Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

အားလုံးစောင့်မျှော်လျက်ရှိသော ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ အထူးဆုဖြစ်သော ရွှေပုလင်းအား ကံထူးသွားသူကို Grand Royal Special Reserve က ယနေ့ပင် ကြေညာခဲ့သည်။ ကံထူးရှင် ဦးဇော်အောင်အား နိုင်ငံတကာအဆင့်မှီ ပန်းထိမ်လက်ရာများကြောင့် မြန်မာနိုင်ငံတွင် လေးစားအသိအမှတ်ပြုခံရသော အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ ဖန်တီးပေးထားသည့် ရွှေသားအတိ Grand Royal Special Reserve ပုလင်းပုံစံတူကို ရန်ကုန်မြို့၌ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
Grand Royal Special Reserve က အောင်မြင်မှုသို့လျှောက်လှမ်းရန် စိတ်အားထက်သန်စေပြီး လမ်းခရီးတစ်လျှောက်အခိုက်အတန့်တိုင်းကို ချစ်ခင်ရသူများနှင့်ဆင်နွှဲရင်း ပျော်ရွှင်ဖွယ်အမှတ်တရများ ကူညီ ဖန်တီးပေးရန် ရည်ရွယ်ပါသည်။  အဆိုပါယုံကြည်ချက်နှင့်အညီ ရွှေပုလင်းအား ကံထူးသွားသူ ဦးဇော်အောင်က “ကျွန်တော်က Grand Royal Special Reserve ကိုပဲ အစဉ်တစိုက်အားပေးနေသူတစ်ယောက်ပါ။ ကောင်းမွန်တဲ့အရသာနဲ့ အဆင့်မြင့်တဲ့အရည်အသွေးကြောင့် Grand Royal Special Reserve က ကျွန်တော်အနှစ်သက်ဆုံးတံဆိပ်ဖြစ်နေတာပါ။ ရွှေပုလင်းကို ကံထူးရတာဟာ ဒီနှစ်အတွက်တော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်ပါပဲ။ ကျွန်တော် မဲပေါက်ခဲ့တဲ့နေ့ကဆိုရင် အလုပ်တွေအဆင်ပြေလို့ ကိုယ့်ကိုယ်ကို ဆုချမယ်ဆိုပြီး Grand Royal Special Reserve  ကိုသောက်ဖို့ ပုလင်းဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာ မဲပေါက်တယ်လို့သိသိချင်း ထိုင်နေရာကနေ ထခုန်မိတော့တာပဲဗျာ။ ပြီးတာနဲ့ ဝယ်ခဲ့တဲ့ဆိုင်ကို ချက်ချင်းပဲ အပြေးသွားမိတာပါပဲ” ဟုပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့ကို အစဉ်တစိုက်အားပေးနေကြသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား Grand Royal Special Reserve ရဲ့ National Consumer Promotion အစီအစဉ်ကို ဒီ ၂၀၂၁ ခုနှစ်အတွက် ထပ်မံကျင်းပရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်ဟာ အကောင်းဆုံးကိုပဲ ထိုက်တန်တယ်ဆိုတဲ့ ခံစားချက်ကို အားလုံးအတွက် အမြဲ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Grand Royal Special Reserve ရွှေသားပုလင်း ကံထူးရှင်ရဲ့ အပျော်တွေကို ဒီကနေ့ဆုပေးပွဲအခမ်းအနားမှာ မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့လည်း ထပ်တူ ကြည်နူးပျော်ရွှင်မိပါတယ်” ဟု Grand Royal Group International Company Limited ၏ Head of Sales ဖြစ်သူ ဦးဇော်မျိုးဝင်းက အစီအစဉ်၏အောင်မြင်မှုနှင့် ပတ်သတ်၍ပြောကြားသွားခဲ့သည်။


Grand Royal Special Reserve ၏ ဂုဏ်ပုဒ်အား ဖော်ထုတ်ပြသရန် Grand Royal Group ၏ အမှုဆောင်ချုပ် Mr. Rahul Colaco က “ကျွန်တော်တို့ရဲ့ Grand Royal အမှတ်တံဆိပ်ဟာ ကောင်းမွန်တဲ့ အရည်အသွေးကြောင့် နာမည်ကောင်းရရှိထားပြီး အဖျော်ယမကာစျေးကွက်မှာလည်း ထိပ်တန်းကနေ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ Grand Royal Special Reserve ဝီစကီကိုတော့  အကောင်းဆုံးပါဝင်ပစ္စည်းများနဲ့  အချိုးအစားညီမျှတိကျစွာ ဖော်စပ်ထားတဲ့အပြင် စိတ်အားထက်သန်မှုအပြည့်နဲ့ ထုတ်လုပ်ထားပါတယ်။ အခု ဒီ National Consumer Promotion အစီအစဉ်နဲ့အတူ လူတိုင်း ဘဝရဲ့ အခိုက်အတန့်တိုင်းကို အတူ ဆင်နွှဲဖို့ စိတ်အားထက်သန်လာစေပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကနေ ဆုလာဘ်တွေ ရယူနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

Grand Royal Special Reserve သည်  နိုင်ငံတကာမှ ဆုပေါင်း ၃၂ ခု ကျော်ကို ဆွတ်ခူး၍ ၎င်း၏ မြင့်မားသော အရည်အသွေးကို သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ၎င်း၏ တစ်မူထူးခြားသော အနံ့၊ အရသာ၊ ခံစားမှုတို့သည် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးဝီစကီဖန်တီးမှုလက်ရာကို မီးမောင်းထိုးပြသလျက်ရှိပြီး နိုင်ငံတကာ ဝီစကီစျေးကွက်တွင်လည်း ရှေ့ဆုံးကပင် ရပ်တည်လျက်ရှိပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle