Grand Royal Special Reserve Whisky ၏ အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့် Double Cask Collection Sherry Cask အား ဈေးကွက်တွင်း စတင်မိတ်ဆက်

Grand Royal Special Reserve Whisky ၏ အထူးသီးသန့်ထုတ်ကုန်သစ်ဖြစ်သည့် Double Cask Collection Sherry Cask အား ဈေးကွက်တွင်း စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ အကောင်းဆုံးအရည်အသွေးမြင့် ဝီစကီထုတ်လုပ်သူအနေဖြင့် Grand Royal Special Reserve Whisky သည် ဝယ်ယူသူတိုင်း၏ အောင်မြင်မှုများကို နှစ်ဆတိုး ဂုဏ်ပြုဆင်နွှဲရန်အတွက် တစ်မူထူးခြားကောင်းမွန်သောထုတ်ကုန်များထုတ်လုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် သာယာမှုကိုနှစ်ဆတိုးစေမည့် Grand Royal Special Reserve Whisky ၏ ထုတ်ကုန်သစ်ဖြစ်သော Double Cask Collection Sherry Cask အား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ယနေ့ပင် မိတ်ဆက်လိုက်ပါသည်။
အရေအတွက်အကန့်အသတ်ဖြင့် သီးသန့်ထုတ်လုပ်သည့် ဤထုတ်ကုန်သစ်ကို ဖန်တီးရာ၌ နှစ်လိုဖွယ် ဝက်သစ်ချသားရနံ့စွဲထင်စေရန် အမေရိကန်ဝက်သစ်ချသားစည်ဖြင့် ပထမဦးစွာနှစ်ချို့ထားပြီး လန်းဆန်းသောသစ်သီးအရသာနှင့် ရှိန်းမြမြခံစားမှုကိုပေးစွမ်းနိုင်ရန်အတွက် စပိန်နိုင်ငံမှ တင်သွင်းလာသော သက်တမ်းရင့် ရှယ်ရီဝက်သစ်ချသားစည်ထဲသို့ ပြောင်းရွှေ့ကာ ထပ်မံနှစ်ချို့ဖော်စပ်သည့်နည်းလမ်းကို အသုံးပြုထားခြင်းကြောင့် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် မြန်မာနိုင်ငံတွင် စည်နှစ်ဆင့်ဖြင့် နှစ်ချို့ထားသော ပထမဆုံးထုတ်ကုန်သစ်ဖြစ်သည်။ ဟန်ချက်ညီ၍ သေသပ်လှပစွာ ရောစပ်ဖန်တီးထားသော ဤရွှေအိုရောင်ဝီစကီတစ်စက်ခြင်းစီတိုင်းသည် လန်းဆန်းသင်းပျံ့သောရနံ့၊ ပျားရည်နှင့်မုယောစပါးတို့ အချိုးကျစွာပေါင်းစပ်ပါဝင်နေသောအရသာနှင့် သက်ဝင်ချောမွေ့သော အဆုံးသတ်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။


Grand Royal Group International Company Limited  ၏ အမှုဆောင်အရာရှိချုပ် Mr. Rahul Colaco ကလည်း အသစ်မိတ်ဆက်လိုက်သောထုတ်ကုန်နှင့်စပ်လျဉ်း၍ "ကျွန်တော်တို့  ထုတ်ကုန်တွေကို အစဉ်အမြဲ အားပေးနေကြသူများအတွက် နိုင်ငံတကာအဆင့်မီအရည်အသွေးကို ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ Grand Royal Special Reserve Whisky ရဲ့ Double Cask Collection Sherry Cask ကို အရည်အသွေးမြင့်မားတဲ့ ပါဝင်ပစ္စည်းတွေနဲ့  အချိုးအစားတိကျညီမျှစွာ ဖော်စပ်ထုတ်လုပ်ထားပါတယ်။ Grand Royal Special Reserve Whisky ရဲ့ အောင်မြင်မှုကို ထပ်လောင်းဆင်နွှဲဖို့အတွက် သစ်လွင်ထူးခြားတဲ့ဖော်စပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဟန်ချက်ညီတဲ့အရသာ၊ နှစ်လိုဖွယ်ရနံ့တို့နဲ့ ဝယ်ယူအားပေးသူတွေရဲ့ သာယာမှုကို နှစ်ဆတိုးစေမဲ့ ဒီထုတ်ကုန်သစ် Double Cask Collection Sherry Cask ကို ထုတ်လုပ်ရခြင်းဖြစ်ပါတယ်။ စပိန်နိုင်ငံက အထူးထုတ်လုပ်တဲ့ ရှယ်ရီဝက်သစ်ချသားစည်များကို မြန်မာနိုင်ငံတွင်း တင်သွင်းနိုင်တဲ့ တစ်ခုတည်းသောလုပ်ငန်းဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့တွေသာမက ကျွန်တော်တို့ကို အစဉ်အမြဲအားပေးနေသူတွေကပါ ဂုဏ်ယူကြလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။
Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask ကို ထုတ်လုပ်ရာတွင် အခရာဖြစ်သူ အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင် Mr. Edwin ကလည်း "ကျွန်တော်တို့ရဲ့ထုတ်ကုန်သစ် Double Cask Collection Sherry Cask ဟာ အမေရိကန်ဝက်သစ်ချသားစည်ထဲမှာ နှစ်ချို့ပြီးသားဖြစ်တဲ့ Grand Royal Special Reserve Whisky ကို စပိန်နိုင်ငံကနေ အထူးမှာယူတင်သွင်းထားတဲ့ ရှယ်ရီဝက်သစ်ချသားစည်ထဲမှာ ထပ်ဆင့်နှစ်ချို့ခံပြီး ရရှိလာတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီစပိန်ရှယ်ရီဝက်သစ်ချသားစည်ကြောင့် စွဲမက်ဖွယ်အရသာ၊ နူးညံ့တဲ့မီးခိုးရနံ့နဲ့ ချောမွေ့တဲ့အဆုံးသတ်ကို ရရှိစေပြီး သာယာမှုကို နှစ်ဆတိုးခံစားရစေမှာဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။
သတ်မှတ်ထားသော ဆိုင်များတွင်သာ အချိန်ကာလအကန့်အသတ်ဖြင့် ရောင်းချပေးသွားမည့် Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask သည် အောင်မြင်မှုအထိမ်းအမှတ်တိုင်းကို ဆင်နွှဲရန်အတွက် ပြီးပြည့်စုံသော အဖော်မွန်တစ်ခုဖြစ်သည့်အပြင် ဝီစကီအား အမြတ်တနိုးဝယ်ယူစုဆောင်းထားတတ်သူများအဖို့ လက်ရာပြောင်မြောက်သော ဖန်တီးမှုတစ်ခုလည်းဖြစ်ပြီး မိမိချစ်မြတ်နိုးသူများကိုပေးရန် အကောင်းဆုံးလက်ဆောင်တစ်မျိုးလည်းဖြစ်ခြင်းကြောင့် ဤအထူးသီးသန့်ထုတ်ကုန်အား ပိုင်ဆိုင်ခွင့်ရ​ရန်အတွက် သတ်မှတ်ထားသောကာလအတွင်း အမြန်ဆုံး ဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။

ရန်ကုန်မြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ
Green
Asahi 1 (ဗထူး)
Ginki Yangon
Shwe Li (ကမ္ဘာအေး)
Kyaw
Kanote (မြောက်ဒဂုံ)
Kanote (တာမွေ)
Win Lion House
Win Star
Friends’ Fusion
The Lounge
Terminal 5 (၁၉ လမ်း)
Terminal 5 (စမ်းချောင်း)
Great Burma
Nice Mini Bar
Vista
Party House
The Glass
Inya View
MadameEm’s
City Mart Supermarket
marketplace by City Mart
Ocean Supercenter

မန္တလေးမြို့တွင်ရောင်းချပေးနေသည့်ဆိုင်များ

JJ 26
JJ 74
JJ 65
The Dream
Royal Class
Dream Palace
One Star
Old Version
The Rock
Blue Motion
City Mart Supermarket
marketplace by City Mart
Ocean Supercenter

Grand Royal Special Reserve Whisky ၏ Double Cask Collection Sherry Cask အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက https://www.facebook.com/specialreservewhisky/ တွင် ဖတ်ရှုနိုင်ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle