မိုးရွာချိန်ဆို ဖီးလ်လို့ကောင်းမယ့် နိုင်ငံတကာကသီချင်းတွေ

မိုးရွာချိန်ဆို ဖီးလ်လို့ကောင်းမယ့် နိုင်ငံတကာကသီချင်းတွေ

ရထားဥသြဆွဲသံတေကြားတဲ့အခါ ဒါမှမဟုတ် မိုးရွာတဲ့အချိန်တွေဆို ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတာမျိုး ဖြစ်ဖူးကြတယ်မဟုတ်လား။ ဒီလိုဖီးလ်လို့လွမ်းလို့ကောင်းတဲ့အချိန်မျိုးမှာ အခရာက ပြောပြပေးမယ့်  ဒီသီချင်းလေးတွေကို နားထောင်လိုက်မယ်ဆိုရင် ရာသီဥတုနဲ့အတူ လိုက်ပါစီးမျောလို့ကောင်းမှာ အသေအချာပါပဲ။


Raindrops Keep Falling On My Head – BJ Thomas


ဒီသီချင်းကတော့ “မိုးစက်ကလေးများ ခေါင်းပေါ်မှာ” ဆိုပြီး မြန်မာသီချင်းတောင် ရှိပါသေးတယ်။ ဒီသီချင်းကိုဆိုခဲ့တဲ့ BJ Thomas က ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ပါ။ Raindrops Keep Falling On My Head က သူ့သီချင်းတွေထဲမှာမှ နာမည်အကြီးဆုံးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

Rain – Lim Kim

ဒီသီချင်းကတော့ ကိုရီးယားသီချင်းကောင်းလေးတစ်ပုဒ်ပါ။ မိုးရွာချိန်မှာ ဖွင့်ထားလိုက်ရင် အတော်လေး နားထောင်လို့ကောင်းတဲ့ သီချင်းပါ။ အသေးစိတ်ကိုတော့ ပြောမနေတော့ဘူး။ ဖွင့်သာကြည့်လိုက်တော့။

If it is for you  –  The Overtunes

ဒီသီချင်းကိုသီဆိုတဲ့ Band ကတော့  ဖိလစ်ပိုင်နိုင်ငံက ကောင်လေး (၃)ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီသီချင်း အစကတော့ ဂစ်တာသံချိုချိုလေးတွေနဲ့ စထားတာပါ။ Acoustic သီချင်းအမျိုးအစားဖြစ်ပါတယ်။ သူတို့တွေရဲ့ အသံကောင်း၊ မကောင်းနဲ့ သီချင်းအနေအထားကို သိချင်ရင်တော့ ဗီဒီယိုကို ရှိုးလိုက်တော့။

Somewhere Over The Rainbow – Judy Garland

ဒီသီချင်းက ၁၉၃၉ ခုနှစ်က ထွက်ခဲ့တဲ့ The Wizard of Oz ဆိုတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းအဖြစ် ပါဝင်ခဲ့တာပါ။ အကောင်းဆုံးမူရင်းသီချင်းအဖြစ် Academy Award ရခဲ့တဲ့ ဒီသီချင်းဟာ ဒီထဲက ဇာတ်လိုက်မင်းသမီး Judy Garland ရဲ့ Signature သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

Only One Who Knows – Arctic Monkeys

ဒီသီချင်းရဲ့အဝင်မှာကတည်းက အဆွေးတလိုင်း ခံစားရမှာပါ။ Arctic Monkeys ရဲ့ အကြောင်းနဲ့ သူတို့သီချင်းတွေကိုတော့ အထူးတလည် ပြောပြနေဖို့ လိုမယ်မထင်ပါဘူးနော်။

Papa Paname – Vanessa Paradis

“By bike I remember I was walking down the alleywaysI was immortal because you gave me wings”  လို့ အဓိပ္ပါယ်ရတဲ့ အကြောင်းအရာတွေနဲ့ ရေးဖွဲ့ထားတဲ့ ဒီသီချင်းကတော့ ပြင်သစ်သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အခရာက ပရိသတ်ကြီးအတွက် မိုးရွာတဲ့အချိန်မှာ နားထောင်လို့ကောင်းမယ့် ပြင်သစ်သီချင်းတွေဆိုပြီး Google ခေါက်ကြည့်တော့ ဒီသီချင်းလေး သွားတွေ့တယ်။ ဖြစ်ချင်တော့ A Monster in Paris ကာတွန်းကားထဲက ဇာတ်ဝင်သီချင်းဖြစ်နေတာကို တွေ့ရပါတယ်။
မိုးရွာတဲ့နေ့လေးမှာ သီချင်းကောင်းကောင်းလေးတွေကိုနားထောင်ပြီး ဖီးလ်ချင်လို့ပဲ ဖြစ်စေ၊ နားထောင်နေကျသီချင်းတွေထဲကနေ ကွဲထွက်ပြီးတော့ အဆန်းအပြားလေးတွေကို နားထောာင်ချင်တဲ့အခါမျိုးမှာ ဒီသီချင်းလေးတွေကို နားထောင်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ တစ်ခါနားထောာင်ပြီးရင် ဒီသီချင်းလေးတွေကို ပြန်ပြန်ပြီးနားထောာင်ချင်မှာ အသေအချာပါပဲ။ဒီသီချင်းတွေမှ မဟုတ်ဘဲ ပရိသတ်ကြီးနားထောင်နေကျ သီချင်းကောင်းကောင်းလေတွရှိရင်လည်း ပြောခဲ့ပေးဦးနော်။
Reference : theodysseyonline.com, axs.com
Video Credit : Youtube
NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle