ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတစ်ခြားသူဆီမှာမရှာပါနဲ့
ဘဝရဲ့အချိန်တော်တော်များများမှာ ကိုယ့်ကိုကိုယ်ပျော်အောင်နေတယ်ဆိုပြီထင်ကြပေမယ့် တကယ်တော့အရေးမပါတာတွေလုပ်ရင်းနဲ့ပျော်နေတယ်လို့ထင်ကြတယ်။သူတစ်ပါးအတွက်နဲ့ကိုယ့်ရဲ့အချိန်တွေပေးနေရတာများပါပြီ။လူတွေကအဲ့ဒါကိုဆင်ခြင်တစ်ခုအနေနဲ့ပေးကြတယ်။သူ့အပေါ်ချစ်လို့ကိုယ့်ရဲ့အချိန်တွေပေးနေကြတယ်လို့ယူဆကြတယ်။တကယ်တော့လောကကြီးမှာ ကိုယ့်ကိုကိုယ်သာအချစ်ဆုံးပါ။ငယ်စဉ်ကလေးဘဝကတည်းကအခုချိန်ထိ ကိုယ့်ဟာကိုယ်လုပ်ချင်တာလုပ်ပြီး အရမ်းပျော်နေတဲ့လူဆိုတာအရမ်းရှားပါတယ်။
Photo Credit-Deutschland
ကလေးဘဝကတည်းကလည်း မိဘရဲ့အဆုံးအမတွေနဲ့နေလာခဲ့ရတယ်။လူကြီးဖြစ်တော့လည်း ကိုယ့်အသိုင်းအဝိုင်းတွေရဲ့ပြောစကား၊ပတ်ဝန်းကျင်က ကိုယ့်အပေါ်မြင်တဲ့အမြင်တွေကို ဆင်ခြင်ရတာမျိုး၊မွေးကတည်းက ကိုယ့်ဘဝကြီးကတစ်ပါးသူတွေအတွက်ဖြစ်တည်လာတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ခံစားရတယ်။ကိုယ့်ဘေးနားကလူတွေ ကိုယ့်ကြောင့်စိတ်ပျော်ရွှင်အောင်ကြိုးစားရင်း မပျော်ရွှင်ဖြစ်လာသူဟာကိုယ်ကိုယ်တိုင်ပဲ့ဖြစ်နေတယ်။ကိုယ့်အတွက်ကိုယ်တွေးပေးပါ။
Photo Credit-Cassandra Washington
သူတစ်ပါးကိုကြင်နာပေးသလို ကိုယ့်ကိုကိုယ်ချစ်ဖို့ကြင်နာပေးဖို့မမေ့ပါနဲ့။တစ်ခုခုလုပ်တော့မယ် လုပ်ခါနီးတိုင်း ကိုယ့်နဲ့လုပ်နိုင်တဲ့အလုပ်ရောဟုတ်ရဲ့လားဆိုတာဆိုတာကိုယ့်ဟာကိုယ်ပြန်ဆန်းစစ်ဖို့လိုအပ်ပါတယ်။သူများအတွက်နဲ့ အသက်မရှင်ပါနဲ့။မကောင်းမြင်တတ်တဲ့ ပတ်ဝန်းကျင်ကအပြောတွေကိုနားမထောင်ပါနဲ့ ကိုယ့်ဘဝကိုယ်တိုက်ခိုက်ရင်ဆိုင်ရမှာပါ။ကိုယ့်ရဲ့အိပ်မက်နောက်ကိုလိုက်ပါ အိပ်မက်တွေကဘယ်လောက်ပဲ့ခက်ခဲခက်ခဲလက်မလျော့လိုက်ကြပါနဲ့။အားလုံးလည်းဒီနည်းလမ်းလေးတွေနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်ကိုရှာဖွေနိုင်ကြပါစေနော်။
Kelly (Akhayar Lifestyle)