Grand Royal Special Reserve Whisky က Myanmar’s Pride Awards 2020 ၏ အဓိကပံ့ပိုးသူအဖြစ် သုံးနှစ်ဆက်တိုက်ပါဝင်ပံ့ပိုး

Grand Royal Special Reserve Whisky က Myanmar’s Pride Awards
2020 ၏ အဓိကပံ့ပိုးသူအဖြစ် သုံးနှစ်ဆက်တိုက်ပါဝင်ပံ့ပိုး

Grand Royal SpecialReserve Whisky သည် တတိယအကြိမ်မြောက် Myanmar’s Pride Awards 2020ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်၏ အဓိကပံ့ပိုးသူအဖြစ်ဆက်လက်ပါဝင်ပူးပေါင်းသွားမည်ဖြစ်သည်။ Myanmar’s Pride Awards နှင့် Grand Royal Special Reserve
Whisky တို့သည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ထူးချွန်သောမြန်မာပြည်ဖွားများကို ဖော်ထုတ်ဂုဏ်ပြလိုသည့် ရည်ရွယ်ချက်ကြောင့် လက်တွဲခဲ့ကြခြင်းဖြစ်သည်။မြန်မာ့ဂုဏ်ဆောင် အရည်အသွေးမြင့် ပြည်တွင်းအမှတ်တံဆိပ်တစ်ခုဖြစ်သော Grand Royal Special Reserve Whisky သည် ၎င်း၏ ထူးကဲသော အနံ့၊ အရသာရှိသည့် အကောင်းဆုံး မြန်မာ့မုယောဝီစကီကိုနိုင်ငံတကာ Whiskey လောကတွင် အသိအမှတ်ပြုမှုရရှိအောင်စွမ်းဆောင်ခဲ့ရုံသာမက
နိုင်ငံတကာကပေးအပ်သော ဆုပေါင်း ၃၂ ခုကို လည်း ရရှိထားသည်။ ဤကဲ့သို့ နိုင်ငံတကာနှင့်
ရင်ဘောင်တန်းနိုင်သော Grand Royal Special Reserve Whisky သည် ရည်မှန်းချက် တူညီသော
အမှတ်တံဆိပ်များနှင့် ပူးပေါင်းကာ မြန်မာကို နိုင်ငံတကာက အသိအမှတ်ပြုရလောက်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် ရည်မှန်းထားသည်။
Grand Royal Group International Co., Ltd. ၏ အမှုဆောင်အရာရှိချုပ် Mr. Rahul Colaco က “၂၀၁၈ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ Myanmar’s Pride Awards ကို ပံ့ပိုးခြင်းအားဖြင့် ထူးချွန်သူမြန်မာပြည်ဖွားတွေကိုအသိအမှတ်ပြုဖို့ အခွင့်အလမ်းတစ်ခုရလာခဲ့ပါတယ်။ Grand Royal Special Reserve Whisky ဟာပြည်တွင်းအမှတ်တံဆိပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ခံနိုင်ရည်ရှိမှု၊ နိုင်ငံတကာစံချိန်မီတဲ့ထုတ်ကုန် အစရှိတဲ့ အရည်အချင်းတွေနဲ့ နိုင်ငံရဲ့ဂုဏ်တက်စေဖို့ဆိုတဲ့ Myanmar’s Pride Awards နဲ့ အလားတူတဲ့ခံယူချက်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ခုလိုလက်တွဲပြီးထူးချွန်သူ မြန်မာပြည်ဖွားတွေကို ဖော်ထုတ် ဂုဏ်ပြုခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။


ဆန်ကာတင်စာရင်းဝင်သူတွေအားလုံးဟာ “ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ” လို့ ခေါ်ထိုက်တဲ့ထူးချွန်အောင်မြင်ပြီး မျိုးဆက်သစ်လူငယ်တွေအားကျရလောက်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းဝင်အားလုံးဟာ သူတို့နဲ့ထိုက်တန်တဲ့ အားပေးထောက်ခဲ့မှု မဲဆန္ဒတွေရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟုပြောကြားခဲ့ သည်။Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်နေသောMango Advertising Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လင်းလင်းတင်ထွန်းက “Myanmar’s Pride Awards ကို စတင်ကျင်းပကတည်းက နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ထူးချွန်သူ မြန်မာပြည်ဖွားတွေကိုဖော်ထုတ်ဂုဏ်ပြုဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို မတူညီတဲ့အမြင်သစ်တွေနဲ့တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းအောင် ကြိုးစားစီစဉ်နေပါတယ်။ အဓိကပံ့ပိုးသူ Grand Royal Special Reserve Whisky နဲ့တကွ အခြားသော ကူညီပံ့ပိုးသူတွေရဲ့ အားပေးထောက်ပံ့မှုမပါရင် ဒီအစီအစဉ်ဟာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဒီအစီအစဉ်ကနေတဆင့် မြန်မာကို ကမ္ဘာအလယ်ဝင့်ထည်စေပြီးအနာဂတ်လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးမဲ့သူတွေကို ဖော်ထုတ်ဂုဏ်ပြု သွားနိုင်ဖို့မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။
တတိယအကြိမ်မြောက် Myanmar’s Pride Awards ဂုဏ်ပြုဆုပေးပွဲတွင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊လူနေမှုဘဝကဏ္ဍ၊ အနုပညာကဏ္ဍ (ပန်းချီ)၊ လူမှုအကျိုးပြုကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍ စသည့်နယ်ပယ် ၆ ခုမှထူးချွန်သူ များကို ဖော်ထုတ်ဂုဏ်ပြုသွားမည့်အပြင် COVID-19 ကပ်ရောဂါ
ကာကွယ်တားဆီးကုသရေးလုပ်ငန်းတွင် စွမ်းစွမ်း တမံပါဝင်နေသောအဖွဲ့အစည်းများကို
ဂုဏ်ထူးဆောင်ထူးချွန်ဆုပေးအပ်ပြီးဂုဏ်ပြုရန် စီစဉ်ထားပါသည်။  ရရှိလာသည့် ဆန္ဒမဲတစ်ခုစီတိုင်းအတွက်မြန်မာငွေ ၁၀ ကျပ်ကို Myanmar’s Pride Awards ၏ အဓိကပံ့ပိုးသူအနေဖြင့် Grand Royal Special Reserve Whisky က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့်အများပြည်သူတို့အနေနှင့် ဆန္ဒမဲပေးခြင်းအားဖြင့် မိမိလေးစားနှစ်သက်သည့် ထူးချွန်သူများကို ဂုဏ်ပြုနိုင်ရုံသာမက ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင်လည်း တစ်တပ်တစ်အားပါဝင်နိုင်မည်ဖြစ်ပါသည်။
မဲဆန္ဒပေးရန် Myanmar’s Pride Awards လူမှုစာမျက်နှာ၏ messenger chatbot ကို
facebook.com/myanmarsprideawards မှတဆင့်သော်လည်းကောင်း၊ QR code ကို scan
ဖတ်၍သော်လည်းကောင်း ဝင်ရောက်နိုင်ပြီး မဲပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှမတ်လ ၁၅ရက်နေ့အထိ ပြုလုပ်နိုင်မည်ဖြစ်သည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle