Grab မှ အရှေ့တောင်အာရှတွင် ထိပ်တန်းအစားအသောက် ပို့ဆောင်သည့် ဝန်ဆောင်မှု ဖြစ်သည့် GrabFood ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

Grab မှ အရှေ့တောင်အာရှတွင် ထိပ်တန်းအစားအသောက် ပို့ဆောင်သည့် ဝန်ဆောင်မှု ဖြစ်သည့် GrabFood ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးစနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab သည် အွန်လိုင်းမှတဆင့်  အစားအသောက် ပို့ဆောင်မှာယူနိုင်သည့် GrabFood ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် စမ်းသပ်အဆင့်အနေနှင့် စတင်မိတ် ဆက်လိုက်ပြီဖြစ်သည်။

ယခုပလက်ဖောင်းသည် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေသည့် Grab အက်ပလီကေးရှင်းမှတစ်ဆင့် ပူနွေးလတ်ဆက်သည့် အစားအသောက်အမယ်များစွာကို လုပ်ငန်းခွင် သို့မဟုတ် အိမ်သို့ ချောမွေ့စွာ အရောက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ Grab သည် သွားလာဆက်သွယ်ရေး၊ အစားအသောက်မှာယူခြင်း နှင့် နောက်ထပ်ရောက်ရှိလာမည့် ဝန်ဆောင်မှုများစွာ တစ်စုတစ်စည်းတည်း ပါဝင်သည့် မြန်မာနိုင်ငံ၏ပထမဉီးဆုံး နေ့စဉ်သုံး Super app ဖြစ်လာရန် ရည်ရွယ်ထားပြီး ထိုပေါင်းစပ်ထားသည့် အက်ပလီကေးရှင်းမှတဆင့် သုံးစွဲသူများ၏နေ့စဉ် မရှိမဖြစ် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားပါသည်။

“မြန်မာပြည်မှာ GrabFood ကို စပြီးစမ်းသပ်လည်ပတ်နိုင်ခဲ့တာက ကျွန်မတို့ ကြိုးစားနေတဲ့ နေ့စဉ်သုံး Super app ဖြစ်လာဖို့ဆိုတဲ့ပန်းတိုင်အတွက် အဓိက မှတ်ကျောက်တစ်ခုပါပဲ။   အခုဆိုရင် သွားရေးလာရေးအတွက် Grab ကို အသုံးပြုနေကြတဲ့သူတွေဆီကို အစားအသောက် အမယ်ပေါင်းများစွာကို သယ်ဆောင်လာပေးနိုင်တော့ မှာဖြစ်ပြီး ကိုယ်မှာတဲ့ အစားအသောက်ကို မြန်မြန်ဆန်ဆန်နဲ့ ကိုယ့်အိမ်ရှေ့တံခါးဆီ ရိုးရှင်းတဲ့နည်းလမ်းနဲ့ ရောက်လာနိုင်မယ်ဆိုရင်တော့  Grab ကို အသုံးမပြုရသေးတဲ့သူတွေအနေနဲ့လည်း စိတ်ဝင်စားလာနိုင်မယ် လို့ ယုံကြည်ပါတယ်။

“စားသောက်ဆိုင်တွေနဲ့ အစားအသောက် ရောင်းချသူတွေအနေနဲ့လည်း  သူတို့ဘာသာရရှိဖို့ကြိုးစားနိုင်တဲ့ စားသုံး သူ ပမာဏထက် ပိုပြီးများပြားတဲ့ သုံးစွဲသူကွန်ရက်ကို ရောက်ရှိနိုင်ဖို့ Grab ပလက်ဖောင်းက အကူအညီ ပေးမှာဖြစ်ပါတယ်။ GrabFood အနေနဲ့  အရောင်းမြှင့်တင်ရေးနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကိုလည်း အလေးပေး လုပ်ဆောင်ပေးမယ့်အပြင် စားသောက်ဆိုင် လုပ်ငန်းရှင်အနေနဲ့ ဆိုင်ခွဲအသစ်တွေဖွင့်တဲ့စရိတ်၊ ကိုယ်ပိုင် ဖြန့်ချီရေး ငှားပြီးလုပ်ရတဲ့ စရိတ်တွေကို ကာမိမှာဖြစ်တဲ့အတွက် ဝင်ငွေလည်း တိုးလာမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှတွင်းက GrabFood ပလက်ဖောင်းပေါ် လုပ်ကိုင်နေတဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ အကျိုးအမြတ် များစွာ ခံစားနေရသလို မြန်မာပြည်က လုပ်ငန်းရှင်တွေဟာလည်း အလားတူ ရလဒ်တွေ ခံစားရရှိနိုင်မှာပါ” ဟု Grab Myanmar ရဲ့ Country Head ဖြစ်သူ Cindy Toh က ပြောကြားခဲ့သည်။

