11K MMR ပြည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့တဲ့ Gpk

၂၀၂၀ ခုနှစ်၊ နှစ်ဦးပိုင်းမှာ EG Dota2 အသင်းရဲ့ Mid Lane ကစားသမား Abed Azel “Abed” L Yusop အနေနဲ့ 11K MMR ပြည့် ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Fnatic Dota2 အသင်းရဲ့ Carry ကစားသမားဟောင်း Nuengnara “23savage” Teeramahanon ကလည်း အားကျမခံ ဒုတိယမြောက် 11K MMR ပြည့် ကစားသမားဆိုတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။

Abed နဲ့ 23savage တို့ နောက်ပိုင်းမှာ ကစားသမား အများစု အနေနဲ့ 11K MMR ပြည့် ကစားသမား အဖြစ် ထပ်မံ မှတ်တမ်း တင်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြပေမယ့် အများစုကတော့ ကျရှုံးခဲ့ကြပါတယ်။ ယခုအခါမှာတော့ Gambit Dota2 အသင်းကနေ EG Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Mid Lane ကစားသမားလေး Danil “gpk” Skutin ကတော့ 11K MMR ပြည့် တတိယမြောက် ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
11K MMR ပြည့်သွားခဲ့ပြီ ဖြစ်ကြောင်းကို GPK ကိုယ်တိုင် အင်စတာဂရမ် အကောင့်ကနေ တစ်ဆင့် အသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Gambit Esports ဘက်ကလည်း Gpk တစ်ယောက် 11K MMR ပြည့်သွားခဲ့တဲ့ အတွက် ဂုဏ်ပြုပါကြောင်း တွစ်တာအကောင့်ကနေ တစ်ဆင့် ကြေညာသွားခဲ့ပါတယ်။
Gpk အနေနဲ့ အသက်အရွယ်အားဖြင့် ၁၉ နှစ်အရွယ်သာ ရှိသေးပေမယ့် CIS ဒေသရဲ့ အကောင်းဆုံး Mid Laner တွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အတွေ့အကြုံ နုနယ်သေးတဲ့ ကစားသမား တစ်ဦး ဖြစ်တာနဲ့ အညီ Gpk ဟာ အချို့သော ပွဲစဉ်တွေမှာ ထင်မှတ်မထားတဲ့ အမှားတွေကို ကျူးလွန်မိလေ့ ရှိနေပါသေးတယ်။
Congrats on joining 11k MMR club, gpk 🥳 pic.twitter.com/oVDgim247P
— Gambit Esports (@GambitEsports) August 24, 2020
လက်ရှိအချိန်မှာ Gpk အနေနဲ့ EG Dota2 အသင်းနဲ့အတူ OMEAGA League EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ အုပ်စုအေရဲ့ ပထမနေရာကို ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် လက်ကျန် ပွဲစဉ်တွေမှာ ဘယ်လို စွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားမလား ဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports