လွယ်ကူရိုးရှင်းပြီးအရမ်းအသုံးဝင်တဲ့ Diy Hand Sanitizer ပြုလုပ်နည်း

လွယ်ကူရိုးရှင်းပြီးအရမ်းအသုံးဝင်တဲ့ Diy  Hand  Sanitizer ပြုလုပ်နည်း

ရောဂါပိုးတွေအလွယ်တကူမကူးစက်အောင် အဓိကလက်ဆေးဖို့မမေ့ပါနဲ့။ အပြင်မှပြန်လာပြီးတိုင်း အင်္ကျီချက်ချင်းလျှော်ပေးတာတို့၊လဲပေးတာမျိုးတွေလုပ်ပေးတာကတော့အကောင်းဆုံးပါ။ဒီလိုအချိန်မျိုးမှာရောဂါပိုးတွေကကိုယ်မမြင်နိုင်တဲ့အရာမို့လို့တစ်ယောက်နဲ့တစ်ယောက်ထိတွေ့နေရတယ်ဆိုရင်အလွန်ကြောက်ဖို့ကောင်းတဲ့အခြေအနေတွေဖြစ်ပေါ်လာပါတယ်။တကယ်လို့ကိုယ်က မဖြစ်မနေထိတွေ့မိလိုက်တယ်ဆိုရင် အနည်းဆုံးHand Sanitizer တို့ Hand Spray တို့နဲ့မဖြစ်မနေကိုယ့်ရဲ့လက်ကိုပြန်သန့်စင်ပေးပါနော်။ဈေးကွက်ထဲမှာကလည်းပြတ်လတ်နေပြီးဈေးတွေကလည်းအရမ်းကြီးလာတော့ မိမိဘာသာပြုလုပ်လို့လည်းမခက်တဲ့အပြင်ငွေလည်းအများကြီးချွေတာရာရောက်တယ်ဆိုတော့ ဒီနည်းလမ်းလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ဒီတော့ အိမ်မှာအလွယ်တကူပြုလုပ်လို့လွယ်ကူပြီး ကုန်ကျစရိတ်လည်းအရမ်းမများတဲ့ Hand Sanitizer လုပ်နည်းလေးကိုဝေမျှပေးချင်ပါတယ်။

Photo Credit-Pinterest

ပါဝင်တဲ့ပစ္စည်းလေးတွေက
-Isopropyl  (အရက်ပြန် ၃၅၀ဂရမ်)မိမိကြိုက်နှစ်သက်ရာတံဆိပ်အသုံးပြုပေးလို့ရပါတယ်။
-Aloe Vera Gel  (ရှားစောင်းလက်ပတ် ၁၅၀ဂရမ်)အဲ့ဒါကလည်းကိုယ့်ကြိုက်တဲ့ တံဆိပ်အမျိုးအစားသုံးလို့ရပါတယ်။
-Essential Oil  ကလည်းမိမိကြိုက်နှစ်သက်တဲ့အနံလေးထည့်ပေးလို့ရပါတယ်။

Photo Credit-Fustany

ပထမဆုံးဖန်ခွက်အကြီးတစ်လုံးကို Wet Tissue နဲ့အရင်သန့်စင်ပေးလိုက်ပါ။နောက်ပြီးမှ အရက်ပြန် (၃၅၀ဂရမ်)ကိုအဲ့ခွက်ထဲထည့်လို့ရပါပြီ။ပြီးတာနဲ့ Aloe Vera Gel (၁၅၀ ဂရမ်) ကိုလည်းအရက်ပြန်ထည့်ထားတဲ့ခွက်ထဲထည့်ပေးပါ။နှစ်ခုစလုံးကို သမအောင် ၁၀မိနစ်ခန့်လောက်မွှေပေးပါ။အရက်ပြန်နဲ့ Gel ရောထားတာ တသားတည်းဖြစ်ပြီဆိုရင် Essential Oil ကို ၁၀စက်လောက်ထည့်လိုက်ပါနော်။အားလုံးထည့်ပြီးသွားရင်တော့ တသားတည်းဖြစ်အောင်ပြန်မွှေပေးရပါမယ်။မွှေပြီးရင်တော့ ကိုယ်လိုချင်တဲ့ Hand Sanitizer လေးရပါပြီ။ကိုယ်အလွယ်တကူထည့်လို့ရတဲ့ဘူးသေးသေးလေးတွေထဲထည့်ပြီးသုံးပေးရုံပေါ့။ အားလုံးလည်းအခုပြောပြတဲ့နည်းလမ်းလေးနဲ့လွယ်ကူပြီးလုပ်ရတာလည်းရိုးရှင်းတဲ့နည်းလေးတွေသိသွားပြီဆိုတော့အခုပဲလုပ်ကြည့်နော်။

Photo Credit-30 Seconds

Kelly (Akhayar Lifestyle)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle