Green Juice ပုံမှန်သောက်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

Green Juice ပုံမှန်သောက်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

Green Juice က ကျန်းမာပြီး ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေပိုင်ဆိုင်ဖို့အတွက်  အကောင်းဆုံး ဖျော်ရည်ပါပဲ။အသားအရေကို ကြည်လင်တောက်ပစေပြီး ဝက်ခြံများကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဖျော်ရည် ပြင်ဆင်ခြင်းနှင့် ​ဖျော်ရည်ပြုလုပ်တာကလည်း မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ဒါ့အပြင်မနက်ပိုင်းသောက်မယ်ဆိုရင်လည်း လန်းလန်းဆန်းဆန်းဖစ်နေဖို့အတွက်လည်း အ​ထောက်အကူ​ပေးနိုင်​သေးတာ​နော်..

ပါဝင်ပစ္စည်းတွေအနေနဲ့ ~

●အစိမ်းရောင်ဖျော်ရည်သခွားသီး -သခွားသီးတွင်မယုံနိုင်လောက်အောင်လည်းရေဓာတ်ပြည့်ဝပါတယ်။သခွားသီးမှာပါဝင်တဲ့ ဗီတာမင် K နဲ့ Beta Carotene ကလည်း ခန္ဓာကိုယ်ထဲမှာရှိတဲ့  Free Radicals တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

●Celery - ဆလရီမှာ Beta Carotene၊ Flavonoids၊ vitamin C နဲ့ antioxidant အာဟာရတွေ ပါဝင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးတဲ့  Phytonutrients အရင်းအမြစ်တစ်ခုလဲ ဖြစ်ပါတယ်။

●Kale - ကိုက်လန်တွင် ကလိုရိုဖီးလ်ကြွယ်ဝပြီး အရေပြားအတွင်း ရောင်ရမ်းမှုနှင့် ဘက်တီးရီးယားများ ကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။ကိုက်လန်မှာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင် B complexနဲ့  ဗီတာမင် C တို့လည်းပါဝင်ပါတယ်။

●သံပုရာသီးက အမျှင်ဓာတ်နှင့် ဗီတာမင် C အရင်းအမြစ်ဖြစ်ပြီး ကိုယ်ခံအားနှင့် အရေပြားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

●Granny Smith Apple - Granny Smith ပန်းသီးတွေကလည်း အူလမ်းကြောင်းအတွင်း ​ကောင်းမွန်တဲ့ ဘက်တီးရီးယားများ ကြီးထွားဖို့နဲ့ အစာချေဖျက်မှုကို အားပေးတဲ့ ပက်တင် (pectin) ကြွယ်ဝစွာပါဝင်ပါတယ်။

●ဂျင်းသည် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဖျော်စပ်နည်းအသီးအနှံများကို မဖျော်မီ သေချာဆေးကြောပြီးဖျော်ရည်စက်ထဲထည့်ပါ။ကိုက်လန် ကိုအရင်ကြိတ်ချေပြီး​ ဂျင်း၊ တရုတ်နံနံ၊ သံပုရာသီးနှင့် သခွားသီးတို့ကို ထည့်ပါ။ အရင်ဆုံးထည့်ထားတဲ့ ပါဝင်ပစ္စည်း၊အကြွင်းအကျန်​တွေကိုဖယ်ထုတ်ပြီး​နောက် ပန်းသီးကို နောက်ဆုံးမှထည့်ပါမယ်။​ပန်းသီးထည့်ပြီးရင်တော့ ရလာတဲ့ဖျော်ရည်ကို လေလုံတဲ့ဖန်ပုလင်းထဲကို ပြောင်းထည့်ထားပြီး ရေခဲသေတ္တာထဲထည့်ကာအအေးခံပါ၊အအေးတော့မခဲထားပါနဲ့။

နေ့တိုင်း ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကြည်လင်တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်ပြီး ယုံကြည်မှုအပြည့်နှင့် ပျော်ရွှင်နိုင်မှာပါ။ဟော်မုန်းဝက်ခြံများအတွက် ရုန်းကန်နေရသူတစ်ဦးဆိုရင်  ကြည်လင်သောအသားအရေကို ထိန်းသိမ်းဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ အသားအ‌ရေအတွက် အာဟာရရှိတဲ့ ဖျော်ရည်ကိုသောက်ပြီး တစ်ရက်ကို အနည်းဆုံး 7-8 နာရီအိပ်စက်ကာ ကောင်းတဲ့ Skin Care Routine ကို လည်း လုပ်ပေးပါ။ကြည်လင်သောအသားအရေကိုပိုင်ဆိုင်ဖို့အတွက် Green Juice ကိုသောက်ဖို့ အစပိုင်းမှာ​တော့ ခက်​ခဲနိုင်​ပေမယ့် ​အလေ့အကျင့်လုပ်ကြည့်နော်..

#akhayarlifestyle #greenjuice #Healthtips #Glowingskin

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle