထားမိပြီး စိတ်ဝင်စားတတ်ကြပါတယ်နော်။

Kelly - Akhayar Lifestyle

Photo Credit -freepik