Google Map က အသစ်ထည့်သွင်းလိုက်တဲ့ SOS Alerts က Natural Disaster တွေကို သတိပေးနိုင်တော့မယ်တဲ့

Google Map က အသစ်ထည့်သွင်းလိုက်တဲ့ SOS Alerts က Natural Disaster တွေကို သတိပေးနိုင်တော့မယ်တဲ့

Google Map က အသဈထည့ျသှငျးလိုကျတဲ့ SOS Alerts က Natural Disaster တှကေို သတိပေးနိုငျတော့မယျတဲ့Google Map ကို နောက်ပိုင်းမှာ မြန်မာနိုင်ငံကလူတွေလည်း အရမ်းသုံးလာကြပါတယ်။ အထူးသဖြင့် ကားမောင်းတဲ့သူတွေဆိုရင် Google Map ရဲ့ Navigation System ကြောင့် လမ်းမသိရင်တောင်မှ ချောချောမွေ့မွေ့သွားနိုင်ပြီလေ။ အခု Google Map ကနေပြီးတော့ အသစ်ထပ်ထည့်ပေးလိုက်တဲ့ Tool လေးက သဘာဝဘေးအန္တရာယ်တွေရဲ့ရန်ကိုကြိုတင်သတိပေးတဲ့ စနစ်လေးဖြစ်ပါတယ်။ ဒီစနစ်မှာ ဘာတွေပါမလဲဆိုတော့ မြေငလျင်တွေ ၊ ဟာရီကိန်းတွေနဲ့ ရေကြီးတာတွေဖြစ်နေတဲ့ နေရာတွေမှာ မြင်နိုင်တဲ့သတိပေးအချက်ပြစနစ်အလွှာလေးပေါ်အောင် လုပ်ပေးပြီး သတိပေးတာတွေဖြစ်တယ်။

ဟာရီကိန်းဆိုရင် တိုက်မယ့်လမ်းကြောင်းကို Google ကနေပြီးတော့ ကြိုတင်အချက်ပြပေးမယ် ၊ ကိုယ်က သဘာဝဘေးသင့်တဲ့နေရာနားမှာဆိုရင် Map ပေါ်မှာ Crisis Notification Card လေးပေါ်မယ်ပေါ့။ ရေကြီးနေရင်လည်း ရေကြီးနေတဲ့နေရာကို အချက်ပြပေးပြီးတော့ ဘယ်လောက်အထိရေကြီးမှုပြင်းထန်တယ်ဆိုတာကိုပါ ပြပေးမှာပါ။ နောက်ဆုံးအနေနဲ့ ငလျင်လှုပ်တာတွေကိုပြတဲ့အခါမှာ ငလျင်ဗဟိုချက် ၊ ငလျင်အတိုင်းအတာပမာဏနဲ့ ငလျင်လှုပ်နေတဲ့နေရာတွေကို ဖော်ပြပေးသွားမှာပါတဲ့။
ဒီစနစ်အသစ်လေးဖြစ်တဲ့ SOS Alerts က Google Map မှာ သဘာဝဘေးအန္တရာယ်နဲ့သက်ဆိုင်တဲ့ စကားလုံးဖြစ်ဖြစ်ရိုက်ပြီးရှာမယ်ဆိုရင် သက်ဆိုင်တဲ့သတင်းတွေ ၊ အရေးပေါ်ဖုန်းနံပေါတ်တွေ ၊ Safety Tips တွေနဲ့ Twitter Updates တွေကိုပါ ပြပေးမှာဖြစ်ပါတယ်။
Google Map ရဲ့ Navigation Warning နဲ့ Earthquake Indicator တွေကို တစ်ကမ္ဘာလုံးအသုံးပြုလို့ရအောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ရေကြီးတာနဲ့ဟာရီကိန်းတွေအတွက်တော့ မြန်မာနိုင်ငံအတွက် Support လုပ်ပေးမပေးဆိုတာ မသေချာပါဘူး။ဘယ်လိုနေနေ တကယ်လို့သာ မြန်မာမှာလည်း Google Map ကို ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မယ်ဆိုရင် အများကြီးအကျိုးရှိမယ်ထင်ပါတယ်။ ပြီးတော့ Navigation Warning နဲ့ Earthquake အတွက် စနစ်အသစ်လေးတွေကို သုံးလို့ရနေရင်တောင်မှ အနည်းဆုံးအန္တရာယ်ကို ကြိုပြီးရှောင်ရှားနိုင်နေပါပြီလေနော်။ သဘောတူတယ်မလား။
Photo Credit: Android Authority
Source: The Verge
Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle