ကျန်းမာရေး ပြဿနာများကြောင့် CSGO လောကကနေ သုံးလခန့် အနားယူမယ့် နာမည်ကျော် ကစားသမား Gla1ve

ကျန်းမာရေး ပြဿနာများကြောင့် CSGO လောကကနေ သုံးလခန့် အနားယူမယ့် နာမည်ကျော် ကစားသမား Gla1ve

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ESL One: Road To Rio Europe ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Astralis CSGO အသင်းရဲ့ In-Game Leader ဖြစ်သူ Lukas “Gla1ve” Rossander ကတော့ CSGO လောကကနေ ခေတ္တ အနားယူသွားမှာ ဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

gla1ve

“ကျွန်တော် စိတ်ဖိစီးမှုတွေ၊ အကြောင်းပြချက်မရှိ မောပန်းခြင်းတွေနဲ့ ရင်ဆိုင်နေရတာ အချိန် တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော့် အသင်းသားတွေ၊ Astralis အဖွဲ့အစည်းမှ တာဝန်ရှိသူတွေ အနေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ကျွန်တော် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကျိုးထူးခြင်း မရှိခဲ့ပါဘူး။

Astralis

ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ခေတ္တ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ Astralis အဖွဲ့အစည်းဘက်ကိုလည်း ကျန်းမာရေး ပြဿနာများကြောင့် အသင်းကနေ သုံးလခန့် အနားယူသွားမှာဖြစ်တဲ့ အကြောင်း အသိပေးပြီး ဖြစ်ပါတယ်။”

JUGi

Gla1ve တစ်ယောက် အခုလို အသင်းကနေ ခေတ္တ အနားယူသွားတာကြောင့် ဇွန်လ အတွင်းမှာ ကျင်းပသွားမယ့် Blast Premier Spring Showdown 2020 ပြိုင်ပွဲနဲ့ ဩဂုတ်လမှာ ကျင်းပသွားမယ့် ESL One: Cologne ပြိုင်ပွဲတို့မှာ Astralis အဖွဲ့သားတွေ အနေနဲ့ In-Game Leader ပါဝင်ခြင်း မရှိဘဲ ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

es3tag

ဒါပေမယ့်လည်း Astralis CSGO အသင်း အနေနဲ့ ယခုလို ဖြစ်ရပ်မျိုးတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အခက်အခဲ မရှိစေဖို့ အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က စတင်ကာ အသင်း အတွက် ဆဌမမြောက် ကစားသမား အဖြစ် Patrick “es3tag” Hansen, သတ္တမမြောက် ကစားသမား အဖြစ် Jakob “JUGi” Hansen တို့ကို ခေါ်ယူထားခဲ့တာကြောင့် Gla1ve အနားယူနေစဉ် ကာလ အတွင်းမှာ အဆိုပါ ကစားသမား နှစ်ဦး အတွင်းမှ တစ်ဦးကို အစားထိုး အသုံးပြုသွားဖွယ် ရှိပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