ဆံပင်တွေအဆီပြန်ပြီးစေးကပ်နေရင်ဘယ်လိုဖြေရှင်းမလဲ

ဆံပင်တွေအဆီပြန်ပြီးစေးကပ်နေရင်ဘယ်လိုဖြေရှင်းမလဲ

အပြင်ကလည်းသွားဖို့အမြန်လိုနေတယ်၊ဆံပင်တွေကလည်း အဆီတွေပြန်ပြီးတော့ စေးကပ်နေမယ်ဆိုရင်ကိုယ့်ရဲ့တစ်နေ့တာကိုတော့ ယုံကြည်မှုတွေလျော့ကျစေမှာအမှန်ပါနော်။လျှော်ဖို့ကျတော့ကလည်းအချိန်မရှိတော့ဘူးအဲ့လိုမျိုးဖြစ်နေရင်တော့ အလွယ်တကူနဲ့ဖြေရှင်းလို့ရပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းတွေကလည်းအလွယ်တကူရှိတာလေးတွေနဲ့လုပ်လို့ရတဲ့နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်နော်။
ပေါင်ဒါ
ပေါင်ဒါကတော့ မိန်းကလေးတိုင်းမှာရှိမယ်ထင်ပါတယ်။ပေါင်ဒါကိုခေါင်းပေါ်မှာနည်းနည်းလေးလောင်းချပြီး ပြန်ခါချလိုက်ရင်ကိုယ့်ရဲ့ဆံသားလေးကခြောက်ခြောက်လေးနဲ့ဖြစ်နေပါလိမ့်မယ်နော်။


ကော်ဖီမှုန့်
ကော်ဖီမှုန့်တော့ ဦးရေပြားရဲ့အဆီဓာတ်ကိုပါထိန်းချုပ်ပေးနိုင်သလို အနံ့ဆိုးတွေလည်းပျောက်ကွယ်စေနိုင်ပါတယ်နော်။ကော်ဖီမှုန့်ကိုလည်း ပေါင်ဒါမှုန့်လိုပဲအသုံးပြုပေးလို့ရပါတယ်။


Dry Shampoo
Dry Shampoo ကတော့အလွယ်ကူဆုံးဖြေရှင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။အလွယ်တကူနဲ့ဝယ်လို့လည်းရတယ်၊တကယ်လို့အပြင်သွားမယ်ဆိုရင်လည်း အလွယ်တကူဖြန်းလိုက်ရုံပေါ့။

Kelly -Akhayar Lifestyle

Photo Credit- Pinterest