Gambit Dota 2 အသင်းမှာ ပြန်လည် မြင်တွေ့ရတော့မယ့် GPK

ရုရှားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း Gambit ရဲ့ Mid Lane ကစားသမား တစ်ဦးဖြစ်သူ GPK အနေနဲ့ ဖေဖော်ဝါရီလ အစောပိုင်းကာလမှာ အသင်းနဲ့အတူ လာရောက် လေ့ကျင့်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အရံကစားသမား အဖြစ် အပြစ်ပေးခြင်းကို ခံယူခဲ့ရပါတယ်။

Gambit Dota 2 အသင်း အနေနဲ့ GPK အစား CIS ဒေသရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Fn ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူပြီး ESL One LA Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ပြိုင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း StarLadder ImbaTV Dota 2 Minor လက်ရည်စစ်ပွဲမှာတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး 2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Gambit Dota 2 အသင်း အနေနဲ့ အစားထိုး ကစားသမား Fn နဲ့အတူ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားခဲ့တဲ့ WePlay! Tug of War: Mad Moonပြိုင်ပွဲမှာလည်း Top Four အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Fn နဲ့အတူ Gambit Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ GPK ကို အသင်းရဲ့ Active Roster အတွင်း ပြန်လည် ထည့်သွင်းသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။
Danil "gpk" Skutin returns to starting line-up prior to StarLadder ImbaTV #KyivMinor. pic.twitter.com/TGZ4lHW9jW
— Gambit Esports (@GambitEsports) February 27, 2020
“Danil “GPK” Skutin ကို ယခုအချိန်က စတင်ပြီး Gambit Dota 2 အသင်းရဲ့ Active Roster စာရင်းမှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ GPK ကို Active Roster အတွင်း ပြန်လည် ထည့်သွင်းဖို့ အတွက် အသင်းရဲ့ ကစားသမား အားလုံးက ကျေနပ်စွာ လက်ခံခဲ့ကြတာကြောင့် အခုလို ဆုံးဖြတ်ချက်ချခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် GPK နေရာမှာ အစားထိုး ဝင်ရောက် ကစားပေးခဲ့တဲ့ Fn ကိုလည်း အသင်းမှာ ရှိနေခဲ့တဲ့ အချိန်အတွင်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသပေးခဲ့သလို StarLadder ImbaTV Dota 2 Minor မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်မိပါတယ်။”

StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲကို မတ်လ (၅) ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်တာကြောင့် GPK ပြန်လည် ပါဝင်တဲ့ Gambit Dota 2 အသင်း အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports