မိုးသည်းတဲ့ပိတ်ရက်တွေမှာ အိမ်တွင်းအောင်းပြီး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားများ

မိုးသည်းတဲ့ပိတ်ရက်တွေမှာ အိမ်တွင်းအောင်းပြီး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားများ

တခြားသူတွေတော့မသိဘူး ၊ ကိုယ်တွေလို ရုပ်ရှင်ဂျိုးတွေအတွက်ကတော့ မိုးရွာလေရုပ်ရှင်ပိုကြည့်လို့ကောင်းလေပဲ။ မိုးအရမ်းသဲကြီးမဲကြီးရွာတဲ့အချိန်ဆိုရင် မိုးတွေကအုံ့ ကောင်းကင်ကြီးက မှောင် ဒီလိုအနေအထားလေးမှာ အချစ်ကားလေးများကြည့်လိုက်လို့ကတော့ မိုးနဲ့အပြိုင် မျက်ရည်မိုးတွေရွာလို့ရတယ်။ အဲလယ်..ထားပါတော့။ မိုးရွာတဲ့ရက်တွေမှာကြည့်လို့ကောင်းမယ်လို့ သတ်မှတ်ထားတဲ့ ဇာတ်ကားတချို့ကို အခု Akhayar ကနေ ဖော်ပြပေးသွားပါမယ်။ ဒီထဲမှာ ဘယ်ကားတွေကိုကြည့်ပြီးသွားပြီလဲ ၊ ဘယ်ကားတွေကိုကျတော့ မကြည့်ရသေးဘူးလဲဆိုတာကို အဖြေရှာကြည့်ရအောင်။

Sci-Fi Thriller ဇာတ်ကားတွေ


ရှေးခေတ်နဲ့အခုလတ်တလောအခြေအနေတွေကို ချိတ်ဆက်ပြီး Controversial ဖြစ်တဲ့အရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားတွေက အားလုံးအကြိုက်ပေါ့။ ရှေးခေတ်ကတည်းက မျိုးတုန်းပြီလို့ထင်ထားကြတဲ့ အကောင်ပလောင်တွေရဲ့ ရန်ကနေလွတ်အောင် ပြေးလွှားနေရတဲ့ Jurassic Park လို သဲထိတ်ရင်ဖိုကားမျိုးကို မိုးကြီးလေကြီးနေတုန်း ကြည့်ကြည့်လိုက် ၊ မိုးကြိုးတစ်ခါပစ်ရင် တစ်ခါလန့်နေရမှာ။ ရင်ခုန်ဖို့လည်းသိပ်ကောင်း။ Jurassic Park တင်မဟုတ်ဘဲ ခုနောက်ထွက်တဲ့ Chris Pratt ရဲ့ Jurassic World , The Meg ,Upgrade ဒီကားတွေလည်းကြည့်သင့်တယ်နော်။

Horror and mystery ဇာတ်ကားတွေ


ကဲ….မိုးရာသီမှာ သရဲကားကြည့်တာထက်ပိုကောင်းတာ ဘာများရှိဦးမလဲပြောကြည့်ကြည့် ၊ မိုးသံလေသံတွေကလည်းဆူ မိုးခြိန်းသံလေးကကြားရ အဲဒီအချိန်မှာ Annabelle က ဗြုန်းကနဲထွက်လာ ၊ ကြောက်လွန်းလို့ပိတ်အော်လည်း ဘယ်သူမှမကြားဘူး ကိုယ့်အသံကို။ ဒါကြောင့် ဖြစ်နိုင်ရင် ရှိသမ ျှသရဲကားတွေ အကုန်ကြည့်ပလိုက် အားပေးတယ်။ သရဲကားကြည့်လေ့ကြည့်ထမရှိရင်တောင် တစ်ခါတလေ ကိုယ့်ကိုယ်ကို challenge လုပ်တယ်လို့ သဘောထားပြီး ကြည့်သာကြည့်ပစ်။ သရဲကားထဲမှာတော့ Annabelle series, The Nun, Unfriended ဒီဇာတ်ကားတွေကို recommend ပေးတယ်နော်။

(Heist ,Crime-Action)


ဘဏ်တွေဖောက်ပြီး ရာဇဝတ်မှုတွေကို လှလှပပကျူးလွန်တဲ့ဇာတ်ကားတွေထဲမှာဆိုရင် Ocean ဇာတ်ကားတွေက အရမ်းကိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ မယုံဘူးဆိုရင် လက်တွေ့ ကြည့်ကြည့် ၊ တစ်ကားကြည့်ပြီးတာနဲ့ မရပ်ချင်လောက်အောင်ဖြစ်သွားမှာ သေချာတယ်။ Ocean’s 8, Ocean’s 11, Ocean’s 13, Ocean’s 12 အကုန်ကောင်းတယ်။ နောက်ပြီး BlacKkKlansman , Backtrace တို့ရောပဲ။ဇာတ်လမ်းတင် ကောင်းတာမဟုတ် Ocean’s ကားတွေမှာပါတဲ့ သရုပ်ဆောင်တွေက ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲတွေဆိုတော့ casts line-up နဲ့တင် သေလို့ရပြီလေ။

နောက်တစ်ခုက……..