GrabFood သည် အရှေ့တောင်အာရှတွင် ကျော်ကြားသည့် အစားအသောက်ပို့ဆောင်သည့်ဝန်ဆောင်မှုဖြစ်ပြီး ယင်းဒေသတစ်လျှောက်တွင် အစားအသောက်ကို အွန်လိုင်းမှ မှာယူစားသောက်သည့် အလေ့အထကို ဆန်းသစ် ပြောင်းလဲစေခဲ့ပါသည်။ မြန်မာနိုင်ငံအတွက် ယခုမိတ်ဆက်လိုက်သည့် နေ့စဉ်သုံး Super app သည် မြို့ ပြနေ အလုပ်လုပ်ကိုင်လျက်ရှိသော သူများနှင့် အရသာရှိသည့် အစားအသောက်များ ချက်ပြုတ်စားကြရန် ခက်ခဲနေ သည့် အလုပ်များသူ မိသားစုများအတွက် ရည်ရွယ်ပြီး ဈေးကွက်လေ့လာချက်များအရ သိရှိလာရသည့် စားသုံး သူများ  စိတ်ကျေနပ်မှုမရှိသည့် ရွေးချယ်စရာများအပေါ် ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။ ခေတ်မီသည့် နည်းပညာများနှင့် ဒေသတွင်း ဈေးကွက်လေ့လာချက်များအရ GrabFood သည် စားသုံးသူများအတွက်

အစားအသောက်အော်ဒါများကို အလွယ်တကူ မှာယူနိုင်စေပြီး  စောင့်ဆိုင်းချိန်နည်းနည်းဖြင့် သူတို့၏တံခါးဝ အရောက် ပို့ဆောင်ပေးနိုင်မည် ဟု ယုံကြည်ထားပါသည်။    ထို့ကြောင့် ရန်ကုန်သူ ရန်ကုန်သားများအနေဖြင့် မိမိအိမ်မှာပင် ချစ်သူနှင့် နှစ်ယောက်တည်း ညစာစားပွဲကို ဖန်တီးလိုသည်ဖြစ်စေ၊ မိမိ သူငယ်ချင်း မိတ်ဆွေများဖြင့်  ပျော်ပွဲရွှင်ပွဲ ကျင်းပလိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် လုပ်ငန်းခွင်တွင်း ပုံမှန်နေ့လယ်စာကို ထူးထူးခြားခြား မှာယူ စားသောက်လိုလျှင်ဖြစ်စေ လွယ်ကူစွာ မှာယူစားသောက်နိုင်မည်ဖြစ်ပါသည်။

“GrabFood မှာက ရွေးချယ်စရာ အစားအသောက်အမယ်အစုံအလင်နဲ့အတူ သုံးစွဲသူတွေကို စိတ်ကျေနပ်စေဖို့ တကယ်ကို စုံလင်ကောင်းမွန်တဲ့ အက်ပ်တွင်း လုပ်ဆောင်ချက်တွေ အများကြီးပါလာမှာပါ။ ရန်ကုန်မြို့ အနှံ့  နာမည်ကြီး စားသောက်ဆိုင်တွေရဲ့ အထူးအစီအစဉ်တွေ၊ အကောင်းဆုံးဟင်းလျာတွေနဲ့ အဲဒီဟင်းလျာတွေကို အချိန်တိုတို နဲ့ အမြန်ဆုံး မှာယူစားသောက်နိုင်ဖို့ Grab အဖွဲ့တစ်ခုလုံးက အကောင်းဆုံးကြိုးစားပေးထားပါ တယ်။ ဘာလို့လဲ ဆိုတော့ ဗိုက်တကယ်ဆာနေပြီဆိုရင်     အချိန်က အရမ်းစကားပြောတယ်လေ” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh မှာ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

စားသုံးသူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် အစားအသောက်ပို့ဆောင်သူများကို ချိတ်ဆက်ပေးထားသည့် ဝန်ဆောင်မှု အစုံပါဝင်သည့် အက်ပလီကေးရှင်းတစ်ခု

ပူနွေးလတ်ဆတ်သည့်အစားအစာများကို ခုနစ်ရက်ပတ်လုံး လိုရာ ပို့ဆောင်ပေးမည် ဟူသော ကတိဖြင့် GrabFood သည် နိုင်ငံတကာ Fast Food ဆိုင်များနှင့် မြန်မာ့အကြိုက် ပြည်တွင်းစားသောက်ဆိုင်များမှ စားသောက်ဖွယ်ရာများကို ရွေးချယ်မှာယူနိုင်ရန် စီစဉ်ပေးထားသည်။ စဉီး ချိတ်ဆက်ထားသော မိတ်ဖက်လုပ်ငန်းများတွင် နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သော KOI၊ Lotteria နှင့် Gong Cha တို့ အပါအဝင် Mr.Wok နှင့် Rangoon Teahouse ကဲ့သို့သော  ပြည်တွင်းမှ နာမည်ကြီး စားသောက်ဆိုင်များ ပါဝင်ပါသည်။

ထို့အပြင် Grab အသုံးပြုသူများသည် ဝယ်ယူမှုတိုင်းအတွက် GrabRewards ပွိုင့်များကိုလည်း ရရှိမည်ဖြစ်ပြီး ထိုပွိုင့်များဖြင့် ရုပ်ရှင်လက်မှတ်၊ ဖုန်းငွေဖြည့်ကတ်၊ သီးသန့်ပေးသော အပတ်စဉ် ဆုလက်ဆောင်များနှင့် အခြားအရာများစွာ ပြန်လည်လဲလှယ်ရယူနိုင်မည် ဖြစ်သည်။ Grab အက်ပလီကေးရှင်း မရှိသေးသူများအနေဖြင့် ထိုခံစားခွင့်များကို ရယူနိုင်ရန် ၎င်းအက်ပလီကေးရှင်းကို Apple store နှင့် Playstore တို့တွင် အခမဲ့ဒေါင်းလုတ်ပြီး ရယူသုံးစွဲနိုင်ပါသည်။

အစားအသောက်နှစ်ခြိုက်သူများအားလုံးအတွက် Grab သည် Grab အက်ပလီကေးရှင်းအတွင်း GrabFood ကို စမ်းသပ်သုံးစွဲနိုင်ရန်  ပရိုမိုကုဒ် GrabFood ကို အသုံးပြုပြီး ပထမဆုံးမှာယူမှု ၃ ကြီမ်စာအတွက် ပို့ဆောင်ခအခမဲ့ ( တစ်ကြိမ်လျှင် ကျပ် ၂၅၀၀ စာ) ရယူနိုင်သည့်အစီအစဉ်ကို ပြင်ဆင်ပေးထားပါသည်။

GrabFood သည် မြန်မာစျေးကွက်အတွက် ထူးခြားသည့် ဝန်ဆောင်မှုများ ယူဆောင်လာမည်ဖြစ်သည်။

  • အနည်းဆုံးမှာရမည့် အရေအတွက် ကန့်သတ်ထားခြင်းမရှိ – တစ်ယောက်စာ အရွယ်အစား မှ မိသားစုစားပွဲများထိ အမှာစာ ကန့်သတ်ထားခြင်းမရှိဘဲ GrabFood မှ သက်သာသော ပို့ဆောင်ခ ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးမည်ဖြစ်ပါသည်။
  • မိမိ လိုအပ်သည့်အချိန် စိတ်ကြိုက်မှာယူနိုင်ခြင်း – GrabFood ဖြင့် အစားအသောက်များကို မိမိလိုအပ်သည့်အချိန် မှာယူနိုင်ပြီး အမှာစာ ရယူခြင်း၊ အစားအသောက် ပြင်ဆင်ခြင်းနှင့် မိမိဆီ လာရောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အက်ပလီကေးရှင်းတွင်း မြေပုံကတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ခြေရာခံနိုင်ပါသည်။
  • နေရာစုံရောက်ရှိမှု – GrabFood သည် နံနက် ၈ နာရီ နှင့် ည ၈ နာရီအကြား ရန်ကုန်မြို့ရှိ မြို့နယ် ၉  မြို့နယ် – ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း နှင့် ကျောက်တံတား – တွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ မကြာခင်တွင်လည်း ပိုမိုများပြားသော စားသောက်ဆိုင်များဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး ပို့ဆောင်ချိန် အပိုင်းအခြားကို တိုးမြှင့်ပေးကာ မြို့နယ် အစုံအလင်ဆီသို့ပို့ဆောင်ပေးရန် ရည်ရွယ်ထားပါသည်။
  • GrabRewards ပွိုင့်များကို အမှာစာများမှ ရယူပါ – GrabTaxi ကြိုတင်ဘွတ်ကင်များကဲ့သို့  GrabRewards ပွိုင့်များကို GrabFood အမှာစာတိုင်းအတွက် ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုပွိုင့်များဖြင့် အရှေ့တောင်အာရှ၏ အကြီးဆုံးသော loyalty program ကတ်တလောက် မှ မိမိ ကြိုက်နှစ်သက်သည့် ဆုလက်ဆောင်များကို ရယူလဲလှယ်နိုင်မည်ဖြစ်သည်။

လုပ်ငန်းမိတ်ဖက်များအတွက် တိုးတက်စေရန်အတွက် ဦးစားပေးဆောင်ရွက်ခြင်း

မိတ်ဖက်စားသောက်ဆိုင်လုပ်ငန်းများ ကြီးထွားတိုးတက်လာစေရန် GrabFood သည် သူ၏လုပ်ငန်းမိတ်ဖက်များ ကို နေ့စဉ် ငွေပေးငွေယူ လုပ်ဆောင်မှုများ ရှိနေသည့် သုံးစွဲသူ အမြောက်အမြား နှင့် ထိတွေ့ချိတ်ဆက်နိုင်ရန် အခွင့်အရေးကောင်းများအား  ဖန်တီးပေးထားသည်။ ထို့အပြင် GrabFood ၏ မိတ်ဖက် လုပ်ငန်းကွန်ရက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ၎င်းသည် မိတ်ဖက်စားသောက်ဆိုင်လုပ်ငန်းရှင်များအား သူ၏ အရောင်းမြှင့်တင်ရေးနှင့် ရာသီအလိုက် ပြုလုပ်လေ့ရှိသည့် အရောင်းမြှင့်တင်ရေး ကမ်ပိန်များတွင် ပူးပေါင်းပါဝင် ခွင့် ရရှိမည်ဖြစ်ပြီး ပုံမှန်ဖောက်သည်များလည်း တိုးပွားနိုင်မည်ဖြစ်သည်။

Rangoon Tea House, Mr. Wok နှင့် Nam Su လုပ်ငန်းတို့ ပါဝင်သည့် RTH group ၏ ပူးတွဲတည်ထောင်သူ ဦးထက်မြက်ဦးက “ မြန်မာနိုင်ငံမှာက သွားရေးလာရေး၊ အစားအသောက်ပို့ဆောင်ရေး နဲ့   ငွေပေးချေတာတွေလို နေ့စဉ် မပါမဖြစ် ဝန်ဆောင်မှုတွေက သိပ်မတွင်ကျယ်သေးဘူး။ ကျွန်တော်တို့လို ပြည်တွင်းစားသောက်ဆိုင် လုပ်ငန်းတွေအနေနဲ့ GrabFood နဲ့ပူးပေါင်းပြီး အတူတူတိုးတက်အောင် လုပ်ရမယ့်အချိန်ပါပဲ။ GrabFood ကလည်း တည်နေရာအခြေပြု နည်းပညာ (geofencing technologies) တွေလို အထောက်အကူပြုနည်းစနစ် တွေနဲ့ စားချင်တဲ့အချိန်မှာ စိတ်ကြိုက်မှာယူနိုင်တဲ့ ဝန်ဆောင်မှုဖြစ်တာကြောင့် အစားအသောက်မှာယူ သူတွေအတွက်  ကျွန်တော်တို့ စားသောက်ဆိုင်မှာပဲ ထိုင်စားနေရသလို အတွေ့အကြုံကို ပေးနိုင်မှာပါ။ အသုံးပြုရ လွယ်ကူတဲ့ GrabFood ပလက်ဖောင်းက ကျွန်တော်တို့လို လုပ်ငန်းရှင်တွေကို သုံးစွဲသူအများကြီးနဲ့ ချိတ်ဆက်ခွင့် ရရှိစေမှာ ဖြစ်သလို Rewards တွေကော၊ ငွေသားမဲ့ ပေးချေမှုစနစ်တွေပါ ပါဝင်တဲ့အတွက် ပြည်တွင်းက အစားအသောက်ရောင်းတဲ့ သူတော်တော်များများကို အကျိုးရှိစေမှာပါ။ အဲဒီတော့ GrabFood နဲ့ ပူးပေါင်းလိုက်တာက ဘယ်လိုအကျိုးတွေခံစားရမလဲ၊ ဒီလုပ်ငန်းကို ဘယ်လိုပိုပြီး   တိုးတက်လာစေမလဲဆိုတာ ရင်ခုန်စရာ ပါပဲ “ ဟု ပြောကြားခဲ့သည်။

