လိင်အကြမ်းဖက်မှု လုပ်ရပ်တွေ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် Esports လောကကနေ ဖယ်ကျဥ် ခံလိုက်ရတဲ့ Dota2 Caster GranDGrant

NA အခြေစိုက် နာမည်ကျော် Dota2 Caster တစ်ဦးဖြစ်တဲ့ GranDGrant ရဲ့ အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက် လုပ်ရပ်တွေကတော့ နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်းကြီး ပေါ်ပေါက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကာ Esports လောက အတွင်းမှ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ၊ လိင်အကြမ်းဖက်မှု လုပ်ရပ်တွေ Twitter ကနေ တစ်ဆင့် အများအပြား ထွက်ပေါ်လို့ လာခဲ့ပါတယ်။
အဲဒီ အထဲကမှ နာမည်ကျော် Dota2 Caster တစ်ဦးလည်းဖြစ်၊ ပရိသတ်တွေရဲ့ ချစ်ခင် နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့တဲ့ Caster တစ်ဦးလည်းဖြစ်တဲ့ GranDGrant ကတော့ TI 7 ပြိုင်ပွဲ ပြီးဆုံးချိန် ပါတီပွဲ တစ်ခုမှာ အမျိုးသမီး တစ်ဦးကို နှုတ်အားဖြင့်၊ လက်အားဖြင့် အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဟိုးလေးတစ်ကျော် ထွက်ပေါ်လို့ လာခဲ့ပါတယ်။
Fuck it. The hand-grabby person was Grant Harris.
— 707 in a sun dress hacking police radios coz BLM (@cofactorstrudel) June 22, 2020
He didn't hurt or threaten me (well, he hurt my wrist a little bit not letting go when I pulled). Just made me feel gross and slimy. https://t.co/P7W2LfobMl
အဆိုပါ သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ GranDGrant ဘက်မှ အရက်မူးနေသောကြောင့် မလုပ်သင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိတာဖြစ်ကြောင်း၊ အခုလို အမှားမျိုးကို ပြုလုပ်ခဲ့မိတဲ့ အတွက်လည်း အထူးပင် တောင်းပန်ကြောင်း၊ Dota2 လောကကနေလည်း အနားယူသွားမှာ ဖြစ်ကြောင်းကို ကိုယ်ပိုင် တွစ်တာ စာမျက်နှာကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
Grant. You should know that someone else has reached out to me to say that you assaulted them. I don't know the specifics, but is it possible I'm not the only person you need to be making amends with right now?
— 707 in a sun dress hacking police radios coz BLM (@cofactorstrudel) June 22, 2020
အခုလို အမျိုးသမီး တစ်ဦးကို နှုတ်အားဖြင့်၊ လက်အားဖြင့် အကြမ်းဖက်မှုတွေ GranDGrant တစ်ယောက် ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အချိန်အထိ GranDGrant ဘက်က ကာကွယ် ပြောဆိုပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့သလို GranDGrant ကို အားပေးစကား ပြောဆိုခဲ့သူတွေလည်း အများအပြား ရှိနေခဲ့ပါသေးတယ်။
ဒါပေမယ့် အဆိုပါ အဖြစ်အပျက် ပေါက်ကြားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ GranDGrant အနေနဲ့ နောက်ထပ် အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း နောက်ထပ် သတင်း တစ်ပုဒ် ထပ်မံ ပေါက်ထွက်လို့ လာခဲ့ပါတယ်။
About Grant. (CW: sexual assault, being drugged)
— Wicked (@Wickedscosplay) June 23, 2020
Read: https://t.co/LgNXkIo7pu
GranDGrant အနေနဲ့ အဆိုပါ အမျိုးသမီးကို မူးယစ်စေတဲ့ ဆေးပြား အသုံးပြုကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး GranDGrant ဘက်က အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း မရှိသလို၊ ပြန်လည် ချေပမှုတွေ ပြုလုပ်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။
နာမည်ကျော် Esports အဖွဲ့အစည်းဖြစ်တဲ့ Evil Geniuses အနေနဲ့လည်း GranDGrant ကို အဖွဲ့အစည်း ကိုယ်စားပြု Caster အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊EG အနေနဲ့ အခုလို လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ GranDGrant အပေါ် ညှာတာ သနားနေမှာ မဟုတ်ကြောင်း၊ EG ကိုယ်စားပြု Caster အဖြစ်ကနေ အပြီးပိုင် ရပ်နားလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
Effective immediately, Grant "GranDgranT" Harris has been released and is no longer a member of Evil Geniuses.
— Evil Geniuses (@EvilGeniuses) June 22, 2020
We have a zero-tolerance workplace policy, and take any accusation of harassment, or a violation of our policies handbook, seriously.
လက်ရှိအချိန်မှာ Dota2 လောက အတွင်းမှ နာမည်ကျော် Caster တွေ၊ ပွဲစီစဥ်သူတွေ၊ အသင်းပိုင်ရှင်တွေ၊ ကစားသမားတွေရဲ့ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လျက် ရှိတာကြောင့် နောက်ထပ် ဘယ်သူတွေရဲ့ ယုတ်မာ ရက်စက်မှုတွေကို ထပ်မံ သိရှိသွားရမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။