ဘဝမှာအခက်အခဲဆုံးအချိန်တွေဘယ်လိုကျော်ဖြတ်မလဲ
တစ်ခါတစ်ရံလူတွေရဲ့ဘဝမှာ ဘာမှန်းမသိတဲ့အကြောင်းအရာတွေများစွာနဲ့ ရှပ်ထွေးပြည့်နှက်နေလေ့ရှိပါတယ်။စိတ်ရော၊လူရောအပင်ပန်းရဆုံးဆိုတဲ့အချိန်တွေလည်း ကြုံဆုံကြရမှာပါ။ဒီလိုအချိန်တွေက ချစ်သူကစွန့်ပစ်တာခံရလိုက်ရတာ၊ကိုယ်ချစ်ရတဲ့သူကကွယ်လွန်သွားတာ၊စာမေးပွဲကျတာ၊အလုပ်ထုပ်ပစ်ခံလိုက်ရပြီးစိတ်ဓာတ်ကျသွားတာမျိုး၊ သေလောက်တဲ့ရောဂါကြီးခံစားရလို့ ငါသေရတော့မယ်ဆိုတဲ့ အသိဝင်လာတာမျိုး၊စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးတွေကြောင့် ငါဘဝမှာအရမ်းခက်ခဲနေတဲ့အချိန်ဆိုပြီးလူတွေကခံယူတတ်ကြပါတယ်။
Photo Credit- Guidepost
ဒီလိုမျိုးကြုံရတိုင်း လူတွေကကံကြမ္မာကိုယ် အပြစ်တွေပုံချတတ်ကြပါတယ်။ရေလိုက်မျောလိုက်လည်းနေတတ်ကြပါတယ်။အဲ့လိုလူတွေဟာပြန်မထနိုင်တော့ပါဘူး။လွယ်လွယ်နဲ့လည်းအရှုံးပေးတတ်ကြပါတယ်။တော်တော်နဲ့နလန်မထူနိုင်တော့ပါ။အဲ့လိုအခက်အခဲဆုံးအခြေအနေလို့ခံယူလိုက်ပြီး၊ကိုယ့်ကလည်းရောက်နေပြီဆိုရင် ကံကြမ္မာကငါ့ကိုစိန်ခေါ်တယ်လိုက်တာဆိုပြီး ချက်ချင်းကုန်းရုန်းထပြီးကိုယ်လုပ်စရာရှိတဲ့ လုပ်သင့်တဲ့အလုပ်တွေကို အကောင်းဆုံးပြန်လုပ်ပါ။
Photo Credit-Unplash
လောကကြီးကိုအရှုံးမပေးပါနဲ့။တစ်ချို့ကလည်းအလုပ်ကထုပ်ပစ်ခံရတာမျိုး၊ကိုယ်ကအမှားတစ်ခုကိုလုပ်မိလိုက်လို့ ကုမ္ပဏီကနဲ့ပြဿနာတွေရင်ဆိုင်နေရတဲ့အချိန်မျိုးတွေဆို၊ အားပေးရမှာကကိုယ့်ကိုကိုယ်ပါ။ဘာဖြစ်ဖြစ်အကောင်းဘက်ကိုပဲတွေးပါ။အဆင်မပြေတော့ရင်အသစ်ကနေပြန်စဖို့ဝန်မလေးပါနဲ့၊မချင့်မရဲမဖြစ်မပါစေနဲ့။ဘာလို့လဲဆိုရင် တစ်ခါတစ်ရံမှာ ကိုယ်ကဘဝအတွက်အဲ့ဒီအသစ်ကစတာပိုကောင်းနေတတ်လို့ပါ။
Photo Credit-Unplash
ဘယ်တော့မဆိုငါသေသွားရင်ကောင်းမှာပဲလို့မစဉ်းစားပါနဲ့။သေတိုင်လဲမပြီးသလို သေသွားတိုင်းလည်းမကောင်းလို့ပါ။ရှင်သန်းခြင်းကိုတန်ဖိုးထားပါ၊သေလောက်တဲ့ရောဂါမျိုးခံစားနေရရင်တောင် အသက်တစ်စက္ကန့်လေးရှင်သန်နေရတာကိုက တန်ဖိုးရှိနေပါသေးတယ်။မည်သူမျှ တစ်သက်လုံး ကြာရှည် ဆွေးမြေ့မနေနိုင်၊ဝမ်းနည်းမနေနိုင်အဲ့လိုအထိနာလာတာနဲ့ သူဟာသူကုန်းရုန်းပြီးထလာပါလိမ့်မယ်။အနှေးနဲ့အမြန်သာကွာပါတယ်။စိတ်ညစ်မခံပါနဲ့၊တကယ်လို့ကိုယ်ကအခက်အခဲဆုံးအချိန်ကြုံနေရရင်တော့အကောင်းဘက်ကပဲတွေးပေးပြီး ကိုယ်ဘဝအတွက်သင်ခန်းစာပေးတယ်လို့မှတ်ယူလိုက်ပါနော်။
Photo Credit-Unsplah
Kelly(Akhayar Lifestyle)