Astralis CSGO အသင်းမှာ ပြန်လည် ဝင်ရောက် ကစားသွားမယ့် Gla1ve

Astralis CSGO အသင်းမှာ ပြန်လည် ဝင်ရောက် ကစားသွားမယ့် Gla1ve

နာမည်ကျော် CSGO အသင်း Astralis ရဲ့ In-Game Leader ဖြစ်သူ Gla1ve ကတော့ ပြီးခဲ့တဲ့ မေလမှာ ကျန်းမာရေး ပြဿနာများကြောင့် အသင်းကနေ ခေတ္တ အနားယူသွားခဲ့ပါတယ်။ Gla1ve တစ်ယောက် အနားယူလျက်ရှိတဲ့ အချိန်မှာ Astralis CSGO အသင်း အနေနဲ့ အရံကစားသမားဖြစ်သူ Patric “es3tag” Hansen နဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

es3tag & zonic 

ဒါကြောင့်လည်း အသင်းရဲ့ ကျရှုံးမှုတွေကို မျက်ကွယ်မပြုနိုင်တဲ့ Gla1ve တစ်ယောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ အတွက် အခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ အသက် (၂၅) နှစ် အရွယ်၊ ဒိန်းမတ်နိုင်ငံသား၊ Rifler ဖြစ်သူ Gla1ve အနေနဲ့ In-Game Leader အဖြစ် ပြန်လည် တာဝန်ယူသွားမှာဖြစ်ပြီး ESL Pro League Season 12: Europe မှာ အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Gla1ve အနေနဲ့ ကစားသမား ဘဝကို ESL Pro League Season 12: Europe ပြိုင်ပွဲမှသာ ပြန်လည် ခံယူခဲ့တာ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားခဲ့တဲ့ ESL One: Cologne 2020 Online – Europe ပြိုင်ပွဲ စတင်စဉ် အချိန်ကတည်းက အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းခဲ့တာ ဖြစ်သလို နည်းပြကြီး Danny “Zonic” Sorensen ရဲ့ လက်ထောက်နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

Gla1ve တစ်ယောက် အသင်းကနေ ခေတ္တ အနားယူနေတဲ့ အချိန်အတွင်းမှာ Astralis CSGO အသင်း အနေနဲ့ ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး HLTV ကမ္ဘာ့အဆင့် သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး (၁၀) သင်း စာရင်းကို မဝင်နိုင်တော့တဲ့ အထိ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Gla1ve

ဒါပေမယ့်လည်း Gla1ve တစ်ယောက် လက်ထောက်နည်းပြ အဖြစ် ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ESL One Cologne က စတင်ပြီး Astralis CSGO အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ပြန်လည် တိုးတက်လို့ လာခဲ့တာကြောင့် ESL Pro League Season 12 ပြိုင်ပွဲမှာ In-Game Leader ဖြစ်သူ Gla1ve ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်သွားခြင်းက အသင်း အပေါ် ဘယ်လောက် အကျိုးသက်ရောက်မှုတွေ ရှိလာစေမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle