ထွက်ရှိလာဖို့ နှောင့်နှေးသွားတဲ့ Halo Infinite

ထွက်ရှိလာဖို့ နှောင့်နှေးသွားတဲ့ Halo Infinite

Microsoft ဟာ လွန်ခဲ့တဲ့ ၉ နာရီခန့်က Halo Infinite နဲ့ပတ်သက်တဲ့ အရေးကြီးကြေညာချက်တစ်ခု ထုတ်ပြန်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ Halo Infinite ကို ၂၀၂၀ မှာ ထုတ်လုပ်မယ့်အစား ၂၀၂၁ မှာမှ ထွက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။

Xbox ရဲ့ အဓိက Exclusive ဂိမ်းတစ်ခုဖြစ်တဲ့ Halo Infinite ဟာ နောက်ထပ်အသစ်ထွက်ရှိလာမယ့် “Xbox Series X” Console အတွက် တစ်ပါတည်းထွက်ရှိလာတော့မှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် 343 Industries ကော၊ Microsoft ကော နောက်နှစ်ဘယ်အချိန်လောက်မှာ Halo Infinite ကို စ တင်ထုတ်လုပ်ပေးမလဲဆိုတာကို အတိအကျ အတည်ပြုပြောကြားထားတာမျိုး လည်းမရှိသေးပါဘူး။

Microsoft ရဲ့ကြေညာချက်အရတော့ Halo Infinite အတွက် ဂိမ်းကို Develop ပြုလုပ်ခဲ့တဲ့အခါမှာ စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ COVID Pandemic နဲ့ အခြားသောအခက်အခဲပေါင်းများစွာက ဂိမ်းကို သတ်မှတ်ထားတဲ့အချိန်မှာ ထွက်ရှိလာဖို့အတွက် ခက်ခဲသွားစေတယ်လို့ ပြောကြားထားပါတယ်။

Halo Infinite ကို Xbox Series X အတွက် Exclusive အနေနဲ့ Series X Event မှာ မိတ်ဆက်ပေးထားပြီး၊ 120 fps နဲ့ ချောမွေ့စွာဆော့ကစားနိုင်မယ်လို့လည်း 343 Industries ကကြေညာထားခဲ့ပါတယ်။

Xbox သမားတွေအဓိက စောင့်ဆိုင်းနေတဲ့ Halo ဂိမ်းဟာ အခုလိုမျိုးထွက်တာနောက်ကျသွားတဲ့အတွက် ဝေဖန်နေကြတာမျိုးတွေရှိနေပေမယ့် Reddit (r/Halo) မှာတော့ အခုလိုမျိုးနောက်ကျသွားတာက Error ကင်းတဲ့ဂိမ်းကို ရရှိနိုင်မှာမို့ နားလည်ပေးကြတဲ့ Comment တွေကိုလည်း တွေ့ရှိထားရပါတယ်။

Ref: IGN