အချစ်ကားတွေ


မိုးရွာတဲ့နေ့တွေမှာ လုံးဝကြည့်သင့်တဲ့ဇာတ်ကားပြောပါဆို အချစ်ကားတွေပါ။ မိုးရွာနေတုန်းမှာ ရိုတဲ့အခန်းလေးတွေကိုကြည့်ရင်း ကိုယ်လည်းလိုက် Feel ရတာ အရမ်းလွင့်တယ်။ ရည်းစားရှိရင် ရည်းစားနဲ့တူတူကြည့်ရင်း နှစ်ယောက်တူတူရိုလို့ရတယ်လေ။ အချစ်ကားတွေကြည့်မယ်ဆိုရင် A Star is Born တို့ Crazy Rick Asians တို့လို လတ်တလော Hit ဖြစ်ခဲ့တဲ့ကားတွေကိုလည်း ရွေးကြည့်ပေါ့။ အချစ်ကားလို့ပြောတိုင်း The Note Book ပဲကြည့်နေရတာ ရိုးတယ်လေ။

အက်ရှင်ကားတွေ


အက်ရှင်ကားကတော့ ဘယ်အချိန်ကြည့်ကြည့် ကြည့်ကောင်းတဲ့ကားတွေပါ။ ဒါပေမယ့် ကိုယ့်အတွက်တော့ အက်ရှင်ကားတွေကို နွေရာသီလိုပူပူလောင်လောင်အချိန်တွေမှာ ကြည့်လို့အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ရာသီဥတုက ပူပါတယ်ဆိုနေမှ ဆူဆူညံညံတွေဖြစ်နေတော့ နားပူတယ်လေ။ ဒါကြောင့် အက်ရှင်ကားတွေကြည့်ရင် ရာသီဥတုအေးတဲ့ မိုးရွာတဲ့အချိန်မျိုးကို ရွေးကြည့်တယ်။ ကြည့်လို့ကောင်းတဲ့ကားတွေဆိုရင် Mission Impossible ဇာတ်ကားတွေ ၊ Transformers တို့ ၊ Ready Player One တို့ The Matrix တို့လို ဇာတ်ကားတွေ ကောင်းပါတယ်။

ကာတွန်းကားတွေ


ကာတွန်းကားကြိုက်တဲ့သူတွေဆိုရင် မိုးအေးအေးပိတ်ရက်လေးမှာ ရှိသမျှကာတွန်းကားတွေကို ထိုင်ကြည့်မှာသေချာပါတယ်။ ကိုယ်ဆိုရင် ဘာတွေကြည့်မလဲဆိုတော့ Zootopia တို့ ၊ Despicable Me တို့ ၊ Finding Dory တို့လိုကားတွေ ကြည့်ဖြစ်မှာပါ။

ဒီ list မှာဘာလို့ Superhero ရုပ်ရှင်တွေ မထည့်လဲလို့ မေးမှာသိပါတယ်။ ဘာလို့လဲဆိုတော့ Superhero ရုပ်ရှင်ကို ရုံမှာကြည့်တာကမှ အရသာရှိတာမို့လို့ အိမ်မှာကြည့်သင့်တဲ့ကားထဲ မထည့်တာပါ။ အခုပြောခဲ့တဲ့ကားတွေကိုကြည့်ချင်တယ်ဆိုရင် Cookie TV ရဲ့ HBO ရုပ်သံလိုင်းမှာကြည့်လို့ရပါတယ်။ ခုပြောတဲ့ဇာတ်ကားတွေအပြင် တခြား ဒိတ်ဒိတ်ကြဲကားတွေကိုပါ HBO Blockbuster Nights အစီအစဉ်မှာ ကြည့်နိုင်ပါပြီ။ HBO Blockbuster Nights က ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ် ၃၁ ရက်နေ့အထိမို့လို့ လက်လွတ်မခံဘဲ ကြည့်လိုက်တော့နော်။ ဒီထက်ပိုသိချင်ရင်တော့ Cookie TV facebook page မှာသွားမေး။အော်အော် နောက်ပြီးတော့လေ Cookie TV ရဲ့ HBO Blockbuster Nights မှာ ညတိုင်းရုပ်ရှင်ကြည့်ရင်းနဲ့ Samsung Galaxy S 10 နဲ့ တခြား Premium ဆုတွေပါတဲ့ Giveaway အစီအစဉ်မှာလည်း ကံစမ်းလိုက်ပါဦးလို့။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle