Halo Infinite ကို Xbox One မှာ မတွေ့မြင်နိုင်ဘူးဆိုတဲ့ ကောလဟလတွေဟာ မဟုတ်မှန်ကြောင်း 343 မှပြောကြား

နာမည်ကြီး Xbox Exclusive တစ်ခုဖြစ်တဲ့ Halo Infinite ဟာ Xbox Series X Console နဲ့အတူထွက်လာဖို့မရှိဘဲ ၂၀၂၁ မှာမှ ထွက်ရှိလာမယ်လို့ သတင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့အတူ အင်တာနက်ပေါ်မှာ Halo Infinite ဟာ Xbox One မှာ မတွေ့မြင်နိုင်တော့ဘူးလို့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။
Hey Eric - we're seeing lots of fake "leaks" out there, so please don't believe everything you read. There are no plans to change our 2021 release or the devices and platforms we'll be supporting. We're building Halo Infinite to be the best it can be on each device/platform 👊
— John Junyszek (@Unyshek) August 25, 2020
ဒါပေမယ့် Halo Infinite ကို အဓိက Develop ပြုလုပ်နေတဲ့ 343 Industries ကတော့ ဒီကောလဟလတွေက မဟုတ်မှန်ကြောင်းကို Twitter မှာ အတည်ပြုပြောကြားပေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ 343 က Community Manager တစ်ယောက်ရဲ့ ပြောကြားချက်အရသိရှိထားရတာပါ။ သူ့ရဲ့ပြောကြားချက်အရ Halo Infinite ကို Platform တိုင်းမှာ အကောင်းဆုံးအရည်အသွေးနဲ့ ၂၀၂၁ မှာထွက်ရှိလာဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
ဒါကြောင့်မို့ Xbox One ကိုပိုင်ဆိုင်ထားတဲ့သူတွေလည်း Halo Infinite အသစ်ထွက်ရှိလာဖို့အတွက် စိတ်ပူပန်နေစရာမလိုတော့ပါဘူး။ Halo Infinite ကို PC, Xbox One နဲ့ Xbox Series X တို့မှာ ထွက်ရှိလာမှာဖြစ်ပြီး Cross-gen ကစားနိုင်မှာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။
Ref: Destructoid