ပရို LOL ကစားသမား ဘဝကနေ အနားယူပြီး နည်းပြဘဝကို ခံယူသွားမယ့် Goldenglue

ဝါရင့်ကစားသမားတွေရဲ့ အနားယူမှုတွေ၊ နာမည်ကျော် ကစားသမား အပြောင်းအရွေ့တွေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းဟာ LOL ပရိသတ်တွေ အတွက်တော့ စိတ်လှုပ်ရှားစရာ သတင်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက LCS လောကရဲ့ Legend ကစားသမားတွေဖြစ်တဲ့ Doublelift နဲ့ Bjergsen တို့ ပရိုကစားသမား ဘဝကနေ အနားယူသွားခဲ့သလို ယခုအခါမှာလည်း NA LOL လောကရဲ့ ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ Greyson Gregory “Goldenglue” Gilmer ဟာ ဆိုရင်လည်း ပရို LOL ကစားသမား ဘဝကနေ အနားယူလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Goldenglue အနေနဲ့ LOL လောကအတွင်းမှာ ကျင်လည်ခဲ့တာ ၇ နှစ်ကျော် ကာလကို ရောက်ရှိခဲ့တာဖြစ်ပြီး နာမည်ကျော် LOL အသင်းတွေဖြစ်တဲ့ Team Liquid, Cloud9, Golden Guardians, Evil Geniuses စတဲ့ အသင်းတွေမှာ Mid Laner အဖြစ် တာဝန်ယူခဲ့ပါတယ်။ Goldenglue အနေနဲ့ ပရိုကစားသမား ဘဝကနေ အနားယူသွားပေမယ့် LOL လောကကနေ အပြီးပိုင် ထွက်ခွာသွားမှာ မဟုတ်ဘဲ 100 Thieves Academy LOL အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
Welcome @GoldenGlue as our 2021 League of Legends Academy Head Coach!
— 100 Thieves (@100Thieves) December 1, 2020
Greyson has been playing LoL competitively for the past 7 years. We’re excited to bring his experience and game expertise to 100 Thieves under a coaching role for the 2021 season! #100T pic.twitter.com/fe01nzHTKQ
“2021 LOL ရာသီ အတွက် 100 Thieves Academy အသင်းရဲ့ နည်းပြချုပ် အဖြစ် Goldenglue မှ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Greyson အနေနဲ့ LOL ကစားသမား အဖြစ် ၇ နှစ်ကျော် ဖြတ်သန်းခဲ့တာကြောင့် Greyson ရဲ့ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ ကျွန်တော်တို့ အကယ်ဒမီ အသင်းရဲ့ လူငယ်ကစားသမားတွေ အတွက် တကယ်ကို အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်မိပါတယ်။”

Goldenglue အနေနဲ့ LOL ကစားသမား ဘဝမှာ ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့ပေမယ့် ကျရှုံးမှုတွေကနေ တစ်ဆင့် အတွေ့အကြုံပေါင်း များစွာကို ရယူနိုင်ခဲ့တာကြောင့် 100 Thieves အကယ်ဒမီ အသင်းရှိ ကစားသမားတွေကို ကောင်းမွန်တဲ့ ဦးဆောင် ညွှန်ကြားမှုတွေ ပြုလုပ်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။
REF: VpEsports