ပြည်တွင်းအလုပ်အကိုင်စျေးကွက်အပေါ် သက်ရောက်မှု

မြန်မာနိုင်ငံတွင် GrabFood ကို စတင်လည်ပတ်လိုက်ခြင်းသည် အလုပ်အကိုင်ရှာဖွေနေသော လူငယ်များ အတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာစေပါသည်။ GrabFood ၏ အစားအသောက်ပို့  ဆောင်သူ မိတ်ဖက်များသည် တစ်လလျှင် မြန်မာငွေကျပ် ၆ သိန်း ထိ အကျိုးအမြတ် ရရှိနိုင်မည့်အပြင် ငွေပေးချေမှုများကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ထိုတူညီသည့်နေ့ရက်တွင်ပင် ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

GrabFood မိတ်ဖက်ပိုံဆောင်သူတစ်ဦးဖြစ်သည့် ကိုဇေယျာဖြိုး (အသက် ၂ဝနှစ်) က “ဒီ အက်ပလီကေးရှင်းက သုံးရတာ ရိုးရှင်းပြီး အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ Grab မှာ အပတ်တိုင်း ကိုယ်ဒီတစ်ပတ်အတွက် ငွေ ဘယ်လောက်ရှာပြီးပြီလဲ ဆိုတာ ခြေရာခံလို့ရတယ်။ အဲဒီတော့ ကိုယ် ငွေ ဘယ်လောက်ရှာနိုင်လဲ ကိုယ့်မိဘ မောင်နှမတွေကို ဘယ်လောက်ထောက်ပံ့နိုင်ပြီ ဆိုတဲ့ပီတိလေးကို ရတော့ ပျော်တာပေါ့။ ပြီးတော့ Grab က ပို့ဆောင်သူတွေ အကုန်လုံးအတွက် လုပ်ငန်းခွင် အန္တရာယ်တွေ မတော်တဆမှု ယဉ်တိုက်မှုတွေအတွက် အာမခံတွေလုပ်ထားပေးတော့  ဘာပဲဖြစ်ဖြစ် စိတ်ချရတာပေါ့ဗျာ” ဟု သူ၏အတွေ့အကြုံကို ဝေမျှခဲ့ပါသည်။

GrabFood

GrabFood သည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ GrabFood ပလက်ဖောင်းမှတစ်ဆင့် စားသောက်ဆိုင်များ နှင့် အစားအစာများ အမျိုးအမည်များစွာ ကို  ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်မှာယူနိုင်ရန်အတွက် ချိတ်ဆက်လုပ်ဆောင်ပေးသည့်အပြင် မှာယူသူများထံသို့ လတ်ဆတ်ပူနွေးသော စားသောက်ဖွယ်ရာများကို အိမ်အရောက်ပို့ဆောင်ပေးသည်။ အသုံးပြုသူများသည် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အစားအသောက်များကို တိုက်ရိုက်မှာယူနိုင်ပြီး စားသောက်ဆိုင်မှ အော်ဒါလက်ခံပြီး ပြင်ဆင်နေသည်ကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည် ဖြစ်ပါသည်။ နီးစပ်ရာ အစားအသောက်ပို့ဆောင်သူမှ အမှာ စာကို လက်ခံယူပြီးလျှင်  စားသုံးသူမှ ပို့ဆောင်သူ၏ အမည်၊ ဓာတ်ပုံ နှင့် ပို့ဆောင်နေသည့် လမ်းကြောင်းကို လည်း မြေပုံမှ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါသည်။ GrabFood သည် စားသုံးသူများ လိုလားတောင့်တနေ သည့် အစားအသောက်များကို ပို့ဆောင်ပေးနိုင်မည့် အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle