Halo Infinite မှာ 4-Player Split-Screen Mode ပါဝင်လာမှာမဟုတ်

Halo Infinite မှာ 4-Player Split-Screen Mode ပါဝင်လာမှာမဟုတ်

Xbox Series X Event မှာပြသခဲ့တဲ့ Next-Gen Halo ဂိမ်းမှာတော့ အစောပိုင်းကာလက 4-Player အထိ Split-Screen Mode နဲ့ TV တစ်ခုတည်းမှာ ဆော့လို့ရမယ်လို့ ကောလဟလတွေထွက်ခဲ့ပေမယ့် 343 Industries ကတော့ 2-Player ထိပဲ Split-Screen Mode ရမှာဖြစ်ပြီး 4-Player ဆို Online မှာပဲဆော့ကစားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းကိုတော့ 343 Industries ရဲ့ Head of Design တာဝန်ယူထားတဲ့ Jerry Hook က Twitter ကနေတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ Halo: Infinite မှာ Split-Screen ပါဝင်လာဖို့က ထင်ထားတာထက်ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ Halo 5: Guardians မှာတုန်းက Split-Screen Mode ကိုဖြုတ်ချလိုက်ပြီး Xbox ရဲ့ဘောစိ Phil Spencer က “Split-Screen နဲ့ဆော့တာလူနည်းစုပဲရှိတော့တယ်” လို့ပြောကြားခဲ့ပါတယ်။

ဒီလိုဖြုတ်ချလိုက်တဲ့အတွက် Halo Fanbase ဟာအတော်လေးစိတ်ပျက်သွားခဲ့ရတဲ့အတွက် Microsoft အနေနဲ့ နောင်လာမယ့် Halo ဂိမ်းတွေမှာ Split-Screen ပြန်ပါလာမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။

တကယ်တော့ 2-Player လောက်ထိပဲ Split-Screen ကကောင်းတဲ့အတွက် ဒီလိုဆုံးဖြတ်ချက်ချထားတာဟာ မှားတယ်လို့တော့မမြင်မိပါဘူး။ First-person ဖြစ်တဲ့အတွက် Field of vision ကျယ်ကျယ်မြင်ရဖို့လည်း လိုအပ်ပါတယ်။ Halo: Infinite ကို Xbox Series X Event မှာပြသခဲ့ပြီးနောက် Halo ပရိသတ်တွေကတော့ Xbox Series X ပေါ်မှာဆော့ကစားဖို့ စောင့်ဆိုင်းနေကြပါတယ်။ Microsoft ကလည်း ဂိမ်းရဲ့ Graphics ဟာ ခုပြထားတာထက် ပိုပြီးကောင်းလာမယ်လို့ ပြောကြားထားပါသေးတယ်။