2020 မှာခေတ်စားမဲ့ဆံပင်ပုံစံတွေကဘာတွေဖြစ်မလဲ?

2020 မှာခေတ်စားမဲ့ဆံပင်ပုံစံတွေကဘာတွေဖြစ်မလဲ?

သင်္ကြန်ကလည်းနီးလာပြီ  ဆံပင်အရောင်လေးလည်းပြောင်းချင်နေတယ်၊ဒါပေမဲ့ဘာအရောင်ပြောင်းရင်ကောင်းမလဲ ?  ဆိုးနေကျအရောင်တွေကလည်းပျင်းလာပြီလို့စဉ်းစားရခက်နေတဲ့ လေဒီတို့အတွက်2020 မှာခေတ်စားလာမဲ့ဆံပင်စတိုင်(စ်)လေးတွေနဲ့ ဆံပင်အရောင်တွေပြောပြပေးသွားမယ်နော် ။

Two Tone Hair Style


နှစ်ရောင်စပ်ကာလာလေးတွေက ပြင်သစ်ကနေစပြီးခေတ်စားလာတာပေါ့နော်။ဆံပင်ရဲ့အပေါ်ပိုင်းကိုအညိုရောင်ဒါမှမဟုတ်အမဲရောင်လေးတွေထားကပြီးတော့ အောက်အဖျားလေးတွေကိုတော့အရောင်ချွတ်ပြီးဆးိုရတဲ့ကာလာဆန်းဆန်းလေးတွေနဲ့တွဲဆိုးရင်သင်္ကြန်အတွက်ပါလန်းပြီးပိုအထာကျတာပေါ့။ပုံစံနောက်တစ်မျိုးလေးဆိုရင်တော့ဆံပင်အုံရဲ့အတွင်းဘက်ကနေအပြာရောင်ဖျော့ဖျော့လေးဆိုးတာဘဲ့ဖြင့်ဖြင့် Rainbow ဖေါက်တာဘဲ့ဖြင့်ဖြင့်ဆိုးရင် မြင်လိုက်ရင်သိတာမျိုးမဟုတ်ဘဲနဲ့ဆံပင်လေးကိုလှပ်လိုက်တာမျိုးဒါမှမဟုတ်တစ်ဝက်စည်းထားတို့မျိုးပေါ့။ဒီလိုပုံစံလေးတွေက ဆံပင်အတိုလေးတွေနဲ့ဆိုပိုလိုက်တယ်နော်။

Crazy Color


နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ကိုယ်ရဲ့ရိုးရှင်းပြီးပျင်းစရာကောင်းတဲ့ပုံစံလေးကိုချိန်းမယ်လို့စိတ်ကူးထားတဲ့သူတွေအတွက်ဆိုရင်ဆံပင်စတိုင်(စ်)ကလည်းအရေးကြီးတယ်နော်၊ကဲ့ဒီလိုဆိုရင်အရောင်ဆန်းဆန်းလေးတွေစဆိုးဖို့အကြံပေးချင်ပါတယ်။ အရောင်ဆန်းဆန်းထဲကဘာအရောင်လေးတွေဆိုးမလဲ? ကိုယ့်ရဲ့အသားအရေကဖြူပြီးတော့စိုစိုလေးထဲမှာပါတယ်ဆိုရင်တော့ Rose Gold Color လေးသာဆိုးလိုက်တော့နော်။ နည်းနည်းလေးညိုတဲ့ဘက်သွားရင်တော့ လိမ္မော်ရောင်လေးတွေဆိုးသင့်တယ်လို့အကြံပေးချင်ပါတယ်။

Simple Color

ကိုယ်ကအရောင်ဆန်းဆန်းလေးတွေလည်းမဆိုးချင်ဘူး၊အရမ်းကြီးလည်းမပြောင်းလဲချင်ဘူးဆိုရင်တော့မီးခိုးရောင်ဖျော့ဖျော့လေး(သို့)ခရမ်းရောင်ဖျော့ဖျော့လေး၊ အညိုရောင်နက်နက်လေးဆိုးတာကလူကိုပိုပြီးနုစေပြီး ပိုတက်ကြွတဲ့ပုံပေါ်စေပြီး ပိုငယ်သွားစေပါတယ်။

Kelly (Akhayar Lifestyle)

Photo Credit