Grand Royal Special Reserve Whisky ၏ အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့် Double Cask Collection Sherry Cask

Grand Royal Special Reserve Whisky ၏ အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့်
Double Cask Collection Sherry Cask

Grand Royal Special Reserve သည် ဝယ်ယူသူတိုင်း၏ အောင်မြင်မှုများကို ဂုဏ်ပြုဆင်နွှဲရန်အတွက် ထုတ်ကုန်များ၏ အရည်အသွေးကို အစဉ်မပြတ်မြှင့်တင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် Grand Royal Special Reserve Whisky မှ တစ်မူထူးခြားကြွယ်၀သောအနံ့အရသာနှင့် သာယာမှုနှစ်ဆတိုးစေရန် စပိန်နိုင်ငံမှတင်သွင်းလာသော သက်တမ်းရင့် ရှယ်ရီစည်ထဲတွင် ထပ်မံနှစ်ချို့ခံသောနည်းဖြင့် အသစ်ထုတ်လုပ်ထားသည့် Double Cask Collection Sherry Cask အား ဂုဏ်ယူဝမ်းမြောက်စွာ မိတ်ဆက်လိုက်ပါသည်။
သာယာမှုကိုနှစ်ဆတိုးစေမည့် ထပ်ဆင့်နှစ်ချို့ခံထားသော ထုတ်ကုန်သစ် အရေအတွက်အကန့်အသတ်ဖြင့်သာ သီးသန့်ထုတ်လုပ်ထားသည့် ဤထုတ်ကုန်သစ်ကိုဖန်တီးရာ၌ နှစ်လိုဖွယ်ဝက်သစ်ချသားရနံ့စွဲထင်စေရန် အမေရိကန်ဝက်သစ်ချသားစည်ထဲတွင် ပထမဦးစွာနှစ်ချို့ထားပြီး လန်းဆန်းသောသစ်သီးအရသာနှင့် ရှိန်းမြမြခံစားမှုကိုပေးစွမ်းနိုင်ရန်အတွက် စပိန်နိုင်ငံမှတင်သွင်းလာသော သက်တမ်းရင့်ရှယ်ရီစည်ထဲသို့ပြောင်းရွှေ့ကာ ထပ်မံနှစ်ချို့ဖော်စပ်သည့်နည်းလမ်းကို အသုံးပြုထားခြင်းကြောင့် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် မြန်မာနိုင်ငံတွင် စည်နှစ်ဆင့်ဖြင့်နှစ်ချို့ထားသော ပထမဆုံးထုတ်ကုန်သစ်ဖြစ်သည်။ ဟန်ချက်ညီ၍ သေသပ်လှပစွာ ရောစပ်ဖန်တီးထားသော ဤရွှေအိုရောင်ဝီစကီတစ်စက်ခြင်းစီတိုင်းသည် လန်းဆန်းသင်းပျံ့သောရနံ့၊ ပျားရည်နှင့်မုယောစပါးတို့ အချိုးကျစွာပေါင်းစပ်ပါဝင်နေသောအရသာနှင့် သက်ဝင်ချောမွေ့သော အဆုံးသတ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာ Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် အရည်အသွေးမြင့်မားသော ပါဝင်ပစ္စည်းများဖြင့် အချိုးအစားတိကျစွာ ဖော်စပ်ထုတ်လုပ်ထားပါသည်။ စပိန်နိုင်ငံမှ အထူးထုတ်လုပ်ထားသော ရှယ်ရီစည်များကို မြန်မာနိုင်ငံတွင်းတင်သွင်းနိုင်သည့် တစ်ခုတည်းသောလုပ်ငန်းဖြစ်ခွင့်ရသည့်အတွက် Grand Royal Special Reserve Whisky နှင့် အစဉ်အမြဲအားပေးနေကြသောဝီစကီချစ်သူများအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် စပိန်ရှယ်ရီစည်ကြောင့် စွဲမက်ဖွယ်အရသာ၊ နူးညံ့သည့်မီးခိုးရနံ့နဲ့ ချောမွေ့သည့်အဆုံးသတ်ကိုရရှိစေပြီး သာယာမှုကိုလည်း နှစ်ဆတိုးခံစားရစေမည်ဖြစ်သည်။
ပြီးပြည့်စုံသော အဖော်မွန် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် အောင်မြင်မှုအထိမ်းအမှတ်တိုင်းကို ဆင်နွှဲရန်အတွက် ပြီးပြည့်စုံသောအဖော်မွန်တစ်ခုဖြစ်သည့်အပြင် ဝီစကီအား အမြတ်တနိုးဝယ်ယူစုဆောင်းထားတတ်သူများအတွက် လက်ရာပြောင်မြောက်သော ဖန်တီးမှုတစ်ခုလည်းဖြစ်ပြီး မိမိချစ်မြတ်နိုးသူများကိုပေးရန် အကောင်းဆုံးလက်ဆောင်တစ်မျိုးလည်းဖြစ်ပါသည်။
သတ်မှတ်ထားသောကာလအတွင်း အောက်ဖော်ပြပါ ဆိုင်များတွင် အမြန်ဆုံးဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။
ရန်ကုန်မြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ
Green| Asahi 1 (Ba Htoo) | Ginki Yangon| Shwe Li (Kabaraye)| Kyaw| Kanote (North Dagon)| Kanote (Tarmwe)| Win Lion House| Win Star| Friends’ Fusion| The Lounge| Terminal 5 (19 Street)| Terminal 5 (Sanchaung)| Great Burma | Nice Mini Bar| Vista| Party House| The Glass| Inya View| MadameEm’s | City Mart Supermarket | Marketplace by City Mart| Ocean Supercenter
မန္တလေးမြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ
JJ 26| JJ 74| JJ 65| The Dream| Royal Class| Dream Palace| One Star| Old Version | The Rock | Blue Motion| City Mart Supermarket|Marketplace| Ocean Supercenter.

Akhayar Lifetyle