ဆံပင်ကျွတ်တဲ့သူတိုင်း သိထားသင့်တဲ့အချက်

ဆံပင်ကျွတ်တဲ့သူတိုင်း သိထားသင့်တဲ့အချက်

အမျိုးသမီးတွေဟာ ဆံပင်ကျွတ်တဲ့ပြဿနာကိုနေ့စဉ်နေ့တိုင်းကြုံရပါတယ်။ဆံပင်ပါးတယ်၊ဆံပင်ကျွတ်လွန်းပြီး ထိပ်ပြောင်နေတယ် ဆိုတာဟာလူတိုင်းရဲ့စိတ်ကိုအနှောင့်အယှက်ပေးနေတဲ့ပြဿနာတစ်ခုပါ။အဲ့တာတွေကဘာကြောင့်ဖြစ်လဲ ဆိုတာလည်းသိဖို့အရေးကြီးပါတယ်။ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲဆိုတဲ့အပိုင်းတွေကိုလည်းသိထားသင့်ပါတယ်နော်။ပုံမှန်ဆံပင်ကျွတ်နှုန်းထက်ကျော်ပြီးကျွတ်နေတာဆိုရင် ပုံမှန်ဆံပင်ပမာဏဘယ်လောက်ရှိလဲဆိုတာသိထားဖို့တော့လိုတယ်နော်။ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ဆံပင်အပင် ၅၀ မှအပင်၁၀၀ကြားကျွတ်လေ့ရှိပါတယ်။ကိုယ့်ကအဲ့ဒီထက်ပိုကျွတ်တဲ့ အခြေအနေဖြစ်လာရတဲ့အကြောင်းရင်းလေးတွေလည်းရှိပါတယ်။

Photo Credit-Vanguard

-မီးဖွားချိန်နဲ့သွေးဆုံးချိန်မှာဟော်မုန်းအပြောင်းအလဲဖြစ်ပြီးဆံပင်ကျွတ်ခြင်း

-ဆံပင်ကျွတ်မျိုးရိုးရှိခြင်း

-စိတ်ဖိစီးမှုများတဲ့အခါလည်းဆံပင်ပိုကျွတ်ပါတယ်

-ကိုယ့်ရဲ့ဆံသားကိုဖြောင့်လိုက်ကောက်လိုက်၊ ဆေးဆိုးလိုက်လုပ်တာများရင်

-Alopecia Areata လို့ခေါ်တဲ့ အမွှေးအမျှင်တွေ ဆံပင်တွေအကွက်လိုက်ကျွတ်တဲ့ရှိနေရင်လည်းဖြစ်ပါတယ်

-ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့လည်းကျွတ်ပါတယ်ဆံပင်တွေက

-ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ခုခံအားကလည်းကျဆင်းနေတာကြောင့်ရယ်

-ကိုယ့်မှာကင်ဆာလိုမျိုးရောဂါအခံရှိလို့သောက်နေရတဲ့ဆေးတွေကအရမ်းပြင်းရင်လည်း ဆံပင်ကျွတ်ခြင်းကိုအများဆုံးဖြစ်စေပါတယ်။

Photo Credit-Medical news

ဆံပင်မကျွတ်အောင်အဓိကလိုအပ်တာက  သံဓာတ်နဲ့ပရိုတင်းဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေ နေ့တိုင်းစားပေးဖို့လိုအပ်ပါတယ်။အရမ်းကျွတ်နေတဲ့ကာလမှာ ဆံပင်ကိုအပူပေးကိရိယာတွေနဲ့ ဆံပင်ကောက်တာတို့၊ဖြောင့်တာတို့အတက်နိုင်ဆုံးမလုပ်စေချင်ပါဘူး။ဆံပင်မွှေးညှင်းလေးတွေကြွစေလောက်တဲ့အထိဆံပင်ကို အရမ်းတင်းနေအောင်စည်းထားတားတွေမလုပ်ပေးပါနဲ့နော်။ဘီးအစိတ်အစား ဘီးအကျဲလေးတွေပြောင်းသုံးပေးရင် ပိုကောင်းပါတယ်။နောက်ဆုံးတစ်ချက်က စိတ်ဖိစီးမှုကိုလျော့ချပေးပါ။ခန္ဓာကိုယ်အတွက်ရော၊စိတ်ကျန်းမာရေးအတွက်ရောမကောင်းတဲ့အပြင် ဆံပင်ကပါကျွတ်လိုက်သေးတယ်ဆိုရင် ပိုအဆင်မပြေပါဘူးနော်။စိတ်ဖိစီးမှု မရှိအောင်အတက်နိုင်ဆုံးပျော်ပျော်နေရင်းနဲ့ ဆံပင်ကျွတ်တာလေးတွေလည်းသက်သာပါစေနော်။

Photo Credit-Good Housekeeping

Kelly (Akhayar Lifestyle)