အံသြစရာကောင်းလောက်အောင်အသုံးဝင်တဲ့ သံပရာသီးရဲ့ကောင်းကျိုး

အံသြစရာကောင်းလောက်အောင်အသုံးဝင်တဲ့ သံပရာသီးရဲ့ကောင်းကျိုး

သံပရာသီးတွေကို အိမ်နှောက်ဖေးမီးဖိုချောင်အတွက်သာမက၊တစ်ခြားနေရာတွေမှာလည်းအလွန်အသုံးဝင်ပါသေးတယ်နော်။သံပရာသီးကမြန်မာလူမျိုးတွေအတွက်တော့ ဆေးတစ်ပါးလည်းဖြစ်သလို၊ ဘက်စုံအသုံးဝင်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ကဲ့ဒီလိုဆိုလူတွေသိပ်မသိသေးတဲ့ အသုံးဝင်တဲ့အချက်လေးတွေကိုလည်းပြောပြပေးချင်ပါတယ်။

ယားနာ၊ ပွေးနာတွေ၊ တစ်ချို့အသားအရေတွေမှာဖြစ်တတ်တဲ့ အမဲကွက်တွေမျိုးတွေကိုသံပရာသီးကိုထက်ခြမ်းခြမ်းလိုက်ပြီး ယားနာတဲ့နေရာတွေကို နာနာပွတ်ပေးရပါမယ်။နောက်တစ်မျိုးက သံပရာသီးကိုမီးနဲ့ဖုတ်ပြီး လေညှင်းတစ်ပွင့် ထည့်ကြိတ်ပေး သွားနာတဲ့နေရာကိုသိပ်ပေးရင်လည်း သွားကိုက်၊သွားနာတွေကိုအမြန်ဆုံးသက်သာသွားစေနိုင်ပါတယ်နော်။

သံပရာသီးကအခွံကအစအသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်တဲ့အတွက်အခွံကိုနေလှန်းပြီးစားပေးရင်လည်းလေနာရင်နာပျောက်ကင်းစေပါတယ်နော်။ တကယ်လို့ကိုယ်ကဖုံတွေအမြဲဝင်နေလို့လည်ချောင်းတွေနာတာမျိုးတွေခဏခဏဖြစ်ရင် သံပရာရည်ပူပူလေးကို  ပျားရည်လေးထည့်ပြီးညအိပ်ရာမဝင်ခင်သောက်ပေးသင့်ပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit -Taste.com