Gpk နဲ့ Illias တို့ကို ခေါ်ယူလိုက်တဲ့ Virtus Pro. Prodigy

Mid Laner ဖြစ်သူ Fn, Pos 5 ကစားသမားဖြစ်သူ eine တို့နဲ့ လမ်းခွဲလိုက်တဲ့ VP. Prodigy Dota2 အသင်းကတော့ CIS ဒေသရဲ့ နာမည်ကျော် လူငယ်ကစားသမား နှစ်ဦးကို ခေါ်ယူအားဖြည့်လိုက်ပြီ ဖြစ်ပါတယ်။ Virtus Pro. Prodigy အနေနဲ့ အသင်းရဲ့ လစ်လပ်လျက်ရှိတဲ့ Mid Lane Position အတွက် Gambit Dota2 အသင်းကနေ ထွက်ခွာခဲ့တဲ့ အချိန်က စတင်ပြီး အသင်းပေါင်း များစွာမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Danil “gpk” Skutin ကို ခေါ်ယူခဲ့ပါတယ်။

Gpk အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကျင်းပသွားခဲ့တဲ့ OGA Dota PIT Online Season 3 ပြိုင်ပွဲမှာ VP. P ကိုယ်စားပြု အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားပေးခဲ့ပြီး ဂရန်းဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့တာကြောင့် အခုလို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခြင်းကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။
MEET OUR NEW PRODIGY PLAYER 🔥🔥🔥 #GOGOVP pic.twitter.com/or8vOzsVjp
— Virtus.pro (@virtuspro) November 1, 2020
“Gpk က တကယ်ကို အရည်ချင်းရှိတဲ့ ကစားသမား တစ်ဦးပါ။ သူ့အနေနဲ့ အောင်မြင်တဲ့ ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ကြောင်းကိုလည်း အကြိမ်ကြိမ် သက်သေပြနိုင်ပါတယ်။ ဒါ့အပြင် Gpk ရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်က ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ အတော်လေးကို ကိုက်ညီပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်” လို့ VP Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Sergey Glamazda ကတော့ ပြောကြားသွားခဲ့ပါတယ်။
VP. Prodigy Dota2 အသင်းမှာ Pos 5/ Captain အဖြစ် ဝင်ရောက် တာဝန်ယူသွားမယ့် ကစားသမားကတော့ Na’Vi Dota2 အသင်းကနေ အနားပေးခံခဲ့ရတဲ့ Ilyas “Illias: Ganeev ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Illias ကို ခေါ်ယူဖို့ အတွက် VP. Prodigy Dota2 အသင်းရဲ့ အခြားသော ကစားသမား လေးဦး အနေနဲ့ ပြောင်းရွေ့ကြေး တစ်ဝက်ကို လစာထဲကနေ ပေးချေသွားဖို့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Meet @illias_dota Ilyas "illias" Ganeev, fifth player of VP.Prodigy 😎 #GOGOVP
— Virtus.pro (@virtuspro) November 2, 2020
Welcome to the Bears ❤️🖤 pic.twitter.com/X42m8IryMw
“Illias က တကယ်ကို ထူးချွန်တဲ့ ကစားသမား တစ်ဦးပါ။ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား လေးဦးအနေနဲ့ Illias ကို ခေါ်ယူဖို့ အတွက် ပြောင်းရွေ့ကြေး ကူညီပေးတဲ့ အထိ Illias အပေါ် ယုံကြည်ထားကြသလို ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့လည်း ဒီကစားသမား ငါးဦးနဲ့အတူ ချန်ပီယံဆုတွေကို သိမ်းပိုက်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်” လို့ VP Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Sergey Glamazda ကတော့ ပြောကြား သွားခဲ့ပါတယ်။

VP. P Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ မည်သည့် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် Virtus Pro အသင်းကြီး အနေနဲ့ မကြာသေးခင် အချိန်မှာ ကျင်းပသွားမယ့် EPIC League ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ဖိတ်ခေါ်ခံထားရတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ Virtus Pro Dota2 အသင်းကြီး ကိုယ်စား ဝင်ရောက် ယှဉ်ပြိုင်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
VP. Prodigy Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Epileptick1d – Pos 1
- Gpk – Pos 2
- DM – Pos 3
- Save – Pos 4
- Illias – Pos 5
REF: VpEsports, VpEsports1